ပန်းခင်းကြီးကို ငေးကြည့်ရင်း
ငါဟာ ဥယျာဉ်မှူး တယောက် ဖြစ်ချင်ခဲ့ဖူးတယ်။
ကမ္ဘာကျော်ပုဂ္ဂိုလ် တွေရဲ့
အောင်မြင် ကျော်ကြားမှုတွေကို ကြည့်ရင်း
ငါဟာ ကမ္ဘာကျော် တယောက်ဖြစ်ချင်ခဲ့ဖူးတယ်။
အကွေ့အကောက်များတဲ့
လောကကြီးကို ဖြတ်သန်းရတိုင်း
ဖြူစင်တဲ့ ကလေးငယ်တယောက်ရဲ့ ဘ၀မျိုး
ပြန်လည် ရချင်ခဲ့ဖူးတယ်။
ချစ်သူရဲ့ အပြုံးမျက်နှာကို
ခပ်ဝေးဝေးက ငေးကြည့်ရင်း ကျေနပ်ခဲ့ဖူးသလို
သူမမျက်နှာ မှိုင်နေချိန်မှာတော့
အပြုံးတွေ ပြန်လည်ထုဆစ်ပေးဖို့ ငါ့လက်တစုံကို
အသုံးတော်ခံ ချင်ခဲ့ဖူးတယ်။
ဒါတွေဟာ ...
တကယ်တော့ ... တကယ်တော့ ...
ငါရဲ့ စိတ္တဇဆန်ဆန် စိတ်ကူးယဉ်မှုတွေပါပဲ
ဒါတွေကို ဖယ်ပြီး ငါ့ဘ၀ရဲ့ ပုစ္ဆာတွေကို အဖြေထုတ်တော့
အသိဥာဏ်က မီးမောင်းထိုးပြလိုက်တယ်
မင်းဟာ စိတ်ကူးယဉ်သာ ဆန်တတ်တဲ့
အကြွင်းမရှိ အညံ့စားကောင် တဲ့ ။
ငါရယ်သံတွေ ခြောက်ကပ်နေမလား မသိ။
Labels: ကဗျာ
ဘယ်တော့မှန်းမသိတဲ့
တစ်ချိန်ချိန်အတွက်
အဆုံးမရှိတဲ့
မျှော်လင့်ခြင်းများစွာနဲ့
အမြဲတမ်းအမှတ်ရနေမယ်
ဆိုတာယုံပါကွာ...
မိုးပြေး
Labels: ကဗျာ, မိုးပြေးရဲ့ရင်ခုန်သံ
တိုတောင်းတဲ့အချိန်တွင်းမှာ
ရင်းနှီးးစွာခင်မင်ခဲ့ရတယ်
တဒင်္ဂဆိုတဲ့အချိန်အတွင်းမှာ
မေ့မရနိုင်တဲ့ပျော်ရွှင်မှုတွေကိုပိုင်ဆိုင်ခဲ့ရတယ်
ငယ်သူငယ်ချင်းတွေမဟုတ်ပေမဲ့
ရင်းနှီးပွင့်လင်းကြတဲ့မင်းတို့စရိုက်တွေကြောင့်
အရမ်းကိုခင်မင်မိသွားတယ်
နောင်တချိန်ဒီလိုအချိန်မျိုးကိုပြန်လိုချင်မိတယ်
သူငယ်ချင်းတို့ရယ်...
