Blogger မိုးသောက်ယံ ဆိုတာ ...

ဒီ ပို့စ်လေးကို ဖတ်ရင်း ဖတ်ရင်းက ရေးချင်တာနဲ့ ရေးလိုက် မိပါတယ်။ ဘယ်သူတဂ်လဲ မေးရင်တော့ ကိုရန်အောင်ကြီး တဂ်တယ် လို့သာ ပြောပါတဲ့ :D။

ကိုယ့်ရဲ့ နာမည်

မိုးသောက်ယံ တဲ့ ဘယ်သူကမှ မပေးပေမဲ့ ကိုယ့်ဟာကို ကြိုက်လို့ ပေးလိုက်မိတဲ့ နာမည် လှလှလေး တခုပါ။ (ကိုယ့်ဟာကိုယ် ပေးတာပဲနော် လှတာပေါ့ :P )

ကိုယ့်ကို ဒီလိုခေါ်တယ်

အမေကတော့ သားကြီးတဲ့၊ ညီလေး ၂ ယောက်က ကိုကြီးတဲ့၊ သူငယ်ချင်းတွေကတော့ နာမည်ပြောင်တွေ ခေါ်တာ များပါတယ်။ သင်းတို့က စိတ်ကောင်းဝင်နေချိန်ဆို ယောက်ဖ (သူတို့ပေးရမှာနော် ကျနော့်မှာ ညီချည့်ပဲ သိတာ သူတို့ သိတယ် :P )၊ ချော့ကလက် (မင်း အသားရည်က မည်းတာလဲ မဟုတ်ဘူးတဲ့ ညိုကို ညိုတာပါတဲ့ တခုခု ကျွေးခါနီးတိုင်း အဲ့လိုကို ပြောတာ)၊ တခါတလေ ပွတ်တီး လို့ခေါ်သေးတယ် (အဲ့နာမည်က လေးတန်း လောက်တည်းက သယ်ရင်း တကောင်က စပ်ဆော့ပီး ပေးထားတာ ဘာရည်ရွယ်မှန်း မသိဘူး)၊ သင်းတို့ ဒေါသ ထွက်တဲ့ အခါမှာတော့ ငမဲ တဲ့ တလုံးတည်းကို ပိတ်ခေါ်တာ .. ကောင်းရော ။

ကိုယ်ဒီမှာနေတယ်

လောလောဆယ် ထိတော့ ရပ်တည်မှု ဆိုတာ မည်မည်ရရ မရှိသေးပါဘူး။ ကျယ်ပြောလှတဲ့ ကမ္ဘာကြီးပေါ်မှာ သေးငယ်တဲ့ နေရာထိုင်းခင်းတခု အတွက် ရုန်းကန် နေရဆဲ ပါပဲ။

ကိုယ့်ဆီဖုန်းဆက်ချင်ရင်

လူကြီးမင်း ခေါ်ဆိုနေသော တယ်လီဖုန်းမှာ ဆက်သွယ်မှုဧရိယာ ပြင်ပ ရောက်ရှိနေပါသဖြင့် ခေါ်ဆိုရွေ့ မရနိုင်ပါ ခင်ဗျာ။ :D

အရောင်ဆိုရင်

အရောင် ခပ်နုနုတွေ ကြိုက်တယ်။ ကျနော့် အ၀တ်အစားတွေဟာ ကာလာစုံများတယ်။ တခါတလေတော့လည်း အဖြူ နဲ့ အမဲကို မုန်းလောက်အောင်ကို ၀တ်တယ်။ အကြိုက်ဆုံးက အစိမ်းရောင်ပါ မိုးရွာပီးစ လန်းနေတဲ့ သစ်ရွက်စိမ်းစိမ်း လေးတွေရဲ့ အရောင်မျိုးပါ စိတ်ကြည်လင်မှုကို ပေးနိုင်လို့ ကြိုက်မိတာပါ။

အ၀တ်အစားဆိုရင်

တီရှပ်နဲ့ ဂျင်းဘောင်းဘီသာ အ၀တ်များပါတယ်။ ကြယ်သီးတွေ တပ်ရတဲ့ ရှပ်အင်္ကျီ တို့ ဘောင်းဘီ ကြယ်သီး တပ်ရ တဲ့ 501 လို ဘောင်းဘီမျိုး ကျနော်မ၀တ်ပါဘူး။ ပုဆိုးကို ဘုရားကျောင်းကန် တက်တဲ့ အချိန်နဲ့ ကျောင်းတက်ရတဲ့ အချိန်တုန်းကသာ ၀တ်ခဲ့ပါတယ်။ ပုဆိုး ၀တ်လိုက်တိုင်း စိတ်ထဲ မညီဘူးရယ်လို့ ခံစားမိလို့ပါ။ ပုဆိုးလဲ မမြဲဘူးဗျ။ :D ကျနော်အကြိုက်ဆုံး brand တွေက Valentino, Crocodile, Hush Puppies အစရှိတဲ့ တံဆိပ်တွေပါ (ပြောရတာ အရသာကို ရှိနေတာပဲ) :D။

