၃၁ သြဂုတ်လ ၂၀၀၈ …
…………………………………………………………………………………………………………………
ဒိုင်ယာရီ စာအုပ်ထဲမှာ အဓိပ္ပါယ်မဲ့ လျှောက်ရေးခြစ် နေမိတယ်။ နောက်ဆုံး ရေးထား တဲ့ စာမျက်နှာကို ကြည့်မိတော့ လွန်ခဲ့တဲ့ သုံးလကျော်က ရေးထားတဲ့ အကြောင်း အရာကလည်း စိတ်ပျက်စရာမို့ အရသာခံပြီး မကြည့်နိုင်တော့။ တကယ်ဆို ရေးစရာတွေ ရှိနေတယ်။ ကိုယ့်ဘာသာ ၀န်ခံရမှာလား လိမ်ရမှာလား အတော် ခက်ခဲနေတယ်။ ဒီစာအုပ်လေး ထဲမှာ ငါလုပ်ခဲ့သမျှ ကောင်းတာ ဆိုးတာ ခါးသီးခဲ့တဲ့ နေ့ရက်တွေ ပျော်ရွှင်စရာ နေ့ရက်တွေကို ရေးချမိခဲ့တာပဲ။ အပြင်မှာ ဖောက်ခွဲထွက်ဖို့ မလွယ်ကူတဲ့ ငါ ဒီစာအုပ်လေးတွှေက ငါ့ရဲ့ ပေါက်ကွဲရာ နယ်မြေပါပဲ။
ဘုရားရေ .. ဘယ်လို အသိဥာဏ်မျိုးနဲ့ ငါ ကိုယ့်ကိုယ်ကို လိမ်ဖို့ ကြိုးစားမိပါသလဲ။ အတွေးတွေက ရှုပ်ရှက်ခက်ကာ စာအုပ်ပေါ် ကြည့်မိတော့ အဓိပ္ပါယ်မဲ့ ရေးခြစ်ထားတဲ့ အရာတွေ။ Damn It !! ခပ်ဝေးဝေး နေစမ်းပါကွာ။ ယောင်လို့ တောင် ငါ့ခေါင်းထဲ နောက်တကြိမ် မ၀င်လာပါနဲ့။
Labels: ကျနော့မှတ်စု, ခံစားချက်