ဒီရက်ပိုင်း အမေ့ကို ဖုန်းဆက်တော့မှ ကိုယ်ဘယ်လောက် ကုန်ဈေးနှုန်းတွေနဲ့ လွတ်နေလဲ သိတော့တယ် အမေကတော့ မညည်းရှာပါဘူး ပိုက်ဆံပို့ရမလား အမေဆိုလည်း လောက်တယ် သားကြီး သားဘာသာ သုံးနဲ့ တကယ့်အမေပါပဲ။ ဈေးနှုန်းတွေ ဘယ်လောက် ဖြစ်ကုန်ပလဲ အမေ ပြောပါဦးဆိုတော့မှ သားရေ ဆီက တပိသာ ၄၅၀၀ ကြက်ဥ တလုံး ၁၃၀ ကန်ဇွန်းရွက် တစည်း ၆၀ မုန့်ဟင်းခါးတပွဲ ၃၅၀ ၄၀၀ ဆိုတော့မှ ဘုရားရေ လို့ တမိတော့တာပါပဲ။ ရန်ကုန်က လူတွေ ဘယ်လို ရှင်သန်ကြမလဲ လို့ တွေးမိတာတော့ အမှန်ပါပဲ။ အဲဒီနေ့ညမှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဆီဈေးတက်တာတွေကို သရော်ထားတဲ့ ပုံလေးတွေ တိုက်တိုက်ဆိုင်ဆိုင် ရတော့ ကြည့်မိရင်း တကယ့်ကို သဘောကျတာနဲ့ တင်ပေးလိုက်တာပါ။ ။
ဒါမှ မဟုတ် ဒီလို ဘတ်ထရီနဲ့ဆို မဆိုးဘူးထင်တယ်
Labels: ဟိုဟိုဒီဒီရေးထားတာတွေ, ရေးထားတာလေးတွေ, ရောက်တတ်ရာရာ
ညည်းရဦးမယ်ဗျာ ဒီရက်ပိုင်း ဘယ်လို ဂြိုလ်ဆိုး ၀င်တယ် မသိပါဘူး လူပေါင်းစုံနဲ့ ပြသနာပေါင်းစုံ ကို တက်နေတော့ တာပါပဲ။ မဖြစ်စလောက် ရာထူးအဆင့်လေး နောက်တဆင့် ထပ်တက်ပါတယ် နေရင်းထိုင်းရင်း လူမုန်းခံရတဲ့ အဖြစ်ကို ရောက်တော့ တာပါပဲ။ ဟိုး အရင်က ခင်ခင်မင်မင် ပေါင်းခဲ့တဲ့ သူကလည်း ခုကျမှ ထိသလို ရိသလိုတွေ လုပ်လိုလုပ်။ တကယ်ပါပဲ လူမျိုးခြားတွေနဲ့ အလုပ် လုပ်ရတာ မလွယ်ကူလှပါဘူး။ အရမ်းကပ် အရမ်းခိုတဲ့ အကောင်တွေကိုးဗျ အကုန်လုံးကို မဆိုလိုပါဘူး။ ကျနော် တွေ့ရတဲ့ တော်တော်များများ ကတော့ ဒီအတိုင်းပဲဗျာ။ သူများ သာရင် မနာလို သူများဒုက္ခ ရောက်ရင် ရယ်ချင်ကြတဲ့ လူတွေကိုးဗျ။ ကျနော့် လောက် ပျော်ပျော်နေတတ်တာ ကျနော်ပဲ ရှိတယ်။ ဒါပေမဲ့ ခုရက်ပိုင်းမှာတော့ အတော့ကို စိတ်ညစ်ပီး အိမ်ပြန်ချင်တဲ့ စိတ်တွေပေါ် နေတော့တာပဲဗျာ။ အလုပ်ကသက်သာပေမဲ့ ဒီလို စိတ်ညစ်စရာမျိုးတွေ ရှိတဲ့ အခါမျိုးမှာ အားလုံးပဲ ကျနော့်လို ခံစားကြဖူးမှာပါ။ ခက်တာကလည်း ကျိကျိတက် ချမ်းသာတဲ့ မိသားစု မျိုးက ပေါက်ဖွား လာတာ မဟုတ်တော့လဲ အခက်သားလားဗျ။ ဒီလိုလူမျိုးတွေနဲ့ အတူမလုပ်ချင်လို့ အလုပ် ထွက်မယ်ဆိုပီး ဆုံးဖြတ် လို့ကလည်း မဖြစ်သေးပြန်ဘူး ရှေ့ဆက် လျှောက်ရမဲ့ လမ်းကအဝေးကြီး ကျန်သေးတယ် ရည်ရွယ်ချက်တွေ ပြည့်ဖို့အတွက် ကြိုးစားရဦးမယ်။ သူတို့ပေးထားတဲ့ ငွေက လုပ်ရတဲ့ အလုပ်နဲ့ဆို ဘယ်မှာမှ မရနိုင်ဘူးလေ။ အဲဒီတော့လည်း ငါဟဲ့ ယောကျာ်းလို့ တွေ့သမျှ ကြုံသမျှ ဒုက္ခတွေကို သင်ခန်းစာလို့ မှတ်ပီး ပေဖြစ်သမျှတော့ ခံရဦးတော့ မှာပေါ့လေ။
မိုးသောက်ယံ
Labels: ကျနော့မှတ်စု
ကဲ ဒီတခါတော့ ကျနော် ရထားတဲ့ အသစ်အဆန်းလေးကို ဝေမျှပါရစေ။ ဒါလေးက သိရင်လည်း သိပီးသား ဖြစ်မှာပါ။ ဒါပေမဲ့ မသိရသေးတဲ့ လူတွေ သိရအောင်လို့ တင်လိုက်တာပါ။ eBuddy တဲ့ ဒီကောင်လေးက ဘယ်လို အသုံးဝင်လဲ ဆိုတော့ ကျနော်တို့ အပြင်တနေရာရာ ရောက်နေတဲ့အခါ အသုံးတော်ခံ Laptop လေးများ မပါလာတဲ့အခါမှာ အရေးဟဲ့ အကြောင်းဟဲ့ အွန်လိုင်းက သယ်ရင်းတွေကို စကားပြောချင်တဲ့အခါ မှာချင်တဲ့အခါမျိုးမှာ ကိုယ်နဲ့မကွာပါနေကျ လက်ကိုင်ဖုန်းလေး ကနေ တဆင့် ချတ်ဆိုဒ်တွေကို ၀င်နိုင်တဲ့ အတွက် အတော့်ကို အသုံးဝင်ပါတယ်။ ဒီကောင်လေးကနေပီးတော့ MSN, AOL, Messenger, G-talk, တို့ကို တခါတည်း Sign In ၀င်ပီး အသုံးပြုနိုင်ပါတယ်။ Messenger တို့ Gtalk တို့မှာ Conference အထိ အသုံးပြုလို့ ရပါတယ်။ ကဲ အသုံးပြုချင်တယ် စမ်းချင်တယ်ဆိုရင်တော့ အောက်မှာ ပေးထားတဲ့ လင့်ခ်ကနေ ဖုန်းကို ဒေါင်းလုဒ် ယူပီး အသုံးပြုနိုင်ပါတယ်။ အဲတခုတော့ ရှိတယ်ဗျ ဖုန်းထဲက ခရက်ဒစ်တော့ နည်းနည်းစားတယ်နော် MSG လိုင်း ၆၀ ကျော်ရင်။ အင်တာနက် ပေါပေါလောလော သုံးနိုင်တဲ့ နေရာမျိုးကဆိုရင်တော့ ၀ိုင်ယာလက်စ် ကီးဘုတ်လေးနဲ့ ဖုန်းကို ချိတ်ပီးတော့တောင် တနေကုန် ချတ်နိုင်ပါ့ဗျာ။ ။
>--> !! Click Here To Download !! <--<
မိုးသောက်ယံ
Labels: အသုံးဝင်တဲ့ ဆော့ဖ်ဝဲကောင်းများ
