Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

ရောဂါ

စောဘွဲ့မှူး၏ သီချင်း မဟုတ်ပါ။ ခုတလော ဘာတွေဖြစ်တယ်မသိ လူက ချူချာ ချင်သည်။ နေရင်းထိုင်ရင်း ခေါင်းနောက်ဘက်ခြမ်း က ထထကိုက်သည်။ နှလုံးရှိတဲ့နေရာက တချက်တချက် အောင့်သည်။ အမြဲဖြစ်နေတာလည်း မဟုတ် တချက်ချက် ထဖြစ်ရင်တော့ အတော့်ကို နေရထိုင်ရ ခက်လှသည်။ ကျနော် ရောဂါကြီးကြီး ဖြစ်မှာကို ကြောက်နေမိတယ်။ ဟုတ်တယ် ဖြစ်လိုက်ရင်လည်း ကိုယ်က အသည်းအသန်ချည့်ပဲလေ။ ငယ်ငယ်တည်းက ကျနော် ၇ နှစ်သားလောက် လေဖြတ်ဖူးတယ် လေဖြတ်တယ်ဆိုလို့ တပိုင်းသေသွားတာ မဟုတ်ဘူး ရီလိုက်ရင် ပါးက ရွဲ့ရွဲ့ သွားတာ အဖေနဲ့ အမေဆိုတာ စိတ်ပူလိုက်တာဆိုတာ နောက်ဆုံး အကြောပြင်တဲ့ အနှိပ်ဆရာနဲ့မှ ပျောက်သွားသည် ဒါပေမဲ့ ခုထိ ရီလိုက်ရင် ရွဲ့ချင်တုန်း။ နောက်တခေါက် ခြောက်တန်းမှာ ပါးမှာ အကျိတ်ကြီးမှ အကြီးကြီး ပေါက်သည်။ ဆရာဝန်တွေက operation လုပ်ရမည်ပဲ ပြောသည်။ အဖေနဲ့အမေက လက်မခံ အနာရွတ်ကျန်မည်စိုးသည်။ နောက်ဆုံး ဂွတ်တလိပ်က ဆရာကြီး ဦးမြဒင်ဆီမှာ သွားပြသည်။ သူကလည်း ဆေးတွေအုံ ဘာအုံနှင့် ဒီအနာ ပေါက်မည်ပဲ ပြောသည်။ နောက်ဆုံး အဖေက ဘုရားစာဖြင့် နေ့တိုင်း မန်းပေးသည်။ အံသြစရာကောင်းလှသည်က ဆရာဝန်တိုင်းက ပေါက်မည်ပြောသော အနာသည် အဖေ့ မေတ္တာတန်ခိုးဖြင့် ချပ်ချပ်သွားသည်။ မြန်မာဆရာလည်း အံသြ အင်္ဂလိပ်ဆရာလည်း အံ့သြ အဲဒီတုန်းကလည်း ကံကောင်းလို့ပေါ့။ နောက်ဆုံး ဒုတိယနှစ်မှာ ဘာကြောင့်မှန်း မသိ နေ့လည် ၁၁ ၀န်းကျင်ဆို ခေါင်းထဲက မခံနိုင်လောက်အောင် ကိုက်သည်။ တော်ရုံမျက်ရည်မကျတဲ့ ကျနော် အဲ့အချိန်ဝန်းကျင် ရောက်ပြီဆို ခံစားရမှာကြောက်ပီး မျက်ရည်ကျနေပီ။ တခါမှ အဲဒီလောက်ပြင်းသော ဝေဒနာ မခံစားဖူး။ လမ်းသွားနေရင်း ခေါင်းထဲက နာလွန်းသောကြောင့် လဲကျသည်အထိ ခံစားရသည်။ နောက်ဆုံး ဆရာဝန်က ထိပ်ကပ်နာဟုဆိုကာ ရာပန်းဆီ ရှူခိုင်းသည် ကျက်ကျက်ဆူနေသော ရေနွေးအငွေ့ကို ရှူခိုင်းသည် အဲဒီတော့မှာ ရောဂါက သက်သာသွားသည်။ အဲဒီက ကျန်သည့်ဒဏ်က ခုထိ နှာချေသောအခါ လက်မောင်းရိုးတွေ မခံ မရပ်နိုင်အောင် ကိုက်သည့် ဝေဒနာဖြစ်သည်။ ခုထိ မပျောက် ဆိုးလှသည် ဒါကြောင့် ကျနော် နှာချေမှာကိုလည်း ကြောက်သည်။ ခု ဖြစ်ပြန်ပီ ခေါင်းက ကိုက်သည် နှလုံးကအောင့်သည်။ ဒီတခါဆိုရင်ဖြင့် ကျနော့်ကို ပြုစု ဂရုစိုက်ပေးမည့် သူများ မရှိတော့ တယောက်တည်း ခံရမည်ဖြစ်သည်။ ဒါကြောင့် ရောဂါ ဖြစ်ရမှာကို ကြောက်လှသည်။ L

Older Posts Home

Blogger Template by Blogcrowds.