ကိုယ့်ကိုယ်ကို ဘာစတိုင် ၀တ်တယ်ရယ်လို့ မသုံးသပ်ဖူးတာ အမှန်ပါ။ Rapper တွေလို ပွပွကြီး မ၀တ်ပေမဲ့ များသော အားဖြင့် ပွပွ ရှိတာကို ၀တ်ဖြစ်ပါတယ်။ အရမ်း Fit ဖြစ်တာမျိုးမကြိုက်ပါ။ တခါတလေတော့လည်း အောက်က ဘောင်းဘီ အပွနဲ့ တီရှပ် Fit ဖြစ်တဲ့ဟာမျိုးကို ၀တ်ဖြစ်ပြန်ရော။

အစားအသောက်ဆိုရင်

စားကောင်းတာ မှန်သမျှ အကုန်စားပါတယ်။ တော်တော်များများ ကြိုက်ပါတယ် သိပ် ဂျေးမများတတ်ပါဘူး။ ထမင်းဟင်း ဆိုလည်း သူ့ဟာနဲ့ အစပ်အဟပ် တည့်ရင် မြိန်ရင် စားတာပါပဲ။ အသုပ်စုံ၊ ကောက်ညှင်းပေါင်း အရမ်းကြိုက်တယ် နောက် ရှမ်းစာ တော်တော်များများ ကျနော် ကြိုက်ပါတယ်။ ကျနော် မကြိုက်တာဆိုလို့ ရွှေဖရုံသီး နဲ့ ကြက်မောက်သီးပါ ငယ်ငယ်တည်းက ခုချိန်ထိ အဲဒါတွေကိုမြင်ရင် ပျို့သလိုလို ဘာလိုလိုဖြစ်လို့ တသက်နဲ့ တကိုယ် ခုချိန်ထိ မစားဖူးသေးပါဘူး။

ပစ္စည်းဆိုရင်

ကျနော်က ပစ္စည်း ဆန်းဆန်း တော်တော်ကို ကြိုက်တတ်ပါတယ်။

သီချင်းဆိုရင်

သီချင်းလား ဘာလာလာ ဒေါင်းတယ်ခင်ဗျာ။ သိပ်ပြီးမဆူညံဘူး ခံစားလို့ရတယ် အဓိပ္ပါယ် ရှိတယ်ဆို အကုန် နားထောင်ပါတယ် Classic ကအစ နောက်ဆုံး Rap, Hiphop ထိ နားထောင်ပါတယ်။ မြန်မာသီချင်းကြီး ထဲက ကြိုက်မိတာက နတ်သျှင်နောင် ဆိုတာနဲ့ ဆောင်းအမှီ ဆိုတဲ့ သီချင်းတွေပါ မူရင်းအဆိုတော်တွေကိုတော့ မမှတ်မိတော့ပါဘူး။ တခြား တော်တော်များများလည်း နားထောင်ဖူးပါတယ်။ ငယ်ငယ်က အမေက အမြဲ ရေဒီယို ဖွင့်နားထောင်တော့ နားထဲယဉ်နေတာပါ။

စာရေးဆရာ

ချစ်ဦးညို၊ မြသန်းတင့်၊ ရွှေဥဒေါင်း၊ ဒဂုန်ရွှေမျှား၊ တာရာမင်းဝေ၊ မင်းခိုက်စိုးစံ၊ နီကိုရဲ၊ အကြည်တော်၊ မောင်မိုးသူ တော်တော်များများ ကို ကြိုက်ပါတယ်။

Life Style

သိတတ်တဲ့ အရွယ်မှာ ဘ၀ဆိုတာ နေစရာ နေရာတခု၊ စားစရာ စတာတွေ အတွက် တိုက်ပွဲ ၀င်နေရတဲ့ အရာ တခုလို့ပဲ မြင်တော့တယ်။ အေးအေးချမ်းချမ်း နေရတဲ့ ဘ၀မျိုး လိုချင်တာပေါ့ဗျာ မဟုတ်ဘူးလား။

