တိုတောင်းတဲ့အချိန်တွင်းမှာ
ရင်းနှီးးစွာခင်မင်ခဲ့ရတယ်
တဒင်္ဂဆိုတဲ့အချိန်အတွင်းမှာ
မေ့မရနိုင်တဲ့ပျော်ရွှင်မှုတွေကိုပိုင်ဆိုင်ခဲ့ရတယ်
ငယ်သူငယ်ချင်းတွေမဟုတ်ပေမဲ့
ရင်းနှီးပွင့်လင်းကြတဲ့မင်းတို့စရိုက်တွေကြောင့်
အရမ်းကိုခင်မင်မိသွားတယ်
နောင်တချိန်ဒီလိုအချိန်မျိုးကိုပြန်လိုချင်မိတယ်
သူငယ်ချင်းတို့ရယ်...
မိုးပြေး
Labels: ကဗျာ, မိုးပြေးရဲ့ရင်ခုန်သံ
မာနကိုလှော်တက်လုပ်လို့
လှော်ခတ်နေတဲ့ငါ့အတွက်
အေးချမ်းမှုကိုမရနိုင်ပေမဲ့
အောင်မြင်မှုကတော့စောင့်နေမှာပါ။
မိုးပြေး
ကုန်သွားပီ။
Labels: ကဗျာ, မိုးပြေးရဲ့ရင်ခုန်သံ
အားလုံး Merry Christmas ပါ ။
Christmas Party တွေ နေရာ အနှံ့မှာ ဆင်နွှဲနေကြပီဟုတ်။ ကျနော်တို့ သင်္ဘောမှာလည်း ခရစ်ယာန် ဘာသာဝင်တွေပေါင်းလုပ်တဲ့ Party တွေ ရှိပါ့ဗျာ။ မနေ့က တပွဲ ဒီနေ့တပွဲ ၂ပွဲပေါ့။ မနေ့ညကတော့ တီးဝိုင်းတွေ BBQ တွေ၊ ယာမကာ နဲ့ အပျော်အပါး ကစားစရာတွေနဲ့ စည်လို့နေပါတယ်။ ကျနော်လဲ ခဏတဖြုတ်တော့ တက်ဦးမှ ဆိုတဲ့ အတွေးနဲ့ ခဏတက်ကာ BBQ လေးနည်းနည်းစား Christmas Song လေးတွေ ခဏတဖြုတ်နားထောင်ပီး လူများတဲ့ ဒဏ်ကို မခံနိုင်လို့ ပြန်ဆင်းကာ အင်တာနက် ခဏတဖြုတ် သုံးပီး အိပ်ယာဝင်ခဲ့ပါတယ်။ အိပ်ပျော်လို့ အိပ်မောကျတဲ့အချိန်ကျမှ MERRY CHRISTMAS TO YOU ALL !! ဆိုတဲ့ အသံကြောင့် ကျနော်ဇဝေဇ၀ါဖြစ်ခဲ့ရပါတယ်။ အိပ်မောကျစအချိန်မို့ အိပ်မက်လား တကယ်လား ဆိုတာ ရုတ်တရက် ခွဲခြားလို့ မရခဲ့ပါဘူး နောက်မှ သီချင်းဆက်ဆိုတော့မှ ဒါဟာ အိပ်မက် မဟုတ်ပဲ တကယ့် အဖြစ်အပျက် ဆိုတာ သိခဲ့ရပါတော့တယ်။ အိပ်ယာက လိုက်ကာလေး အသာလှစ်ကြည့်လိုက်တော့ ဘုရားရေ ကျနော်တို့ရဲ့ Manage၊ Senior Supervisor၊ Pit Boss၊ Bond Store Supervisor