အားလပ်ရက်တနေ့တာ

မနေ့က ထုံးစံအတိုင်း တလတခါ ရတဲ့ Shore Leave ကို ဆင်းပီး ဖြုန်းခဲ့သုံးခဲ့ ကြတယ်လေ အရင်လတွေ အတိုင်းပဲ သိပ်ပီး ထူးခြားတာမရှိလို့ အတိအကျကြီးတော့ မရေးတော့ပါဘူး။ ဒီတခေါက်မှာ လွဲချော်ခဲ့တာဆိုလို့ သူငယ်ချင်းတယောက် Boat Drill မှာ Suspension ထိထားလို့ အောက်ဆင်းဖို့ရာ သက်ဆိုင်ရာ အရာရှိရဲ့ ခွင့်ပြုချက်လိုတာကြောင့် လိုက်ရှာရင်း ကျနော်တို့နဲ့အတူ ပါမလာနိုင်ပဲ ကျန်ခဲ့ပီး နောက်ဖယ်ရီနဲ့ မှသာ ပါလာနိုင်တာ တခုပဲ လွဲချော်ခဲ့ပါတယ်။ ဒီတခေါက်မှာ ထူးတာဆိုလို့ ကျနော့် ချစ်သူငယ်ချင်း တွေဆီကို ဖုန်းခေါ်ခဲ့တာပါပဲ။ ဖုန်းခေါ်တာဘာထူးဆန်းလဲလို့ မေးကောင်းမေးစရာရှိပါတယ် မလောပါနဲ့ ပြောပြမှာပါ :D။ ဒီလိုပါ ကျနော်ခေါ်ခဲ့တဲ့ သူငယ်ချင်းတွေဆိုတာက အပြင်မှာ ပေါင်းသင်းခဲ့တဲ့ သူငယ်ချင်းတွေမဟုတ်ပါဘူး ကျနော့် အွန်လိုင်း ချတ်ရွမ်းက အချစ်ဆုံးသူငယ်ချင်း သုံးယောက်ဆီကို ခေါ်ခဲ့တာဖြစ်ပါတယ်။ သိတဲ့အတိုင်းပါပဲ အွန်လိုင်းမှာ တွေ့ကြတာဆိုတော့ အရမ်းခင်ပေမဲ့လည်း ကျနော်တို့စကားမပြောဖြစ်ခဲ့ကြပါဘူး ချတ်ရွမ်းမှာ စာသားတွေနဲ့အိုင်ကွန်တွေနဲ့ ပြောရင်းဆိုရင်းနဲ့ပဲ ခင်မင်ရင်းနှီးခဲ့ကြတာပါ။ ကျနော်ကိုယ်တိုင် ဖုန်းမခေါ်ခင် စဉ်းစားပါသေးတယ် တချို့သူငယ်ချင်းတွေက အထဲမှာ ရင်းနှီးကြပေမဲ့ အပြင်မှာ ဖုန်းခေါ်ရင် ဘာညာ မကြိုက်ကြဘူးလေ။ ဒါပေမဲ့ ကျနော်တို့က တယောက်နဲ့ တယောက် အရမ်းချစ်ကြတာမို့ ကျနော်ခေါ်ခဲ့ပါတယ် ကျနော်ကသာ စိတ်ထဲ လျှောက်တွေးနေပေမဲ့ သူငယ်ချင်းတွေက အရမ်းချစ်ဖို့ကောင်းပါတယ် ချတ်ထဲမှာ စကားပြောသလိုပဲ တကယ့်ကို အပြောအဆို မပျက်ပါဘူး။ အဲ သုံးယောက်ထဲက တယောက်ကတော့ ဘယ်လိုမှ ခေါ်လို့မရလို့ မခေါ်ဖြစ်ခဲ့ပါဘူး။ ဒါလေးက ကျနော့်အတွက် အမှတ်တရပါ။ နောက်တခုက ကျနော့်ရဲ့ အခန်းဖော် သူငယ်ချင်းက အပြီးပြန်တော့မှာ ဖြစ်တဲ့အတွက် နှစ်ယောက်လုံး တခါမှ မလုပ်ဖူးတဲ့ အရက်တူတူဝယ်သောက် ကြမယ်ဆိုပီး ၀ယ်ခဲ့ကြပါတယ်။ တခါမှမလုပ်ဖူးဘူးဆိုတာ မသောက်ဖူးတာကို ဆိုလိုတာမဟုတ်ဘူးနော် ဒီလို ၀ယ်သောက်တာ ဒါပထမဆုံးပါလို့ အရင်တုန်းကတော့ ကိုယ်တွေက ယမကာကြိုက်သူတွေလဲမဟုတ်တော့ ၀ယ်မသောက်ကြပါဘူး မဖြစ်မနေ ပါတီ ပွဲတွေရှိမှသာ ကုန်းဆင်းကြတာများပါတယ် :D ။ အဲဒီလို မလုပ်ဖူးတာကို လုပ်မိလို့လားမသိပါဘူး။ ကိုယ်တွေရွေးလိုက်တဲ့ အမျိုးအစားက ဖြစ်ချင်တော့ ကုန်နေပါတယ် Cancel လဲ လုပ်လို့မရပါဘူးတဲ့ အဲဒါနဲ့ သူတို့ သွားယူတာကို ၄၅ မိနစ်နီးပါး စောင့်ခဲ့ကြရပါတယ်။ နောက်တခုကတော့ ကျနော့်ဆီမရောက်တော့ဘူး ထင်တဲ့ ကျနော့် သူငယ်ချင်းတယောက်ပို့ထားတဲ့ လက်ဆောင်ပစ္စည်းလေးဟာ မနေ့ကညမှာပဲ ရောက်လာပါတယ်။ တန်ဖိုးနည်းတာ များတာ မဟုတ်ပဲ တယောက်ယောက်ဆီက လက်ဆောင် ရရှိရင် ပျော်တတ်တဲ့ ကျနော့်အတွက် တကယ့်ကိုပျော်ရွှင်ခဲ့ရပါတယ်။ အဲဒီသူငယ်ချင်း ကတော့ တခြားသူ မဟုတ်ပါဘူး မိုးပြေး ပဲ ဖြစ်ပါတယ်။ သူငယ်ချင်းရေ ဒီနေရာကပဲ ပြောတော့မယ် ကျေးဇူးပါလို့ :P ။

မိုးသောက်ယံ



0 Comments:

Post a Comment



Newer Post Older Post Home

Blogger Template by Blogcrowds.