ဝါသနာ

ရေကူး၊ တင်းနစ်စ်၊ ဘောလုံးကန်၊ စာဖတ်၊ ခရီးသွား စတာတွေပါ။ ခရီးသွားတာ ဘယ်လောက်များ ၀ါသနာပါလဲဆို အိမ်က တော်ရုံဆို ခရီးပေးမထွက်ပါဘူး။ အဲ အမေက သူစိတ်ဆိုးရင် အိမ်ပေါ်က ဆင်းသွားလို့ ပြောတတ်ပါတယ်။ အဲ့စကားကို ထိထိမိမိ အသုံးချတတ်တာ ပထမနှစ်မှာပါ အဲ့တခေါက်က အမေက အဲလို ဆင်းလို့လည်းပြောရော ထည့်ထားတဲ့ အထုပ်နဲ့ ခပ်တည်တည် ဆင်းသွားတာပါ။ မေမေကတော့ နောက်လမ်းက ဘကြီး အိမ်မှာ သွားနေတယ်ပဲ ထင်တာပေါ့။ အရင်ကလည်း ဒီလိုပဲကိုး ကျနော်က လစ်သွားတာခင်ဗျ လစ်သွားတာ:D။ သူငယ်ချင်း တယောက်ကို အဖော်စပ်ပီး ကျိုက်ထီးရိုး ဘုရားရောက်သွား ခဲ့ပါတယ်။ ပြန်လာတော့ အဆူခံပေါ့။ ဒါမျိုး ၂ ခါ ၃ခါ လောက် လုပ်ပြီးတဲ့ အခါမှာ မေမေ ကျနော့်ကို ဘယ်မှ ဆင်းမသွားခိုင်းတော့ပါဘူး :P ။

အလိုချင်ဆုံး လက်ဆောင်

အင်း .. ခုချိန်မှာ ဒီမေးခွန်းကို မေးရင်တော့ .. ကျနော် ချစ်နေတဲ့ ကောင်မလေး ကျနော့်ကို အမြန်ဆုံး နားလည်နိုင် ပါစေဆိုတဲ့ လက်ဆောင်ပဲ။ သူက ကျနော့်ကို နားလည်တာ သိပ်နည်းနေတယ်ဗျ။

ကိုယ့်ရဲ့ အချစ်ဆုံးသူက

၅၂၈ မှာ ဖေဖေ မေမေ ပေါ့။ ၁၅၀၀ မှာတော့ ….. ။

ကိုယ့်ရဲ့ အမုန်းဆုံးသူက

မရှိသေးပါဘူး လူတယောက်ကို ကြာရှည် စိတ်မဆိုးတတ်တဲ့ ကျနော့ အတွက် မုန်းရမဲ့ သူဆိုတာ မရှိသေးပါဘူး။

ကိုယ့်ရဲ့အလေးစားဆုံးသူ

ဖေဖေပါ ဖေဖေဟာ သူ့ဘ၀မှာ သူဖြစ်ချင်တာတွေ တော်တော်များများကို အဆုံးရှုံးခံပြီး သူချစ်တဲ့ သူတွေအတွက် ဆန္ဒ ဖြည့်ဆည်းပေးခဲ့ပါတယ်။ ကျနော်ကိုယ်တိုင်လည်း ဖေဖေ့လိုဖြစ်အောင် ကြိုးစားချင်ပါတယ်။ မလွယ်လှပါဘူး။

ကိုယ့်ရဲ့ အခင်ဆုံး သူငယ်ချင်း

အားလုံးပါပဲ။

ကိုယ့်ကို အများဆုံး နားလည်ပေးတဲ့သူက

မရှိဘူးထင်တယ် ၀မ်းနည်းရဆုံး ကိစ္စ တခုပါ။ ကျနော်လူတော်တော်များများကို နားလည်ပေမဲ့ လူ တော်တော် များများ က ကျနော့ကို နားမလည် ကြပါဘူး။

ရင်အခုန်ဆုံး အချိန်

မိန်းခလေးတယောက်ကို ချစ်မိနေပြီလို့ သိလိုက်ရတဲ့ အချိန်။ ကိုယ့်လူတို့လည်း ကြုံဖူးမှာပါ တော်တော် Romantic ဆန်တယ်ဗျာ။

အကြောက်ဆုံးအချိန်

လူတယောက်ယောက်နဲ့ ပြိုင်နေရတဲ့အချိန်။ ကျနော် ရှုံးမှာကို တော်တော် ကြောက်ပါတယ်။ အသေးအဖွဲက စလို့ပေါ့။ အဲလို ရှုံးမှာ ကြောက်တတ်တဲ့အတွက်ကြောင့် နေရာတော်တော်များများ မှာ ကျနော် ရှုံးနိမ့် ခဲ့ရပါတယ်။

အမှတ်တရနေ့

အောက်တိုဘာ ၅ ရက်၊ ၂၀၀၀ ခုနှစ်။

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်

မပူမပင် မကြောင့်မကျ နေနိုင်တဲ့ ဘ၀လေးတခု ကို တောင့်တမိတယ်။ နောက် သူမနဲ့ ကျနော့် အကြား ကျနော်က ချစ်နေပါတယ်လို့ ဖွင့်မပြောပဲ တယောက်နဲ့ တယောက် အပြန်အလှန် နားလည်နိုင်ဖို့။

2 Comments:

  1. WWKM said...
    Tag post လေးကို ဖတ်သွားပါတယ် မောင်လေး။
    စာရေးကောင်းတယ်နော်။ အဆင်ပြေပါစေ။
    မိုးသောက်ယံ said...
    ကျေးဇူးတင်ပါတယ် မ၀ါ .. ကျနော်လည်း ကြိုးစားဆဲပါ :P

Post a Comment



Newer Post Older Post Home

Blogger Template by Blogcrowds.