နဲ့ လုံခြုံရေး အကိုကြီး တယောက်တို့ပါ။ အားလုံးဟာ မြန်မာတွေ ချည့်ပါပဲ ။ အခုမှ ပဲ အစောပိုင်းက ကျနော်တို့ဆီက ဂစ်တာ ခဏငှားပါလားဆိုပီး လာငှားသွားတဲ့ အကြံအစည်ကို သိပါတော့တယ်။ အားလုံးကလည်း Dept အသီးသီးက တာဝန်ရှိလူကြီးတွေဆိုတော့လည်း အိပ်ချင်ပေမဲ့ ပြုံးပြုံးလေး နဲ့ သီချင်းပီးအောင် နားထောင်ရတာပေါ့။ သီချင်းကတော့ ခရစ်စမတ်တွေမှာ ကြားနေကျ “ ဒီအိမ်ပေါ်သို့ ကောင်းချီးမင်္ဂလာ ရောက်စေသောဝ်” ဆိုတဲ့ သီချင်းပါပဲ။ သူတို့အထဲမှာက တကယ့် ခရစ်ယာန်ဘာသာဝင် ၂ယောက်သာ ပါ ပါတယ်။ ကျနော်လည်း ငိုရခက် ရယ်ရခက်နဲ့ လူကြီးတွေ မူးပီး လာဆိုကျတာဆိုတော့လည်း ငြိမ်ပီးနားထောင်နေရတာပေါ့။ သူတို့လည်း သီချင်းပီးရော ကျနော်လည်း MERRY CHRISTMAS ဆိုပီး ချော့ကလက်လေးတွေ တခုစီ လက်ဆောင် ပြန်ပေး လိုက်ပါတယ်။ အဲဒီတော့မှ ကဲ ဆက်အိပ် ဆက်အိပ် ဆိုပီး တခြား အခန်းတွေဆီ ဆက်သွားပါတော့တယ်။ အဟဲ ကျနော့ Christmas Eve Day ကတော့ ဒီလိုနဲ့ပဲ ကုန်ဆုံးသွားပါပီဗျာ။
မိုးသောက်ယံ
Labels: ရောက်တတ်ရာရာ
အလုပ်ဝင်တော့လည်း စိတ်က ဘာကို အလိုမကျလို့ မကျမှန်းမသိပါဘူး အလုပ်လုပ်ရတာကို အစဉ်မပြေဘူး နေ့လည် ထမင်းစားတော့လည်း ဘာဟင်းမှ မရှိ စားရတာအစဉ်မပြေ ခရီးသည်တွေကလည်း ဒီနေ့မှ အရမ်းများပီး လျှောက်စရာ နေရာတောင် မရှိ အော်လိုက်ကြတာလဲ ငါးစိမ်းသည် အရှုံးပေးရလောက်တယ်။ ဒီလောက်များတဲ့လူတွေ ဘယ်အချိန်ပြသနာ ထတက်မလဲ မသိဘူး စဉ်းစားနေတုန်း ရှိသေး အဘွားကြီး တယောက်က အဘိုးကြီး တယောက်ကို Roulette ကစားတဲ့ နေရာမှာ ဖောင်းခနဲ နားပန်ကျင်းလိုက်တာတွေ့လိုက်ရတယ် (စိတ်ထဲကတော့ ဘုရား တော်တော် လက်သွက်တဲ့အဘွားကြီး ဆိုပီး ကျိတ်ချီးကြူးမိတာပေါ့ :D) စိတ်ထဲက တွေးနေလို့ မဖြစ်ဘူးလေ ဟိုမှာက