မိုးပြေး
Labels: ကဗျာ, မိုးပြေးရဲ့ရင်ခုန်သံ
မာနကိုလှော်တက်လုပ်လို့
လှော်ခတ်နေတဲ့ငါ့အတွက်
အေးချမ်းမှုကိုမရနိုင်ပေမဲ့
အောင်မြင်မှုကတော့စောင့်နေမှာပါ။
မိုးပြေး
ကုန်သွားပီ။
Labels: ကဗျာ, မိုးပြေးရဲ့ရင်ခုန်သံ
မဖိတ်ခေါ်ပဲရောက်လာခဲ့တဲ့မင်း
မလိုအပ်ပဲနဲ့ရရှိခဲ့တဲ့သံယောဇဉ်
မတောင်းဆိုပဲနဲ့ပေးတဲ့ခဲ့အချစ်
မနှင်ထုတ်ပဲနဲ့ထွက်သွားခဲ့တဲ့မင်း
ဒါတွေကိုငါဘယ်လိုနားလည်ရမလဲ
ဒါပေမဲ့
ငါ့ရင်ထဲမှာတော့
မင်းအတွက်
နေရာလေးတခုတော့ရှိနေမှာပါ။ ။
မိုးပြေး
Labels: ကဗျာ, မိုးပြေးရဲ့ရင်ခုန်သံ
မပြုံးချင်ပေမဲ့လို့
ဟန်ဆောင်မှုတွေနဲ့ပြုံးနေခဲ့ရတယ်
ငါ့ရင်ထဲက ခံစားချက်တွေကို
ဘယ်သူသိနိုင်မှာလဲ
ပြန်မရနိုင်တော့တဲ့အချိန်တွေ
ပြင်မရတဲ့မှားယွင်းမှုတွေ
မဆုံးနိုင်တဲ့နောင်တတွေနဲ့
ဒီရင်ထဲမှာ
မင်းကိုရင်မောစွာနဲ့လွမ်းနေတယ်ဆိုတာ
မင်းသိမယ်ဆိုရင်
တို့ကျေနပ်ပါပြီ...........။
မိုးပြေး
Labels: ကဗျာ, မိုးပြေးရဲ့ရင်ခုန်သံ
အရမ်းကြိုက်မိတဲ့ ဆရာကြီး ပဌမန၀ဒေးရဲ့ ကဗျာအမွေလေးတပုဒ်ပါ မျှဝေပေးလိုက်ပါတယ်.... လိုက်တော်မူပါ… လိုက်တော်မူပါ၊ ကြင်ဘွယ်သာတည့်၊ အာကာပျံကြွ ၊ ဝေပူမြကို၊ သိင်္ခနှစ်စု၊ ပေါင်း၍ထုသို့၊ ယုယုယယ၊
ငြိမ့်မြလေးပင်၊ မွတ်မွတ်စင်သည်၊ အပြင်နွဲ့ညွတ်၊ ဟင်သာနတ်၊ နန်းထွတ်အောင်စည်၊ နောင်တို့ပြည်ကား၊ သာသည်ဆန်းထူး၊ ကဲလွန်ကျူးမျှ၊ တန်ခူးသည်က၊ လျဥ့်လျဥ့်စ၍၊ သန်လဆောင်းလျှင်၊ မည်သည်တွင်မှ၊ သဘင်မပြတ်၊ နွေသိုပတ်ရှင့်၊ ရွှေဝတ်ရွှေဆင်း၊ ပြောင်ပြောင်ဝင်းသို့၊ နောင်မင်းသက်မျှ၊ နတ်ထက်လှသည်၊ ရောက်ကမြင်တော်မူလိမ့်မည်။ ကြိုက်သော်ယူကာ၊ နတ်ခြောက်ရွာသို့၊ လက်သာမှီလှမ်း၊ မကြိုးပမ်းတည့်၊ ကြင်ကျွမ်းထပ်ရစ်၊ မြခြည်နစ်သို့၊ ရှင်ချစ်ဝန်းရှင်၊ တောင်တခွင်လည်း၊ မြင်ထင်မြင်မိ၊ ထွန်းညိလျှံလင်း၊ ကြက်တင်းစကား၊ ကင်းဘုရားနှင့်၊ ၀ှန်ကြားပေါက်ပြ၊ ဌာဝီသလည်း၊ နှံ့မျှဝန်းလည်၊ ရောက်ခြောက်မည်နှင့်၊ မှောင်ခြည်မပတ်၊ ပြိုင်၍လွှတ်သို့၊ မိုးနတ်နှိုင်းလျော်၊ အလှကျော်သည်၊ လိုက်တော်မူပါ၊ လွမ်းရရှာနှင့်၊ အောင်ချာချက်မ၊ ရွှေခေတ္တကား၊ မာဃထွက်ထား၊ တံမျဉ်းသား၍၊ နဂါးစက်လည်၊ ၀ပြောစည်သည်၊ နတ်ပြည်ထင်တော်မူလိမ့်မည်။ လှိုက်ဆော်ကူလှာ၊ မိုးဒေ၀ါလည်း၊ ချိန်ခါထူးလည်၊ တန်ပြီးသည်ကို၊ ရိုက်မြည်ဆောင်ကျူး၊ ကြွေးကြော်မြူးက၊ မပူးဖော်ရှား၊ နောင့်ထူးသွားသော်၊ သနားဘွယ်သာ၊ မယ်မပါ