ဒီတခါတော့ အိမ်တက်ပွဲက အချိုတွေ စားပီးတဲ့ အပေါင်း အသင်းတွေကို နည်းနည်းလောက် အလုပ် ပေးမယ် နော် ဥာဏ်စမ်းလေးပါ လွယ်ပါတယ် ဖြေကြည့် ကြပါဦးနော်။
ဒီလိုဗျ လမ်းတခုမှ ဈေးကို ဘဲဥ သွားရောင်းဖို့ တောင်းနဲ့ ထမ်းလာတဲ့ အဒေါ်ကြီး တဦးကို မြင်းစီးသမား တဦး က မတော်တဆ တိုက်မိသွားတာ ဘဲဥတောင်းဟာ ကျကွဲပါလေရောတဲ့ အခုခေတ်ဆိုရင်တော့ ဆိုက်ကား ဖြစ်ဖြစ် ဆိုက်ဘီး အဲလေ စက်ဘီး ဖြစ်ဖြစ်ပေါ့နော် ထားလိုက်ပါ ဇာတ်လမ်းက အခုစမှာ အဲဒီတော့ အဒေါ်ကြီးက အလျော်တောင်းတာပေါ့ တိုက်တဲ့လူက လျော်ပေးပါ့မယ် ဒါပေမဲ့ အဒေါ့် ဘဲဥတွေ ဘယ်နှစ်လုံးပါလို့ ကျနော်က ဘယ်လောက် လျော်ပေးရမယ်ဆိုတာ ဘယ်လိုသိမတုန်းတဲ့ အဲဒိတော့ အဒေါ်ကြီးက နပ်တယ်လေ မောင်ရင် မပူနဲ့ ကျုပ်အမှတ်အသားရှိတယ် ဒီလိုတဲ့ .. ဘဲဥတွေကို နှစ်ပုံ ပုံလိုက်တဲ့အခါမှာ တပုံက တလုံးပိုနေတယ် သုံးပုံ ပုံလိုက်တဲ့ အခါ ၂ ပုံညီပီး ၁ပုံက တလုံးပိုတယ်၊ ၄ ပုံ ပုံလိုက်တဲ့အခါ ၃ပုံညီပီး ၁ပုံက ၁လုံးပိုတယ်၊ ၅ပုံ ပုံတဲ့အခါ လေးပုံ ညီပီး တပုံက တလုံးပိုတယ်၊ ၆ပုံ ပုံတဲ့အခါ ၅ပုံညီပီး တပုံက ၁လုံးပိုပါတယ် နောက်ဆုံး ၇ပုံမှာတော့ အားလုံး ညီတူပါပဲတဲ့။ အဲဒီတော့ အဒေါ်ကြီး တောင်းထဲမှာ ဘယ်နှစ်လုံး ပါမလဲဆိုတာ သယ်ရင်းတို့က ဖြေပေးနော်။
ဝိုင်ကဖြေတဲ့ လူတွေကတော့ အထူး အခွင့်အရေး အနေနဲ့ မှန်ခဲ့ရင် ချတ်ပွိုင့် ၃၀၀၀ ဆုချပါမယ်။ ၁ယောက်ထက် ပိုခဲ့ရင်တော့ အချိုးကျပေါ့နော် ပထမဆုံး သုံးယောက်ကို ရွေးပါမယ်။ ကဲ ဘော်ဒ်ါတို့ရေ :D ။
Labels: ပဟေဠိ
တချိန်တုန်းက စက္ခုအာရုံ အလင်းမရလို့ မိမိဘာသာ မုန်းတီးနေတဲ့ ကောင်မလေး တယောက် ရှိခဲ့ပါတယ်။ သူဟာ သူရဲ့ ချစ်သူကောင်လေး ကလွဲရင် လူအားလုံးကို မုန်းတီးတော့တာပေါ့။ သူ့ချစ်သူ ကောင်လေး ကတော့ သူ့ကို အရမ်းချစ်ပီး သူ့အပေါ် အရမ်းကောင်းရှာပါတယ်။ သူမလိုအပ်တဲ့ အချိန်တိုင်းမှာ သူမဘေးမှာ အစဉ်အမြဲ ရှိနေခဲ့ပါတယ်။ ဒါကြောင့် ကောင်မလေးက ပြောပါတယ် တကယ်လို့ သူမသာ မျက်စိနှစ်ကွင်း အလင်းရပီး ကမ္ဘာ လောကကြီးကို မြင်တွေ့ခွင့် ရှိခဲ့မယ်ဆိုရင် သူမဟာ ချစ်သူကောင်လေးကို လက်ထပ်မှာ အမှန်ပါပဲ လို့ ပြောခဲ့ ပါတယ်။
