တဆစ်ချိုး

ဒီနေ့ကတော့ ကျနော့်အတွက် အပျော်ဆုံးနဲ့ ဘ၀မှာ အမှတ်တရ အဖြစ်ဆုံး နေ့တနေ့ပါပဲ။ ဘာလို့လဲဆိုတာကို ကျနော်ပြောပြပါမယ်။ ဒီနေ့ညဘက် Check In ၀င်တော့ ကျနော်တို့ Dept ရဲ့ တလတခါ ပြုလုပ်တဲ့ အစည်း အဝေးရှိပါတယ်။ ဒီလိုညမျိုးဆို ကျနော်တို့ Attendant တွေအားလုံးဟာ စိတ်အနည်းငယ် ညစ်ညူးတာတော့ အမှန်ပါပဲ ဘာလို့ဆိုတော့ Day Shift Staff တွေဟာလည်း တနာရီခွဲလောက်နေပီးမှ အဲဒီအစည်းအဝေးကို တခါ ပြန်လာရတာပါ။ Night Shift Staff တွေဟာလည်း ၄၅ မိနစ်လောက် စောပီးဝင်ရတာဖြစ်တဲ့ အတွက်ပါ။ ဒါပေမဲ့လည်းပေါ့ဗျာ မတက်ရင်လဲ Warning Letter က ကိုယ်ကတောင်းစရာမလိုပဲ ကိုယ့်ဆီ အော်တို ရောက်လာမှာ ဆိုတော့ကာ မချစ်သော်လည်း အောင့်ကာနမ်းပေါ့။ ရှင်းပြနေတာနဲ့ ရှည်နေပီ ကဲ ကျနော် ဘာကြောင့်ပျော်ရသလဲ ဆိုတာကို ပြောပြပါမယ်။ ဒီနေ့အစည်းအဝေးမှာ ကျနော်ဟာ ရိုးရိုး Attendant ကနေ နောက်တဆင့်ကို ကံထူးစွာနဲ့ Promote ရရှိလိုပါပဲ။ ဘာကြောင့် ကံထူးစွာလို့ သုံးရလဲဆိုရင် ကျနော့ရဲ့အရှေ့မှာ တန်းစီနေတဲ့ Senior တွေက အများကြီးပါ။ ဒီအများကြီးကို ကျော်ပီး ရရှိခဲ့တာဖြစ်လို့ ကံထူးစွာလို့ သုံးရခြင်း ဖြစ်ပါတယ်။ ရာထူးတက်တော့ ဘာဖြစ်လဲ ? လစာပိုရတာပေါ့ဗျာ ရှင်းရှင်းလေးပါ ။ လစာပိုရတော့ ပျော်တာပေါ့ အဟဲ ။ ဒီသတင်းကို ထုံစံအတိုင်း Memo မထွက်ခင်တည်းက သို့လော သို့လော ကြားခဲ့ရပေမဲ့ ကျနော် မယုံရဲ ခဲ့ပါဘူး။ ရမယ်လို့လဲ ထင်ကိုမထင်ထားခဲ့တာပါ။ အဲဒီကြားက ရခဲ့တော့ ပျော်တာတော့ အမှန်ပါပဲ။ ဘ၀မှာ ပထမဆုံး လုပ်တဲ့အလုပ်မှာ ပထမဆုံးရာထူးတက်ခြင်း ဖြစ်တဲ့အတွက် အရမ်းကိုပဲ ခံစားရတဲ့ ခံစားချက်က မြင့်မားပါတယ်ဗျာ။ ဒီသတင်း သိသိရခြင်းတုန်းက မသေချာတဲ့ အတွက် မေမေ့ကိုတော့ မပြောပြသေးပဲ ချစ်သူငယ်ချင်းမလေး နှစ်ယောက်ကိုသာ ပြောပြပီး ရင်ခုန်ခဲ့ရတာပါ။ သေချာပီဆိုတော့မှ သက်ပြင်းကို ဒုန်းဒုန်း ချနိုင်တော့တာပါပဲ။ ကျနော်ရှေ့က စီနီယာအကိုတွေကတော့ အားနာမိတာ အမှန်ပါပဲဗျာ။ ကဲ ခုတော့ မေမေ့ဆီ ဖုန်းဆက်ပီး ကြွားဦးမယ်ဗျာ။


မိုးသောက်ယံ

0 Comments:

Post a Comment



Newer Post Older Post Home

Blogger Template by Blogcrowds.