၍၊ ရွှေကြာပျံ့မွှန်း၊ ရေမှာကျွန်းသို့၊ လွမ်းပန်းဆင့်ကုန်း၊ နေ့တိုင်းရုံးလျက်၊ တက်ပြုံးရေသား၊ ငါးငါးကြင်းဆန်၊ တောင်လေပြန်က၊ သင်္ကြန်အတာ၊ သို့သောခါဝယ်၊ သီတာယဉ်ရှင်၊ ထက်ဝန်းကျင်လည်း၊ ကေရှင်မြစည်း၊ စုလည်းရွှေညှောက်၊ မြိတ်ခေါက်မြိတ်လွတ်၊ ထုံးပတ်ရစ်ဆင်၊ ဆံကျင်ရောင်တောက်၊ ကျိုင်းသစ်အောက်ဝယ်၊ ကြဲမြှောက်စံကျင်း၊ ရေလုံးလင်းမျှ၊ န၀င်းမြစ်လုံး၊ ပိတ်လျက်ဖုံး၍၊ ပတ်ကုံးစံကျင်း၊ ရေလုံးလင်းမျှ၊ န၀င်းမြစ်လုံး၊ ပိတ်လျှက်ဖုံး၍၊ ပတ်ကုံးဦးစီး၊ တက်ပြိုင်ချီက၊ ပည်းညီပြိုင်းလှိုင်း၊ အဆိုင်းဆိုင်းသည်၊ နေ့တိုင်းရွှင်တော်မူလိမ့်မည်။
Labels: ကဗျာ
ငြိမ်းချမ်းခြင်းရဲ့ အခြားမဲ့
မျက်စိတဆုံးမှာမြင်နေရတာက မိုးကုတ်စက်ဝန်း
အရှေ့မှာက ငြိမ်သက်နေတဲ့ ပင်လယ်ပြာ
လွှမ်းခြုံထားတဲ့ ပတ်ဝန်းကျင်က တိတ်ဆိတ်ခြင်း
ဒါတွေရဲ့အခြားတဘက်မှာ .....
ကောင်လေးတယောက်ထိုင်နေတယ်
ရင်ထဲဗြောင်းဆန်နေတဲ့ အတွေးတွေ
ထိန်းချုပ်မရတဲ့ စိတ်အဟုန်ကြောင့်
နှလုံးသွေးတွေပွက်ပွက်ဆူနေတယ် ...
သက်ပြင်းတချက် ခိုးချလိုက်မိတယ်
တိတ်ဆိတ်မှုအပေါင်းကို ဖေါက်ခွင်းသွားတယ်ဆို
အားနာမိပါရဲ့ ...
အတွေးတွေနဲ့ တင်းကျပ်နေတဲ့
စိတ်ကို အသာလျှော့လို့
စက္ခု အာရုံကို ခဏအနားပေးလိုက်တဲ့အခါ
ငြိမ်သက်ခြင်းကို ရရှိသွားတယ်
ငြိမ်းချမ်းလိုက်တာ ..
ကောင်လေးဆုတောင်းမိတာက ..
ဘယ်တော့မှ ပြန်နိုးမထလာပါစေနဲ့တဲ့ .......
Labels: ကဗျာ
တခါတုန်းက
ရိုးသားတဲ့ ချစ်သူ
အပြစ်မယူတတ်တဲ့ မင်းနှလုံးသားကို
ချီးကျူးလို့ ဂုဏ်တင်ချင်ပါတယ်.....
သိမ်မွေ့ခြင်းတွေနဲ့
ကြင်နာတတ်တဲ့ ချစ်သူ
ရှင်သန်ခဲ့တဲ့ သက်တမ်းမှာ
အမှတ်တရများစွာနဲ့
တဒင်္ဂသာယာ ချမ်းမြေ့ခဲ့ရပါတယ်.....
နွေးထွေးတဲ့ရင်ငွေ့တွေနဲ့
လုံခြုံမှုပေးခဲ့တဲ့ချစ်သူ....
ယုံကြည်ခဲ့ရတဲ့ အတိတ်နေ့တွေမှာ...
မင်းပေးခဲ့တဲ့ အချစ်ရိပ်တွေနဲ့
ထာဝရနားခိုရာ နေရာရခဲ့ပါပြီ....
အချိန်တွေကြာခဲ့လို့
ချစ်သူ့အရိပ်ဝေမှုန်သွားပေမဲ့....
ချစ်သူရဲ့ ရှင်းသန့်တဲ့နှလုံးသားကတော့
ငါ့အနားမှာ တစ်ရစ်ဝဲ၀ဲ
အစဉ်ရှင်သန်နေဦးမှာပါပဲကွယ်.....
Labels: ကဗျာ