တနေ့မှာတော့ ကံကောင်း ထောက်မစွာနဲ့ ကောင်မလေးအတွက် မျက်စိအလှူရှင် ပေါ်လာခဲ့ပါတယ်။ ကဲ ဒီအချိန် မှာတော့ ကောင်မလေးဟာ သူ့ချစ်သူ ကောင်လေး အပါအ၀င် လှပတဲ့ ကမ္ဘာကြီးကို မြင်တွေ့ခွင့် ရခဲ့ ပြီပေါ့။ ချစ်သူကောင်လေးက “ကောင်မလေးရေ မင်း အခု အရာရာကို မြင်တွေ့နိုင်စွမ်း ရှိနေပီလေ ငါ့ကို လက်ထပ်ခွင့် ပေးနိုင်မလားလို့” မေးတဲ့အခါမှာတော့ ကောင်မလေးဟာ အံအားသင့်ပီး ရှောခ့် ရသွားပါတယ်။ ဘာလို့လဲ ဆိုတော့ သူမချစ်သူ ကောင်လေးဟာလဲ သူမလိုပဲ မျက်မမြင်တယောက်ဖြစ်နေလို့ပါပဲ။ အဲဒီနောက် မှာတော့ သူဟာ ကောင်လေးကို လက်ထပ်ဖို့ ငြင်းပယ်လိုက်ပါတယ်။
ကောင်လေးဟာ ၀မ်းနည်းကြေကွဲမှု အပြည့်နဲ့ သူမနဲ့ အဝေးဆုံးကို ထွက်ခွာ သွားပါတော့တယ်။ နောင်တချိန် မှာတော့ ကောင်လေးဟာ ကောင်မလေးဆီကို တကြောင်းတည်းပါတဲ့ စာတစောင်ကို ပိုခဲ့ပါတယ် ကောင်လေး ပြောထားတာကတော့ …..
“ကောင်မလေးရေ ကျေးဇူးပြုပီး ငါ့မျက်လုံးတစုံကို တန်ဖိုးထားပေးပါ” တဲ့။ ။
ဒီအကြောင်းလေးဟာ အွန်လိုင်းမှာ Mail Forward တစောင်အနေနဲ့ ပြန့်နေပီးဖြစ်တဲ့ အကြောင်းအရာလေး တခုပါ။ ကျနော်လဲ သူငယ်ချင်းတယောက်ဆီ ကတဆင့် လက်ခံရရှိခဲ့တာပါ။ ဖတ်ဖတ်ပီးချင်းပဲ မဖော်ပြနိုင်တဲ့ ခံစားချက်လေးတခု ဖြစ်ပေါ်လာတာနဲ့ ဝေမျှလိုတာကြောင့် ရေးတင်လိုက်ခြင်းဖြစ်ပါတယ်။ လူတွေဟာ ဘ၀ အခြေအနေတွေ ပြောင်းလဲလာတဲ့ အခါမှာ သူတို့ ဖြတ်သန်းခဲ့တဲ့ အတိတ်ကို မေ့ပစ်တတ်ကြတာ ဟာ အမှန်ပဲ လား။ ကျနော့် ဘ၀မှာတော့ ၂ခါလောက်ကို ကြုံခဲ့ဖူးပါတယ်။ သူငယ်ချင်းတို့ရော ဆုံခဲ့ဖူးကြလား။ ဒီစာလေး ဖတ်ပီး တစုံတခုစိတ်ထဲမှာ ဖြစ်ပေါ်ခဲ့တယ်ဆိုရင် တဆိတ်လောက် ကွန်းမန့်လေး ချန်ခဲ့ပါလားဗျာ။ ။
မိုးသောက်ယံ
Labels: ဘာသာပြန်
