Showing posts with label အားကစား. Show all posts
Showing posts with label အားကစား. Show all posts

Red Devil ..

တွေးလိုက်တိုင်း တနုံ့နုံ့၊ ပြန်မြင်ယောင်တိုင်း စိတ်ပျက်လောက်အောင် ဖြစ်လာတာမို့ မနက် အလုပ်ပီးတဲ့ အချိန်ထိ မစောင့်နိုင်တော့ပဲ အားလပ်ချိန်လေးမှာ အသည်းအသန် ပြေးရေးမိပါတယ်။

ဘာအကြောင်းလဲ ဆိုတော့ကာ ဒီနေ့ ကန်ခဲ့တဲ့ လီဗာပူးလ် - မန်ယူ ပွဲဖြစ်ပါတယ်။ ဆယ်နှစ်အတွင်းမှာ မန်ယူဟာ လီဗာပူး အိမ်ကွင်းမှာ တပွဲ ရှုံး တပွဲ သရေက လွဲလို့ ကျန်တဲ့ ရှစ်နှစ်မှာ အနိုင်ရခဲ့ပါတယ်။ ကျနော်ဟာ သရဲနီ ပရိတ်သတ် ဖြစ်ခဲ့တာ ၁၀နှစ်ကျော် ကြာခဲ့ပါပီ။ ငယ်ငယ်လေးတည်းက အားပေးခဲ့တဲ့ အသင်းမို့ ဒီအချိန်မှာ သရဲတွေရဲ့ ကျနော့ကို စိုးမိုးနိုင်စွမ်းဟာ အမြင့်ဆုံးပါပဲ။ သရဲနီတွေ အောင်ပွဲ ခံရင် ကျနော် ထပ်တူပျော်တယ်။ ကျရှုံးရင် ကျနော် သူတို့နဲ့ ထပ်တူ ၀မ်းနည်းရတယ်။

အခုကန်ခဲ့တဲ့ပွဲဟာ ပထမပိုင်းကို လွတ်လွတ်ကျွတ်ကျွတ် ကြည့်ခဲ့ရပေမဲ့ ဒုတိယပိုင်းဟာ ကျနော့ အလုပ်ချိန်အတွင်းမှာ ဖြစ်တာကြောင့် အသည်းအသန် လူကြီးကို request လုပ်ပီး ကြည့်ခဲ့ရတာပါ။ ပွဲပီးတော့မှ မကြည့်မိရင် အဲ့လောက် စိတ်ထိခိုက်ရမှာ မဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကို အပြစ်တင်မိပါတယ်။ ဒီပွဲမှာ နှစ်ဘက်အသင်းဟာ ဒဏ်ရာကြောင့် ပါဖို့ မသေချာဘူးဆိုတဲ့ ကစားသမားတွေကို ထုတ်သုံးသွားတာ တွေ့ရပါတယ်။ သရဲနီဟာလည်း C.Ronaldo တယောက်က လွဲရင် ကျန်တဲ့ကစားသမားတွေကို ထုတ်ကာ လီဗာပူး အသင်းရဲ့ အိမ်ကွင်းမှာ ကြံ့ကြံ့ခံကစား ခဲ့ပါတယ်။ ပွဲစလို့ သိပ်မကြာခင်သုံးမိနစ်မှာ သရဲနီအသစ် ဘာဘာတော့ဖ် ခင်းပေးတဲ့ ဘောလုံးကို တီဗက်စ် သွင်းယူရာက တဂိုး ဦးဆောင်ခဲ့တော့ ပျော်လိုက်တာဆိုတာ ပြောမနေပါနဲ့။ လီဗာပူး ပရိတ်သတ် သူငယ်ချင်းကိုလည်း စလိုက်သေးတာပေါ့။ အဲ ပထမပိုင်း ပီးခါနီးမှာပဲ ဗန်ဒါးဆားနဲ့ ၀က်စ်ဘရောင်းတို့ နားလည်မှု မှားရာက ကိုယ့်ဂိုး ကိုယ်သွင်းမိကာ နစ်နာစရာကောင်းလှတဲ့ ချေပဂိုး ပြန်ပေးခဲ့ရပါတယ်။

လီဗာပူးမှာ မကစားနိုင်ဘူး ထင်ရတဲ့ Steven Gerrard၊ Fernando Torres၊ အပြင် Babel တို့ဟာ ပထမပိုင်းမှာ ၀င်မကစားခဲ့ပေမဲ့ ဒုတိယပိုင်းမှာ လူစုံ ၀င်ကစားသွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာ သရဲနီ ဗီဒစ်ရဲ့ Found ကနေ Vidic ဟာ အနီကတ်ဒ်ရပီး ထွက်ခဲ့ရတဲ့ နောက်ပိုင်း လီဗာပူးဟာ လူစုံထည့်ပီး ဖိကစားခဲ့ရာကနေ Babel ရဲ့ အနိုင်ဂိုးသွင်းတာကို ကြည့်လိုက်ရတဲ့အခါ ခံပြင်းလွန်းတာကြောင့် ခုံကို လက်သီးနဲ့ ထိုးမိတဲ့အထိပါပဲ။ ဒီလိုနဲ့ပဲ ပွဲဟာ လီဗာပူး ၂ - ၁ မန်ယူ နဲ့ ပီးဆုံးခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် စိတ်မကောင်းပေမဲ့ အစွမ်းကုန်ကြိုးစားခဲ့တဲ့ သရဲနီတွေနဲ့ ကြိုးကြာတွေကို ဂုဏ်ယူပါတယ်။ နောက်တကြော့တွေ့မဲ့ Man Utd ရဲ့ Home Old Tradfford မှာ MU Revenge ဘယ်လိုလာမလဲ ဆိုတာ ထပ်မျှော်လင့်ရင်း ဘယ်လိုမှ စိတ်မပါတော့မဲ့ ရှည်လျားတဲ့ ညတညကို ဖြတ်သန်း ပါတော့မယ်။

