စိတ်လေခြင်း

ကိုယ့်ဘလော့ဘက် ကိုယ် ခြေဦးမလှည့်တာလဲ ကြာပီ။ တခါ တခါ ငါ့ဘလော့လေးမှ ရှိသေးရဲ့လားလို့ ၀င်ဝင် ကြည့်မိတာက လွဲလို့ ယောင်လို့တောင် မလှမ်းမိ။ ဘာမှ မရေးထားတာကို လမ်းမှား ရောက်လာပီး ဖတ်သွားကြတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါရဲ့။ ဘာဆို ဘာမှကိုမလုပ်ချင် စိတ်ထဲ လေနေတာပဲ သိတယ်။ မဖြစ်သင့်မှန်း မလုပ်သင့်မှန်း သိသိကြီးနဲ့ မနိုင်ဝန်ထမ်းနေမိတာ ကိုယ့်အပြစ်နဲ့ ကိုယ်ပဲလေ ခံပေါ့ လို့ပဲစိတ်ထဲက ကိုယ့်ကိုယ်ကို အပြစ်တင်နေမိတယ်။ စပီးတော့မှလည်း နောင်တ မရချင်ဘူး သူများတွေတောင် လုပ်နိုင်သေးတာ ငါဘာလို့ မလုပ်နိုင် ရမှာလဲလို့ အားတင်းလိုက် ပြန်လုပ်လိုက်နဲ့ပဲ အရမ်းပင်ပမ်းလာတယ်။ လက်လျှော့ချင်နေပီ။ သင်္ဘောပေါ် မှာနေရတာလဲ အရင်လို ပျော်စရာမကောင်းတော့ဘူး။ အင်းလေ ငါက နဂိုထဲကမှ ဒီလောကမှာ ပျော်မှ မပျော်ခဲ့တာပဲ။ ဖြစ်နိုင်ရင် ရုန်းထွက်သွားချင်တယ်။ တဘက်ကလည်း အမေ့ကို စိတ်မပျက်စေချင်ဘူး။ အမေ ငါ့ကို သိပ်အားကိုး လွန်းတယ်။ အဲဒါက ငါ့ရဲ့ စိတ်ကို သိပ်လေးစေတယ်။ ရွယ်တူလူငယ်တွေလို ပျော်ပါးချင်တဲ့ စိတ်တွေ ငါ့မှာလည်း ရှိပါတယ်။ စိတ်ကို လွှတ်လိုက်မယ် ကြံတိုင်း ဒါကြီးက ခေါင်းထဲ ၀င်လာတယ်။ သင်္ဘောပေါ်က အကိုတယောက် ပြောဖူးတယ် မိသားစု တခုမှာ တယောက်ကတော့ ရင်းရစမြဲပဲ။ ဒါဆို ငါက ငါ့မိသားစုအတွက် ရင်းရမဲ့ လူလား? ။ စိတ်ညစ်တယ် ဆိုတာထက် စိတ်လေနေမိတာ။ စစ်တပ်တခုလို စည်းကမ်းတင်းကျပ် လွန်းတဲ့ ဒီသင်္ဘောပေါ်မှာ အလုပ် လုပ်ရတာ တကယ် မပျော်တော့ဘူး။ ညစ်နေတုန်းရှိသေး စည်းကမ်းအသစ်က ထပ်ထွက်လာတယ်။ ဘယ်နေရာ သွားသွား အိုင်ဒီ တပ်ထားရမယ်တဲ့။ တော်တော့ကို ခက်ခဲတဲ့ ကိတ်စပါ အမှုမဲ့ အမှတ်မဲ့ ထသွားတာနဲ့ အိုင်ဒီမေ့ကျန်ခဲ့ရင် သေပီ။ အခန်းကလွဲလို့ ပြင်ပ ဧရိယာမှာ CCTV က အပြည့်။ သုံးခါမိရင် TERMINATE တဲ့။ စည်းကမ်းတွေ လာရွတ်ပြနေတဲ့ မန်နေဂျာကို စိတ်ထဲက ဆဲမိတယ်။ မုန်းတယ်ကွာ စည်းကမ်းဆိုတာကို။ ။

0 Comments:

Post a Comment



Newer Post Older Post Home

Blogger Template by Blogcrowds.