ကဲ ဘလော့စလုပ်တည်းက ဘာ အကျွေးအမွေးမှလဲ မလုပ် ဘာဧည့်ခံပွဲမှလည်းမလုပ် ကျေးဇူးတင်သင့်တဲ့ သူတွေကိုလည်း ကျေးဇူးမတင်ရသေး ခုမှပဲ ကျေးဇူးတင်ပွဲနဲ့ အိမ်တက်ပွဲလေး လုပ်တော့မယ်နော် ။ ဒန့် တန့် တန့် .. ပထမဆုံး ကျေးဇူးတင်ရမှာကတော့ ကိုညီလင်းဆက်ပါပဲ ဘလော့ဂ်တွေ လိုက်ဖတ်ရင်း တဖြည်းဖြည်း စိတ်ဝင်စား လာတော့ ကိုယ်တိုင် လုပ်ကြည့်မယ် ကြံတော့ ဘယ်က စလုပ်ရမှန်း မသိဘူးလေ အဲဒါနဲ့ ချတ်ရွမ်းက အမ တယောက်ကို မေးကြည့်တော့ သူက ကိုညီလင်းဆက် ရဲ့ လင့်ခ်လေးကို ပေးပါတယ် အဲဒီကနေ လေ့လာ ကြည့်ပေါ့တဲ့။ ဒါပေမဲ့လည်း သူ့ဆိုဒ်ကို တော်တော်နဲ့ မရောက် ဖြစ်သေးပါဘူး အလုပ်ရှုပ် နေတာက တကြောင်း ချတ်ထဲမှာ အချိန် ကုန်နေတာနဲ့ တကြောင်း မစဖြစ် ခဲ့ပါဘူး တလလောက် နေတော့မှ လုပ်မယ်ဟဲ့ ဆိုပီး ဘွတ်ခ်မာ့ခ် လုပ်ထားတာလေး ပြန်ရှာကြည့် ကိုညီ့ စာလေးတွေ ဖတ်ရင်း ဖတ်ရင်းက ဘလော့လုပ်မယ်ဆိုရင် ဇော်ဂျီဖောင့် ဘယ်လို assign လုပ်ရမယ် ဆိုတာတွေ့ပီး ဘလော့လည်း စတင် လုပ်ဖြစ် လာတာပါပဲ။ သူ့ဆီ ကမှ တဆင့် ကိုမောင်လှဆီ ရောက်ပါတယ်။ နောက်နေ့ တွေမှတော့ စလုပ် သူတွေရဲ့ ထုံးစံအတိုင်း အခက်အခဲ တွေကြုံတွေ့ လာရတာပေါ့ဗျာ။ ချတ်ထဲမှ ညီငယ် တယောက်ကပဲ အကိုလုပ်မယ်ဆို ဒီစာအုပ်လေး အတိုင်း ကြည့်လုပ်ချေ ဆိုပီး ကိုစေတန်ဂေါ့ဒ်ရဲ့ ဘလော့လုပ်နည်း PDF လေးကို ပေးလာပါတယ်။ သူပြောထား တဲ့အတိုင်း လိုက်လုပ် ကြည့်လိုက်တော့ ကျနော့် ဘလော့ဂ်လေး စပေါ် လာတော့တာပါပဲ။ ရုပ်လုံးသာပေါ်လာတာ စာတွေကတော့ ကောင်းကောင်း မပေါ်သေးဘူးဗျာ တချို့နေရာတွေမှာ ? တွေ ပေါ်နေတာ ဆိုတော့ကာ အတော့ကို စိတ်အဆင်းရဲ သားလားဗျ။ နေ့တိုင်း ဆီဗုံးတွေ အော်ပီး အကူအညီ တောင်းရတာလည်း အမောပေါ့။ နောက်ဆုံးကိုယ်ကသာ စာတွေတင်တယ် သူများတွေမေးတော့ မြင်ရတယ် ကိုယ်ကျတော့ကိုယ့်စာ ကိုယ်မမြင်ရဘူး။ ကဲ နောက်ဆုံး ဒီလောက်တောင်ရှိလှတာ ဖျက်ပစ်မယ်ဆိုပီး ဘလော့ကို ပြန်ဝင်တုန်း တိုက်တိုက်ဆိုင်ဆိုင် အလွမ်းအိမ်လေးက gtalk မှာ လာအတ်ပီး ကူပေးတော့မှပဲ ကောင်းကောင်းမွန်မွန်ကို