Showing posts with label ရေးထားတာလေးတွေ. Show all posts
Showing posts with label ရေးထားတာလေးတွေ. Show all posts

ဆီဈေးတွေကြီးလာရင်

ဒီရက်ပိုင်း အမေ့ကို ဖုန်းဆက်တော့မှ ကိုယ်ဘယ်လောက် ကုန်ဈေးနှုန်းတွေနဲ့ လွတ်နေလဲ သိတော့တယ် အမေကတော့ မညည်းရှာပါဘူး ပိုက်ဆံပို့ရမလား အမေဆိုလည်း လောက်တယ် သားကြီး သားဘာသာ သုံးနဲ့ တကယ့်အမေပါပဲ။ ဈေးနှုန်းတွေ ဘယ်လောက် ဖြစ်ကုန်ပလဲ အမေ ပြောပါဦးဆိုတော့မှ သားရေ ဆီက တပိသာ ၄၅၀၀ ကြက်ဥ တလုံး ၁၃၀ ကန်ဇွန်းရွက် တစည်း ၆၀ မုန့်ဟင်းခါးတပွဲ ၃၅၀ ၄၀၀ ဆိုတော့မှ ဘုရားရေ လို့ တမိတော့တာပါပဲ။ ရန်ကုန်က လူတွေ ဘယ်လို ရှင်သန်ကြမလဲ လို့ တွေးမိတာတော့ အမှန်ပါပဲ။ အဲဒီနေ့ညမှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဆီဈေးတက်တာတွေကို သရော်ထားတဲ့ ပုံလေးတွေ တိုက်တိုက်ဆိုင်ဆိုင် ရတော့ ကြည့်မိရင်း တကယ့်ကို သဘောကျတာနဲ့ တင်ပေးလိုက်တာပါ။ ။



နောင်တချိန် ဆီဈေးမတတ်နိုင်တော့တဲ့အခါ ခုလို တောင်ပံလေး တပ်မယ်လေ



ဆီအစား သက်ရှိတွေ အစားသုံးမယ် ဆိုရင်ကော



ဒါမှ မဟုတ် ဒီလို ဘတ်ထရီနဲ့ဆို မဆိုးဘူးထင်တယ်



နောက်ဆုံးတော့ ကိုယ့်အားကိုယ်ကိုးတာပဲ ကောင်းပါတယ်


မိုးသောက်ယံ

အချစ်အကြောင်း

ဒီတခါအကြောင်းအရာလေးကတော့ အချစ်အကြောင်းပါတဲ့ အားလုံးကို တောင်းပန်ပါတယ် အလုပ်နဲ့ မအားလို့ Tag ထားတာကို ခုမှပဲ တင်နိုင်တယ်။

