Showing posts with label ဘာသာပြန်. Show all posts
Showing posts with label ဘာသာပြန်. Show all posts

ကျေးဇူးပြုပီး

Photobucket

တချိန်တုန်းက စက္ခုအာရုံ အလင်းမရလို့ မိမိဘာသာ မုန်းတီးနေတဲ့ ကောင်မလေး တယောက် ရှိခဲ့ပါတယ်။ သူဟာ သူရဲ့ ချစ်သူကောင်လေး ကလွဲရင် လူအားလုံးကို မုန်းတီးတော့တာပေါ့။ သူ့ချစ်သူ ကောင်လေး ကတော့ သူ့ကို အရမ်းချစ်ပီး သူ့အပေါ် အရမ်းကောင်းရှာပါတယ်။ သူမလိုအပ်တဲ့ အချိန်တိုင်းမှာ သူမဘေးမှာ အစဉ်အမြဲ ရှိနေခဲ့ပါတယ်။ ဒါကြောင့် ကောင်မလေးက ပြောပါတယ် တကယ်လို့ သူမသာ မျက်စိနှစ်ကွင်း အလင်းရပီး ကမ္ဘာ လောကကြီးကို မြင်တွေ့ခွင့် ရှိခဲ့မယ်ဆိုရင် သူမဟာ ချစ်သူကောင်လေးကို လက်ထပ်မှာ အမှန်ပါပဲ လို့ ပြောခဲ့ ပါတယ်။


တနေ့မှာတော့ ကံကောင်း ထောက်မစွာနဲ့ ကောင်မလေးအတွက် မျက်စိအလှူရှင် ပေါ်လာခဲ့ပါတယ်။ ကဲ ဒီအချိန် မှာတော့ ကောင်မလေးဟာ သူ့ချစ်သူ ကောင်လေး အပါအ၀င် လှပတဲ့ ကမ္ဘာကြီးကို မြင်တွေ့ခွင့် ရခဲ့ ပြီပေါ့။ ချစ်သူကောင်လေးက “ကောင်မလေးရေ မင်း အခု အရာရာကို မြင်တွေ့နိုင်စွမ်း ရှိနေပီလေ ငါ့ကို လက်ထပ်ခွင့် ပေးနိုင်မလားလို့” မေးတဲ့အခါမှာတော့ ကောင်မလေးဟာ အံအားသင့်ပီး ရှောခ့် ရသွားပါတယ်။ ဘာလို့လဲ ဆိုတော့ သူမချစ်သူ ကောင်လေးဟာလဲ သူမလိုပဲ မျက်မမြင်တယောက်ဖြစ်နေလို့ပါပဲ။ အဲဒီနောက် မှာတော့ သူဟာ ကောင်လေးကို လက်ထပ်ဖို့ ငြင်းပယ်လိုက်ပါတယ်။


ကောင်လေးဟာ ၀မ်းနည်းကြေကွဲမှု အပြည့်နဲ့ သူမနဲ့ အဝေးဆုံးကို ထွက်ခွာ သွားပါတော့တယ်။ နောင်တချိန် မှာတော့ ကောင်လေးဟာ ကောင်မလေးဆီကို တကြောင်းတည်းပါတဲ့ စာတစောင်ကို ပိုခဲ့ပါတယ် ကောင်လေး ပြောထားတာကတော့ …..


“ကောင်မလေးရေ ကျေးဇူးပြုပီး ငါ့မျက်လုံးတစုံကို တန်ဖိုးထားပေးပါ” တဲ့။ ။


ဒီအကြောင်းလေးဟာ အွန်လိုင်းမှာ Mail Forward တစောင်အနေနဲ့ ပြန့်နေပီးဖြစ်တဲ့ အကြောင်းအရာလေး တခုပါ။ ကျနော်လဲ သူငယ်ချင်းတယောက်ဆီ ကတဆင့် လက်ခံရရှိခဲ့တာပါ။ ဖတ်ဖတ်ပီးချင်းပဲ မဖော်ပြနိုင်တဲ့ ခံစားချက်လေးတခု ဖြစ်ပေါ်လာတာနဲ့ ဝေမျှလိုတာကြောင့် ရေးတင်လိုက်ခြင်းဖြစ်ပါတယ်။ လူတွေဟာ ဘ၀ အခြေအနေတွေ ပြောင်းလဲလာတဲ့ အခါမှာ သူတို့ ဖြတ်သန်းခဲ့တဲ့ အတိတ်ကို မေ့ပစ်တတ်ကြတာ ဟာ အမှန်ပဲ လား။ ကျနော့် ဘ၀မှာတော့ ၂ခါလောက်ကို ကြုံခဲ့ဖူးပါတယ်။ သူငယ်ချင်းတို့ရော ဆုံခဲ့ဖူးကြလား။ ဒီစာလေး ဖတ်ပီး တစုံတခုစိတ်ထဲမှာ ဖြစ်ပေါ်ခဲ့တယ်ဆိုရင် တဆိတ်လောက် ကွန်းမန့်လေး ချန်ခဲ့ပါလားဗျာ။ ။


မိုးသောက်ယံ

Older Posts Home

Blogger Template by Blogcrowds.