မြင်ရပါတော့တယ်။ အဲဒီတော့ ဒီနေ့အထိ ကျနော့ဘလော့ဂ်လေး အသက်ဆက်နိုင်အောင် ကူပေးတဲ့ အလွမ်းအိမ်ကိုလဲ ကျေးဇူးအထူးတင်ရှိကြောင်း ဒီနေရာမှ ပြောချင်ပါတယ်။ နောက်တယောက် ကတော့ ပီးနပ် ပဲဖြစ်ပါတယ်။ ကျနော်က ကိုယ့်ဘာကိုယ်သာ မလုပ်တတ်တာ လုပ်ချင်တာတော့ အများသားလားဗျ။ အဲဒီတော့ အဲလို စိတ်တိုင်းကျ အပူကပ်ရမဲ့ သူကို ကပ်ရ တာပေါ့။ သယ်ရင်းလေး ပီးနပ်က ကျနော် အကူအညီတောင်းသမျှ တခါမှ မငြင်းပဲ လုပ်ပေးရှာပါတယ်။ ကျနော် ဂျီးများသမျှကိုလည်း စိတ်မဆိုးပဲ လုပ်ပေးရှာတာပါ။ ဒါပေမဲ့ ကျနော့ကို ဂျီးသောက်ယံလို့ နာမည် တပ်ပေး တာတော့ မကောင်းဘူးပေါ့နော် :D။ တမ်းပလိတ်တွေ စိတ်တိုင်းမကျလို့ ပြောင်းခိုင်းတိုင်း ၂ခါ မပြောရပဲ ပြောင်းပေးပါတယ်။ သူဆောက်ပေးတဲ့ ဒီနောက်ဆုံး အိမ်လေးကတော့ ကျနော့ စိတ်တိုင်းကျပါပဲ။ အဲဒီအတွက် သယ်ရင်းလေး ပီးနပ်ကိုလည်း ဒီနေရာက ကျေးဇူးတင်ကြောင်းပါ။ နောက်တယောက်က ကိုစိုးထက်ပါ ကျနော့ ဘလော့လေးကို မှန်မှန်လာလည်တဲ့အတွက်ပါ :D။ နောက်ကျေးဇူးတင် ရမဲ့ သူများ ကျန်ခဲ့သေးရင်လည်း ဒီနေရာကနေပဲ အထူးကျေးဇူးပါလို့။ ကျနော့်ဆိုဒ်လေးကို လာလည်ကျတဲ့ သယ်ရင်းများ အားလုံး ကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ။ ။
ကဲ ကျေးဇူးတင်ကြောင်းပြော အပီးမှာ ကျနော့်ရဲ့ အိမ်တက်မင်္ဂလာလေးကို ကျင်းပပါပီ။ ကိုကဒေါင်းပြောသလို ဘယ်သူကစလိုက်တဲ့ အလေ့အထလဲတော့ မသိဘူးပေါ့နော် အိမ်တက်ပွဲအတွက် ထမင်းပွဲလေးတွေနဲ့ ပြင်ဆင် ပေးလိုက်ပါတယ်။ လိုအပ်တဲ့ ပုံလေးတွေကို သုံးခွင့်ပေးတဲ့ ၀ိုင်အေအမ်စီ ဖိုရမ် နဲ့ လုလုဝိုင်းတော်သားများကို အထူးပဲ ကျေးဇူးတင်ပါကြောင်း။ ။
ကဲ သုံးဆောင်နိုင်ပါပီ ခင်ဗျာ။ အ၀သာစားဗျ ကုန်သွားလည်းအရေးမကြီးဘူး :D ။
Labels: ကျနော့မှတ်စု
မြန်မာ Lyric ကို ဒီနေရာ မှဝင်ရောက်လည်ပတ်နိုင်သလို ဆိုဒ်ဘားမှ လင့်ခ်မှလည်း ၀င်ရောက် လည်ပတ် နိုင်ပါတယ်။
Labels: ဟိုဟိုဒီဒီရေးထားတာတွေ