အချစ်အကြောင်းဆိုတော့ ကျနော် ကိုယ်တိုင်လဲ သိပ်မသိတာ အမှန်ပဲဗျာ။ လူတွေက အချစ်ကို အမျိုးမျိုး အဓိပ္ပါယ်ဖွင့်ဆိုကြတယ် အချစ်ကြောင့် ပျော်ရွှင်မှုကို ခံစားဖူးတဲ့သူတွေ ရှိသလို နာကျင်လွမ်းဆွေးမှု ဒဏ်ကို ခံစားဖူးတဲ့ သူတွေလဲ ရှိမှာပါ။ ဒါပေမဲ့ ကျနော်တို့ အားလုံးဟာ တချိန်ချိန်မှာ အချစ်နဲ့ ကြုံတွေ့ကြရမှာပါပဲ ဒါဟာ မလွဲနိုင်တဲ့ အမှန်တရားတခုပါ ကျနော်တို့ လူမမည်ဘ၀ကနေပီးတော့ မှီးကောင်ပေါက် ဖြစ်လာပီ ဆိုရင်ပဲ ဟိုကောင်မလေးလှတာတွေ့ရင် ဒီကောင်မလေးလှတာတွေ့ရင် ရင်ခုန်ချင်သလိုလို ဘာလိုလိုဖြစ် တတ်စမြဲပဲမဟုတ်လား ကောင်မလေးကပြန်ကြည့်မယ် စိတ်ဝင်စားတဲ့ အမူအရာလေး လုပ်ပြပီဆိုလည်း ရင်ထဲ ကုလားဘုရားပွဲလှည့်သလို အူးမြူးကြတာပဲလေ အဲ အဲဒီလိုအစဉ်ပြေပီဆိုရင် တဆင့်တက်ကြမယ် သမီးရည်းစားတွေ ဖြစ်မယ်ပေါ့ဗျာ အဲဒီအချိန်မှာ အချစ်ရဲ့ ပျော်ရွှင်မှုကို ခံစားကြမယ်။ အဲဒီအချိန်မှာတော့ အရာရာအားလုံးက လှပနေတာပေါ့။ အဲတချိန်မှာ အခန့်မသင့်လို ကွဲကြ ပြဲကြပီ တယောက်မျက်နှာတယောက် မကြည့်ချင်အောင် ဖြစ်ကြပီဆိုတဲ့ အချိန်မှာတော့ လောကကြီးက မလှပတော့ဘူးပေါ့ဗျာ။ ဒါကဆယ်ကျော် သက် မှီးကောင်ပေါက်တွေရဲ့ ခံစားမှုပါ။ ကျနော့် အမြင်တော့ အချစ်ဆိုတာ ကြီးတာ ငယ်တာနဲ့ သိပ်မဆိုင် လှပါဘူး။ အချစ်ကအရာရာကို ဖန်ဆင်းနိုင်တယ် အချစ်ကြောင့် နုပျိုလာရတယ် ဆိုတာ ကျနော်တို့ဝန်းကျင် မှာ ကြားနေကျ အသံတွေပါ ဟုတ်တယ်ဟုတ်။ ဒါပေမဲ့ ဒီနေရာမှာ ပြောစရာ တခုတော့ရှိတယ်ဗျ။ အချစ်ကို စားသုံးပုံခြင်းကျတော့ မတူတော့ပါဘူး။ တချို့က အချစ်ကို ရယူပိုင်ဆိုလိုမှုနဲ့ ချစ်ကြတယ်။ တချို့ ကြတော့ လည်း ပေးဆပ်မှုတဲ့။ ရယူ ပိုင်ဆိုင်မှုနဲ့ ချစ်တဲ့ အချစ်ကတော့ မအေးချမ်းလှဘူး ထင်တယ် အတ္တတော့ အနည်းငယ် ပါနေမှာ အသေအချာပါပဲ။ ဒါပေမဲ့ ကိုယ့်ချစ်တဲ့သူကို ရယူပိုင်ဆိုင်ချင်တာလဲ သဘာဝကျပါတယ်။ ပေးဆပ်ခြင်းနဲ့ ချစ်ရတာတော့ အအေးချမ်းဆုံးပါပဲ ကိုယ်ချစ်တဲ့သူ ကို ပျော်ရွှင်အောင် ထားမယ်။ သူလိုအပ် တာလေးတွေ ဖြည့်ဆည်းပေးမယ်။ ပြသနာတစုံတရာပေါ်ရင် ကိုယ်က ရှေ့ကနေ မားမားမတ်မတ် ရပ်ပီး ရင်ဆိုင်ဖြေရှင်းပေးမယ် အင်း သူမလိုအပ်တဲ့ အချိန်ကြတော့ အသာလေးရှောင်ပုန်းနေရုံပေါ့။ အို အများကြီးပါပဲ ပေးဆပ်မှုတွေက အဲဒါတွေကိုမှ ကိုယ်ချစ်တဲ့ ချစ်သူက နားလည်ပေးပီ သူ့ရဲ့ အချစ်ကို ပြန်လည် ပေးဆပ် လာမယ်ဆိုရင် ကဲ အဲဒီ ချစ်ခြင်းလေးဟာ ဘယ်တော့မှာ မပြိုကွဲ နိုင်တဲ့(ကျနော်ထင်တာနော်) ချစ်ခြင်းလေး တခု ဖြစ်မလာ နိုင်ဘူးလား။ ဘယ်လောက်ငြိမ်းချမ်းလိုက်မလဲ။