စကားများပီး ထချကြတော့မယ် အဘိုးကြီးကလည်း အသင့်နေရာ ယူပီးပီ သူတို့ကြည့်ရတာ တကယ့်ကိုဖိုက်ကြ တော့မယ် ပုံပေါက်နေတယ် အဘိုးကြီးက နေရာသာယူထားတာ တကယ်ဆော်နေတာက အဘွားကြီးဗျ တော်တော်လက်သွက်တယ်ဗျာ အနားဝန်းကျင်ကြည့်တော့ ကျေးဇူးရှင် လုံခြုံရေးတွေက တယောက်မှကို မရှိဘူး အဲဒါနဲ့ မနေတတ်မထိုင်တတ် သွားဝင်ဆွဲတယ်ပေါ့ဗျာ .. အဲဒီတော့မှ အဘိုးကြီးက မင်းနောက်မဆုတ်ရင် မင်းကို ထိုးမယ်တဲ့ ကျနော်လည်း ပါးစပ်လေး အဟောင်းသားနဲ့ ဘုရား တလိုက်ရတာပေါ့ ဘယ့်နှယ် ကိုယ်နဲ့မဆီမဆိုင် တော့ မခံနိုင်ပေါင် ကျနော်လဲ သင်ထားတာတွေက အလကား မဟုတ်ပဲလေ နောက်ကို အသာလေးလှမ်း လောက်ကို ဆုတ်ပလိုက်တယ် စက်ကွင်းက လွတ်ပီလေ :D နောက်တော့မှ ရေဒီယိုနဲ့ခေါ်တော့မှ ကိုယ်ရွှေချော လုံခြုံရေးတွေ အသည်းအသန်ရောက်လာပီး ဆွဲတယ်။ နောက်တော့ ကျနော့်ကို မေးလိုက် မြန်းလိုက်တာ တရားခံအတိုင်းပဲ ဘာမှ ကို မဟုတ်ပဲ အမှုတွဲထဲ ၀င်ပါနေတာလေ။ စိတ်ညစ်ပါတယ်။ ညနေ အလုပ်ပီးလို့ အွန်လိုင်းတက်တော့လည်း ညီကို တွေ့တာနဲ့ ကိုယ်က ကောင်းကောင်း သြ၀ါဒပေးနေတာ ပီးတောင် မပီးသေးဘူး ဟိုဘက်က အင်းမလုပ် အဲမလုပ် Reply မလာလို့ မသင်္ကာတာနဲ့ အပေါ် ဘားလေးကို ကြည့်တော့မှ သင်းက အောက်သွားပီ ဘယ်ရမလဲ ဖုန်းမဆက်ချင်လို့ ဒီမှာ ပြောတာကို အောက်သွားတော့လည်း ဖုန်းဆက်ပီး ပြောရတာပေါ့ အဲဒီတော့မှ သင်းက ပြောတာက အင်တာနက်ဆိုင်မှာ ကိုးနတ်ချင် ဒေါင်းသွားလို့တဲ့။ ဖြစ်မှ ဖြစ်ရလေ လို့ တရုံမှ တပါး တခြား မရှိတော့ပီလေ။ ဒီမှာကလဲ ရေလည်ခေါင် လိုင်းက မိတချက် မမိတချက်နဲ့ ညကလည်း နက်နေပီဆိုတော့ ဟင်းး လို့ သက်ပျင်းချပီး အိပ်တာပဲ အေးချမ်းတယ်လို့ သဘောပိုက်ကာ စောစောစီးစီး လိမ်မာလိုက်ရတော့တာပေါ့ဗျာ။ လွဲလိုက်တဲ့ အလွဲတွေနော် …..