ထပ်တူ ၀မ်းနည်းရပါတယ် သရဲနီ။


ရက်သတ္တပတ် ၂ ပတ်ကျော် ကြာမြင့်ခဲ့တဲ့ အိုလံပစ် အားကစား ပွဲတော်ကြီးတော့ ပီးဆုံးသွားပြန်ပါပီ။ နိုင်ငံဂုဏ် ဆောင်နိုင် ခဲ့တဲ့ အားကစားသမားပေါင်း များစွာ ပေါ်ထွက်ခဲ့ပါပီ။ ဒီနှစ်အတွက် ကျနော် အားအရဆုံးကတော့ အမေရိကန်တွေက လင်းပိုင်လူသားလို့ ချစ်စနိုး ခေါ်ဝေါ်တဲ့ အမေရိကန်နိုင်ငံ နိုငံရဲ့ ရေကူးသမား Michael Phelps ပါပဲ။ သူဟာ ပီးခဲ့တဲ့ အေသင် အိုလံပစ် ပြိုင်ပွဲမှာ ရွှေတံဆိပ် ခြောက်ခု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီတခေါက် ပေကျင်း အိုလံပစ်မှာတော့ သူပါဝင်ယှဉ်ပြိုင်တဲ့ ရေကူးကစားနည်း ရှစ်ခုကနေ ရွှေတံဆိပ် ရှစ်ခု ရယူနိုင် ခဲ့ ပါတယ်။ အံ့အားသင့်စရာ ရလဒ်ပါပဲ ကျနော့် စိတ်ထဲက ချီးကျူးမိပါတယ်။ သူ့အကြောင်းကို စိတ်ဝင်စားလို့ အိုလံပစ်အကြောင်း အင်တာနက်မှာ wiki လိုက်တဲ့အခါ ပိုအံ့အားသင့် ရပါတယ်။ သူဟာ ၁၉၇၂ မြူးနစ် အိုလံပစ်မှာ Mark Spitz (အမေရိကန်နိုင်ငံသား) ခူးဆွတ်ထားတဲ့ ရွှေတံဆိပ် ၇ ခု စံချိန်ကို ကျော်လွန်သွားတာကို တွေ့ရပါတယ်။ ဂုဏ်ယူပါတယ် Michael Phelps ။

ပေကျင်း အိုလံပစ် ဖွင့်ပွဲဟာ ကြီးကျယ် ခမ်းနားလှပါတယ်။ တရုတ်လူမျိုးတွေဟာ လူဦးရေ ထူထပ်တာနဲ့အညီ ဒီဖွင့်ပွဲကို လူအင်အား သိန်းနဲ့ချီ သုံးပီး အခမ်းနားဆုံး ပြုလုပ်သွားတာ တွေ့ရပါတယ်။ ပေကျင်း အိုလံပစ် ပြိုင်ပွဲဟာ လွန်ခဲ့တဲ့ လေးနှစ်က အေသင် ပြိုင်ပွဲထက် ကြီးကျယ်တယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ပိတ်ပွဲဟာလည်း ဖွင့်ပွဲ နည်းတူ ခမ်းနားလှပါတယ်။ ကျနော်ကြိုက်တဲ့ အိုက်ဒီယာလေးကတော့ အိုလံပစ် မီးရှူးတိုင်ကို သယ်ဆောင်မဲ့ နောက်နိုင်ငံ တနိုင်ငံဖြစ်တဲ့ London မြို့ဆီကို သွားဖို့အတွက် ကြိုတဲ့ ပြကွက်လေးဖြစ်ပါတယ်။ ဘတ်စကားဂိတ်မှာ စောင့်နေတဲ့ လူအုပ်စု ရွေ့လျားလာတဲ့ ဘတ်စ်စကား ဒါတွေကိုကြည့်ရုံနဲ့ လန်ဒန်ရဲ့ မြင်ကွင်းကို မြင်ယောင်မိစေပါတယ်။

ကျနော် ကြိုက်နှစ်သက်လှတဲ့ ဘောလုံးကစားသမား သရဲနီဟောင်း ဒေးဗစ်ဘက်ခမ်းဟာလည်း ဒီပွဲမှာ တက်ရောက်ပီး တလုံးတည်းသော ဘောလုံးကို ပရိတ်သတ်ဆီကို ကန်ကာ လက်ဆောင်ပေးခဲ့ပါတယ်။ ဒါကိုမြင်တော့ ဘက်ခမ် ပင်နယ်တီ လွဲတဲ့ ဘောလုံးကို e-bay မှာ လေလံတင် ပြန်ရောင်းခဲ့တာကို အမှတ်ရပီး အင်း .. ဘောလုံး လေလံ တခုတော့ သိပ်မကြာခင် မြင်ရဦးမယ်လို့ တွေးမိပါတယ်။

စိတ်မကောင်းမိတာကတော့ ကျနော်တို့ မြန်မာနိုင်ငံအလံကို သယ်ဆောင်လာတာ မြန်မာလူမျိုးတွေမဟုတ်တော့ပဲ တရုတ်ဖြစ်နေတာပါပဲ။

Older Posts Home

Blogger Template by Blogcrowds.