အင်း ဒီလောက်ပါပဲဗျာ သိပ်မရေးတတ်လို့ပါ။ ဆက် Tag ချင်တာကတော့ ညီမလေး ရတနာစိုး နဲ့ အမ မိုးချစ်သူ ပါ။



ကြောက်စရာ သတ္တ၀ါများ

အလွမ်းအိမ် က ကျနော့်ကို Tag ပြန်ပီတဲ့ အကြောင်းအရာလေးက ကြောက်စရာ သတ္တ၀ါများ နဲ့လေ ...

ကြောက်စရာ သတ္တ၀ါဆိုကတည်းက ကျနော် ပြေးမြင်မိတာက အကောင်သေးသေး အမွေးလဲရှိမယ် မြင်လိုက်တာနဲ့ မသတီစရာ အကောင်တွေကို ပြေးမြင်မိပါတယ် အလွန့်အလွန် ကြောက်တဲ့ အကောင်တွေကတော့ ကြွက် (သင်းကတော့ ထိပ်ဆုံးခင်ဗျ) ပိုးဟပ် ဒီအတိုင်း နေလို့ ကတော့ သိပ်မကြောက် ပါဘူး အဲ သူများ ထပျံပီလားဆို အသေကြောက်တယ်ဗျ နောက် လင်းနို့ မိတ်ဆွေတို့လဲ ကြုံဖူးမှာပါ တခါတခါ လမ်းမှားပီးအိမ်ထဲ ပျံဝင်လာတတ်တယ်လေ ပီးရင် ပြန်ထွက်တဲ့ အပေါက်ကိုမမြင်ကြဘူး သင်းတို့ကအခန်းထဲ ၀ဲ နေရော အဲ့အခါ များဆို ကျနော် အတွက် နေစရာမရှိ ဖြစ်နေ တတ်တယ် အဲလိုအချိန် မျိုးဆို နီးရာ အခန်းတခန်းကို ပြေးဝင်ကာ ပုန်းနေတတ်တာပဲ။ ဖေဖေ မေမေ နဲ့ ညီနှစ်ကောင်အတွက် ဟာသကို ဖြစ်လို့ပေါ့ နောက်ဆုံး ဖေဖေက ကယ်မှသာ လွတ်မြောက်ရ တတ်တာ။ နောက်တကောင်က ပန်းတွေမှာ ပါတတ်တဲ့ ခူယားလေ သိတယ်ဟုတ်… ဖြစ်ပုံက ဒီလို ၇ တန်းကျောင်းသား လောက်တုန်းက ညီလတ်ရယ် ကျနော်ရယ် အမေဆီက မုန့်ဖိုး လိုချင်တော့ အမေ ဘုရားပန်းလဲရာမှာ ကူသလိုနဲ့ နှောင့်ယှက်တုန်းကပေါ့ ပန်းအရွက်လေးတွေ ၀ိုင်းသင်ပေးရင်း ဖတ်ကနဲဆို ကျနော့လက်ပေါ် ခူးယားတကောင်က ကျလာတယ် ကျနော်က ချက်ချင်း မသိပါဘူး တဖြည်းဖြည်း ယားလာမှ လက်ကို မကြည့်ပဲ ကုတ်လိုက်တာ ခူယားခင်မျာ ဗြိကနဲ နေအောင် ပြဲထွက်ပီး ဇီဝိန် ကျွေပါလေရော တက်တုန်းက မသိတော့ မကြောက်ဘူး လုပ်ပီးတော့ သေသွား တော့ကျနော့်မှာ ကြောက်လဲကြောက် ရွံလဲရွံပီး