ကဲ ဘလော့စလုပ်တည်းက ဘာ အကျွေးအမွေးမှလဲ မလုပ် ဘာဧည့်ခံပွဲမှလည်းမလုပ် ကျေးဇူးတင်သင့်တဲ့ သူတွေကိုလည်း ကျေးဇူးမတင်ရသေး ခုမှပဲ ကျေးဇူးတင်ပွဲနဲ့ အိမ်တက်ပွဲလေး လုပ်တော့မယ်နော် ။ ဒန့် တန့် တန့် .. ပထမဆုံး ကျေးဇူးတင်ရမှာကတော့ ကိုညီလင်းဆက်ပါပဲ ဘလော့ဂ်တွေ လိုက်ဖတ်ရင်း တဖြည်းဖြည်း စိတ်ဝင်စား လာတော့ ကိုယ်တိုင် လုပ်ကြည့်မယ် ကြံတော့ ဘယ်က စလုပ်ရမှန်း မသိဘူးလေ အဲဒါနဲ့ ချတ်ရွမ်းက အမ တယောက်ကို မေးကြည့်တော့ သူက ကိုညီလင်းဆက် ရဲ့ လင့်ခ်လေးကို ပေးပါတယ် အဲဒီကနေ လေ့လာ ကြည့်ပေါ့တဲ့။ ဒါပေမဲ့လည်း သူ့ဆိုဒ်ကို တော်တော်နဲ့ မရောက် ဖြစ်သေးပါဘူး အလုပ်ရှုပ် နေတာက တကြောင်း ချတ်ထဲမှာ အချိန် ကုန်နေတာနဲ့ တကြောင်း မစဖြစ် ခဲ့ပါဘူး တလလောက် နေတော့မှ လုပ်မယ်ဟဲ့ ဆိုပီး ဘွတ်ခ်မာ့ခ် လုပ်ထားတာလေး ပြန်ရှာကြည့် ကိုညီ့ စာလေးတွေ ဖတ်ရင်း ဖတ်ရင်းက ဘလော့လုပ်မယ်ဆိုရင် ဇော်ဂျီဖောင့် ဘယ်လို assign လုပ်ရမယ် ဆိုတာတွေ့ပီး ဘလော့လည်း စတင် လုပ်ဖြစ် လာတာပါပဲ။ သူ့ဆီ ကမှ တဆင့် ကိုမောင်လှဆီ ရောက်ပါတယ်။ နောက်နေ့ တွေမှတော့ စလုပ် သူတွေရဲ့ ထုံးစံအတိုင်း အခက်အခဲ တွေကြုံတွေ့ လာရတာပေါ့ဗျာ။ ချတ်ထဲမှ ညီငယ် တယောက်ကပဲ အကိုလုပ်မယ်ဆို ဒီစာအုပ်လေး အတိုင်း ကြည့်လုပ်ချေ ဆိုပီး ကိုစေတန်ဂေါ့ဒ်ရဲ့ ဘလော့လုပ်နည်း PDF လေးကို ပေးလာပါတယ်။ သူပြောထား တဲ့အတိုင်း လိုက်လုပ် ကြည့်လိုက်တော့ ကျနော့် ဘလော့ဂ်လေး စပေါ် လာတော့တာပါပဲ။ ရုပ်လုံးသာပေါ်လာတာ စာတွေကတော့ ကောင်းကောင်း မပေါ်သေးဘူးဗျာ တချို့နေရာတွေမှာ ? တွေ ပေါ်နေတာ ဆိုတော့ကာ အတော့ကို စိတ်အဆင်းရဲ သားလားဗျ။ နေ့တိုင်း ဆီဗုံးတွေ အော်ပီး အကူအညီ တောင်းရတာလည်း အမောပေါ့။ နောက်ဆုံးကိုယ်ကသာ စာတွေတင်တယ် သူများတွေမေးတော့ မြင်ရတယ် ကိုယ်ကျတော့ကိုယ့်စာ ကိုယ်မမြင်ရဘူး။ ကဲ နောက်ဆုံး ဒီလောက်တောင်ရှိလှတာ ဖျက်ပစ်မယ်ဆိုပီး ဘလော့ကို ပြန်ဝင်တုန်း တိုက်တိုက်ဆိုင်ဆိုင် အလွမ်းအိမ်လေးက gtalk မှာ လာအတ်ပီး ကူပေးတော့မှပဲ ကောင်းကောင်းမွန်မွန်ကို မြင်ရပါတော့တယ်။ အဲဒီတော့ ဒီနေ့အထိ ကျနော့ဘလော့ဂ်လေး အသက်ဆက်နိုင်အောင် ကူပေးတဲ့ အလွမ်းအိမ်ကိုလဲ ကျေးဇူးအထူးတင်ရှိကြောင်း ဒီနေရာမှ ပြောချင်ပါတယ်။ နောက်တယောက် ကတော့ ပီးနပ် ပဲဖြစ်ပါတယ်။ ကျနော်က ကိုယ့်ဘာကိုယ်သာ မလုပ်တတ်တာ လုပ်ချင်တာတော့ အများသားလားဗျ။ အဲဒီတော့ အဲလို စိတ်တိုင်းကျ အပူကပ်ရမဲ့ သူကို ကပ်ရ တာပေါ့။ သယ်ရင်းလေး ပီးနပ်က ကျနော် အကူအညီတောင်းသမျှ တခါမှ မငြင်းပဲ လုပ်ပေးရှာပါတယ်။ ကျနော် ဂျီးများသမျှကိုလည်း စိတ်မဆိုးပဲ လုပ်ပေးရှာတာပါ။ ဒါပေမဲ့ ကျနော့ကို ဂျီးသောက်ယံလို့ နာမည် တပ်ပေး တာတော့ မကောင်းဘူးပေါ့နော် :D။ တမ်းပလိတ်တွေ စိတ်တိုင်းမကျလို့ ပြောင်းခိုင်းတိုင်း ၂ခါ မပြောရပဲ ပြောင်းပေးပါတယ်။ သူဆောက်ပေးတဲ့ ဒီနောက်ဆုံး အိမ်လေးကတော့ ကျနော့ စိတ်တိုင်းကျပါပဲ။ အဲဒီအတွက် သယ်ရင်းလေး ပီးနပ်ကိုလည်း ဒီနေရာက ကျေးဇူးတင်ကြောင်းပါ။ နောက်တယောက်က ကိုစိုးထက်ပါ ကျနော့ ဘလော့လေးကို မှန်မှန်လာလည်တဲ့အတွက်ပါ :D။ နောက်ကျေးဇူးတင် ရမဲ့ သူများ ကျန်ခဲ့သေးရင်လည်း ဒီနေရာကနေပဲ အထူးကျေးဇူးပါလို့။ ကျနော့်ဆိုဒ်လေးကို လာလည်ကျတဲ့ သယ်ရင်းများ အားလုံး ကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ။ ။


ကဲ ကျေးဇူးတင်ကြောင်းပြော အပီးမှာ ကျနော့်ရဲ့ အိမ်တက်မင်္ဂလာလေးကို ကျင်းပပါပီ။ ကိုကဒေါင်းပြောသလို ဘယ်သူကစလိုက်တဲ့ အလေ့အထလဲတော့ မသိဘူးပေါ့နော် အိမ်တက်ပွဲအတွက် ထမင်းပွဲလေးတွေနဲ့ ပြင်ဆင် ပေးလိုက်ပါတယ်။ လိုအပ်တဲ့ ပုံလေးတွေကို သုံးခွင့်ပေးတဲ့ ၀ိုင်အေအမ်စီ ဖိုရမ် နဲ့ လုလုဝိုင်းတော်သားများကို အထူးပဲ ကျေးဇူးတင်ပါကြောင်း။ ။


ကဲ သုံးဆောင်နိုင်ပါပီ ခင်ဗျာ။ အ၀သာစားဗျ ကုန်သွားလည်းအရေးမကြီးဘူး :D ။



ထမင်း

ဝက်ကုန်းဘောင်

ငါးသလောက်ပေါင်း

ဒန့်သလွန်၊ငါးခြောက်၊ အာလူးချဉ်ဟင်း

ဒါလေးကတော့ စားပီးသောက်ပီး အချိုတည်းဖို့ပေါ့

မိုးသောက်ယံ


2 Comments:

  1. kthuyein said...
    ဂွတ်ရှယ်ပဲ .. အ၀တီးသွားတယ် .. ပါဆယ်ပါ ဆွဲသွားတယ် .. ဟိဟိ :P
    လင်း said...
    အားပါးပါး ကောင်းမှကောင်းဘဲ။ ဒန့် သလွန်သီးချဉ်ရည်
    ကတော့ရှယ်ဘဲ။ ငါးသလောက်ပေါင်းတွေ နင်းကန်အုပ်
    သွားတာမို့  ထမင်းလုံးစီလိုက်အုံးမယ်။ ရာထူးတက်တာ
    လည်းမုန့် ကျွေးအုံးလေ။ အိမ်တက်နဲ့ တော့ပေါင်းလို့ 
    မရဘူးနော်။ နောက်တစ်ပွဲ လာထား

Post a Comment



Newer Post Older Post Home

Blogger Template by Blogcrowds.