လက်ကို ဆေးနေတာ အထပ်ထပ်အခါခါပါပဲ မှတ်မှတ်ရရ အဲဒီနေ့ ညနေက ကျနော် ထမင်း စားလို့ကို မ၀င်တော့ပါဘူး နောက်ဆုံး အကြောက်ဆုံး တကောင်ကတော့ ကိုရွှေကြွက်ပါ သင်းကို မြင်ရင် ဘယ်လို ကြောက်မှန်းကို မသိတာပါ တွေ့တဲ့နေရာ ကနေ ထွက်ပြေးတာပဲ ဝေးရာကို အဲဒါလေးနဲ့ ပတ်သက်လို့ကလည်း အဖြစ်အပျက်လေး တခုရှိတယ်ဗျ .. တနေ့ ကျနော် ရယ် မေမေ ရယ် ညီနှစ်ကောင်ရယ် အိမ်ရှင်းကြမယ်ဆိုပီး ရှင်းကြတာ ကျနော်ကလည်း တော်ရုံတန်ရုံ အိမ်ကူတဲ့သူမဟုတ် အဲဒီနေ့ကတော့ တော်တော့ကို စိတ်ပါ လက်ပါနဲ့ကို ၀ိုင်းရှင်းပေးနေတာ စတိုခန်း လဲရှင်းရော ဗြုန်းဆို ကြွက်သိုက်ကြီး တွေ့ပါလေရော ဒီမှာတော့ ကျနော်ရယ် မေမေရယ်ညီအငယ်ဆုံးရယ်က စိတ်တူ ကိုယ်တူဗျ အကုန်လုံးကို အသည်းအသန်ကြောက်ပီး အိမ်ရှေ့ကို အော်ပီးတော့ကို ထွက်ပြေးကြတာ အဲလိုကောင်တွေကို မကြောက်တတ်တဲ့ ညီလတ် တကောင်ပဲ စတိုထဲ ကျန်ခဲ့တယ်လေ သူ့ကိုပဲ ရှင်းခိုင်း ရတာပေါ့ အဲဒါကို ညီလတ်က အဲလောက်ကြောက်ရလား ဆိုပီး ကျနော်တို့ သုံးယောက်ကို စပါလေရော ကြွက်ကလေးတွေကို ဂေါ်ပြားနဲ့ သယ် ကျနော်တို့နားကိုလာပီး ပစ်ချ ကျနော်တို့မှာဆို အလုအယက် ရှောင်လိုက်ကြရတာ မေမေလဲ သူ့ဘာသာကြောက်လို့ ရှောင်နေရတော့ ညီလတ်ကို ဆူလဲဆူ ရှောင်လဲရှောင်ပေါ့နော် အတော်တော့ ပွဲဆူသွားတယ်ဗျ နောက်ဆုံး ကျမှ ညီလတ်က သူစလို့ဝမှ အကောင်တွေကို အပြင် သွားလွှတ်တယ်လေ မေမေ ဆို သူ့ကို ဆူလိုက်တာ ပြောမနေနဲ့ ဘာပဲပြောပြော သားအမိတွေ အဲ့အကြောင်း ပြန်ပြောတိုင်း ကိုယ်စီ အသည်းအသန် ကြောက်ကြတာကို ပြန်တွေးပီး ရှက်လဲရှက် ရယ်လဲရယ်ရပေါ့ ....

ကဲ ကျနော် ကြောက်တဲ့အကောင်တွေက ကုန်လောက်ပီထင်တယ် ကျန်သေးရင်လဲ နောက်မှ ထပ်ထည့်တော့မယ် ....

အခုတော့ ဒီအကြောင်းအရာလေးကို သူငယ်ချင်း Peanut နဲ့ ညီလေး ညနေကြယ် ကို ထပ် Tag ချင်ပါတယ် ခင်ဗျာ ....

Things in My Bag

ဒီခေါင်းစဉ်လေးနဲ့ ကျနော့ကို အလွမ်းအိမ် က Tag လုပ်ခဲ့ပါတယ် ... ကျနော့်အနေနဲ့ ဒါဟာ ပထမဆုံး Tag လုပ်ခြင်းခံရတာပါ .... အခုလို By Name နဲ့ လုပ်ခဲ့တဲ့အတွက် အရမ်းကို ပျော်ခဲ့ရပါတယ် ... သူက မိုးချစ်သူဆီက ရတာပါတဲ့ .. အမ မိုးချစ်သူ ကိုလည်းကောင်း ကျနော့်ကို အရေးတယူနဲ့ Tag လုပ်ခဲ့တဲ့ အလွမ်းအိမ်ကို လည်းကောင်း အထူးကျေးဇူးတင်မိပါကြောင်း ပြောလိုပါတယ် ခင်ဗျာ။

Things in My Bag

ဒီခေါင်းစဉ်နဲ့ Tag လုပ်မှပဲ ကျနော်လည်း ကျနော့် အိတ်လေးကို ပြန်ဖွင့်ကြည့်မိတော့တယ် ကျနော်အလုပ်လုပ်နေတာက သင်္ဘောပေါ်မှာ အဲဒီတော့ အိတ်လွယ်စရာမလိုဘူးလေ .. အလုပ်ကလည်း ကာစီနိုဆိုတော့ အိတ်လွယ်ဖို့မပြောနဲ့ အလုပ်ဝင်ရင် ရှိတဲ့ အိတ်လေးတွေတောင်ပိတ်ထားရတာ .. အဲဒီတော့ ကျနော်တို့သင်္ဘောသားတွေရဲ့ ထုံးစံအတိုင်း အရေးဟဲ့အကြောင်းဟဲ့ ဆို ယူပီး ပြေးဖို့အရေးကြီး ပစ္စည်း လေးတွေ ထည့်ထားတဲ့ ခေါင်းရင်းက အိတ်လေးကို သတိရတာနဲ့ ပြန်ဖွင့်ကြည့်လိုက်တော့ ......

  • ကျနော် သင်္ဘောသား ဆက်လုပ်မယ် ကြံသရွေ့မရှိမဖြစ် ဆောင်ထားရမယ့် မှတ်တမ်းမှတ်ရာ တချို့ ။
  • ကျနော် ရန်ကုန်မှာတုန်းက မိဘပိုက်ဆံဖြုန်းပီး ဝေလေလေတက်ခဲ့တဲ့ သင်တန်းတွေက ဟန်ပြ Certificate တချို့။
  • ကျနော့် ရဲ့ မိသားစု ဓာတ်ပုံ တစ်ပုံ။ ( မရှိမဖြစ်ပါပဲ )
  • အဟဲ .. ကျနော့် ၇ဲ့ အစဉ်မပြေမှုကြောင့် ပြတ်တောက်သွားခဲ့တဲ့ ရည်းစားဟောင်းရဲ့ စာတွေ။
  • သင်္ဘောပေါ်ရောက်စကနေ ၄လလောက်အတွင်း ရန်ကုန်ကိုခေါ်ခဲ့တဲ့ ဖုန်းကဒ်ပေါင်းများစွာ။ (ဒါတွေက တချိန်မှာ အမှတ်တရလေ )
ကဲ ဒါတွေကတော့ ကျနော့ ရဲ့ အိတ်လေးထဲက ပစ္စည်းအကုန်ပါပဲ .....
( ဆက် Tag ချင်တာကတော့ ကိုစိုးထကPeanutညနေကြယ် ပါ )

Older Posts Home

Blogger Template by Blogcrowds.