မိုးသောက်ယံLabels: ကျနော့မှတ်စု, ရောက်တတ်ရာရာ
မဖိတ်ခေါ်ပဲရောက်လာခဲ့တဲ့မင်း
မလိုအပ်ပဲနဲ့ရရှိခဲ့တဲ့သံယောဇဉ်
မတောင်းဆိုပဲနဲ့ပေးတဲ့ခဲ့အချစ်
မနှင်ထုတ်ပဲနဲ့ထွက်သွားခဲ့တဲ့မင်း
ဒါတွေကိုငါဘယ်လိုနားလည်ရမလဲ
ဒါပေမဲ့
ငါ့ရင်ထဲမှာတော့
မင်းအတွက်
နေရာလေးတခုတော့ရှိနေမှာပါ။ ။
မိုးပြေး
Labels: ကဗျာ, မိုးပြေးရဲ့ရင်ခုန်သံ
မပြုံးချင်ပေမဲ့လို့
ဟန်ဆောင်မှုတွေနဲ့ပြုံးနေခဲ့ရတယ်
ငါ့ရင်ထဲက ခံစားချက်တွေကို
ဘယ်သူသိနိုင်မှာလဲ
ပြန်မရနိုင်တော့တဲ့အချိန်တွေ
ပြင်မရတဲ့မှားယွင်းမှုတွေ
မဆုံးနိုင်တဲ့နောင်တတွေနဲ့
ဒီရင်ထဲမှာ
မင်းကိုရင်မောစွာနဲ့လွမ်းနေတယ်ဆိုတာ
မင်းသိမယ်ဆိုရင်
တို့ကျေနပ်ပါပြီ...........။
မိုးပြေး
Labels: ကဗျာ, မိုးပြေးရဲ့ရင်ခုန်သံ
အားလုံးကို မိတ်ဆက်ပေးချင်ပါတယ်။ အခုဆိုရင် ကျနော့ရဲ့ အခန်းငယ်လေးဟာ တဦးတည်းပိုင် မဟုတ်တော့ ပါဘူး။ မိုးပြေးဆိုတဲ့ ကျနော့် သူငယ်ချင်း တယောက်ပါလာပါပီ။ အရာရာကို တယောက်တည်းလုပ်ရမှာ ပျင်းတဲ့ ကျနော် သူငယ်ချင်းမင်တဲ့ ကျနော်ဟာ ထုံးစံအတိုင်းတူတူ လုပ်ဖို့ ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။ ကဗျာ တွေ ရေးရမှာ ပျင်းတဲ့ကျနော့ (ရေးကိုမရေးတတ်တာ :D) ဘလော့ဂ်လေးမှာ မိုးပြေးက ကဗျာ တွေကို အလျှင်းသင့် သလို တင်ပေးသွားမှာဖြစ်ပါတယ်။ ကျနော် သူငယ်ချင်းကို အားပေးပါဦးလို့။
ဖွက်မည့်စာရေးရန်
Labels: ကျနော့မှတ်စု
ပင်လယ်ပြင် အကျယ်ကြီးထဲမှာ မိုးက အပြည့်ရွာတယ် ဆိုတာ ရှားလှပါတယ်။ ဟိုတကွက် ဒီတကွက် ကွက်ကျား မိုးသာ ရွာတာ အများအားဖြင့်တွေ့ဖူးပါတယ်။ မိုးရွာတဲ့ တကွက်က ရွာ မရွာတဲ့နေရာက မရွာနဲ့ တော်တော်ကို ကြည့်လို့ကောင်းပါတယ်။ ကျနော်လဲ ကြည့်နေရင်းနဲ့ အတွေးက ငယ်ငယ်တုန်းက အချိန်ကို ပြန်ရောက် သွားပါတယ်။ ကျနော်ဟာ ငယ်ငယ်ကတည်းက မိုးရာသီကို အလွန်နှစ်ခြိုက်ပါတယ် မိုးရွာပီလားဟေ့ ဆို ဘောလုံးကိုယူပီး လမ်းပေါ်ပြေးဆင်းတော့တာပဲ သူများတွေက မိုးသည်းတဲ့အထိစောင့်ကြတယ်လေ။ အဲဒီလို ပြေးပြေးဆင်းတတ်လို့လည်း တခါတခါ မိုးက မသည်းပဲ ပြန်တိတ်သွားတဲ့အခါ အူကြောင်ကြောင်နဲ့ အိမ်ပေါ် ပြန်တက်ရပေါင်းမနည်းပါဘူး ဒါလဲ အမှတ်မရှိခဲ့ဘူးလေ နောက်တခါရွာပီဆို ဆင်းတာပါပဲ။ မှတ်မှတ်ရရ ကျနော် ပထမနှစ်ကျောင်းသား ဘ၀အထိ မိုးရေထဲ ဘောလုံးကန်တုန်းပါပဲ။ နောက်တခုက ကျနော်ဟာ ကြာဇံဟင်းခါး၊ မုန့်တီ၊ ရှောက်သီးသုပ် အတော့်ကို ကြိုက်ပါတယ် မိုးတွင်းမှာ ဆိုင်ကောင်းကောင်းလေးတွေမှာ လိုက်စားလေ့ ရှိပါတယ်။ ကျနော့သူငယ်ချင်းတွေက တကောင်မှ မစားဘူးလေ မိန်းမစာတဲ့ စပ်လွန်းလို့တဲ့ တခါကျနော် အတင်းစားခိုင်းတာ ဒီကောင်တွေ ၀မ်းပါပျက်လို့ ဒုက္ခအတော်များသွားတယ်။ နောက်ပိုင်းကျနော်စားချင်တဲ့အခါ လိုက်တော့ ပို့ရှာပါရဲ့ ဘေးမှာပဲ ငုတ်တုတ်လေးတွေ ကျနော်စားတာ ထိုင်ကြည့်ရရှာတယ်။ နောက် ကျနော် နဲ့ ကျနော့်သူငယ်ချင်းတယောက် မိုးရွာတုန်းမှာ ခရေပင်လမ်းမှာ တကူးတက သွားပီး လမ်းလျှောက်ဖူးတာလဲ အမှတ်တရပါပဲ။ မိုးရွာထဲမှာ လမ်းလျှောက်ရတာကို တကယ်ပဲ နှစ်သက်လှပါတယ်။ အများအားဖြင့် ကျနော် ဟာလဲ ထီးယူလေ့ ယူထ မရှိတဲ့ လူငယ်တယောက်ပါပဲ။ အဲဒီလို ထီးမယူသွားလို့ မိုးရွာတဲ့အခါ Style ဘယ်လောက်ပဲ့ပဲ့ မိုးရွာထဲမှာ လမ်းလျှောက်ပါတယ်။ တခါကလည်း ကားနဲ့ အင်းလျားကန်ဘောင်ရှေ့က ဖြတ်တုန်း မိုးရွာတာနဲ့ ကျနော်တို့ တဖွဲ့လုံး ကားရပ်ပီး မိုးရေထဲ ဆင်းဆော့တာလဲ တကယ့် ကို ပျော်စရာ ကောင်းလှပါတယ်။ အပြင်မထွက်ချင်တဲ့အချိန်မျိုးမှာဆိုရင်တော့ ကော်ဖီခါးခါးတခွက်ဖျော်ပီး မိုးသံလေသံတွေကို နားအရသာခံရင်ခံ မခံရင် စာအုပ်တအုပ်နဲ့ ငြိမ့်နေတတ်တာပါပဲ။
တွေးနေရင်းက လေကြောင်းပြောင်းလို့ မျက်နှာကို လာစင်တဲ့ မိုးစက်အေးအေးတွေကြောင့် လန့်ဖျပ်ပီး နာရီကို ကြည့်တော့ ဘုရားရေ ဘရိတ်ခ်ပြည့်လို့ ၃ မိနစ်တောင်စွန်းနေပီ ဘေးက ကော်ဖီအေးအေးကို တကြိုက်တည်း မော့ကာ ပြေးဆင်းခဲ့ပါတော့တယ်။ အင်း နောက်တဘရိတ်ခ် လဲပေးရမဲ့ လူကတော့ ဆဲတော့မှာပဲ လို့ ကြိုတွေးရင်း အမောတကောနဲ့ အလုပ်ပြန်ဝင်လုပ်ရပြန်တော့တာပေါ့ဗျာ။
Labels: ဟိုဟိုဒီဒီရေးထားတာတွေ
တကယ့်ကို အမှတ်ရစရာတွေပါ ပီးခဲ့တဲ့ နှစ်ကတော့ ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့ သင်္ဘောပေါ်မှာပဲ ကျနော့်ရဲ့ ဒီဇင်ဘာဟာ ကုန်ဆုံးခဲ့ပါတယ် ဒီနှစ်လဲ ဘာထူးလဲ ဒီလိုပါပဲ မနက်ဖြန် သန်ဘက်ခါ ဆို ဒီကောင်တွေ သွားပါတော့မယ် မနေ့ တနေ့က သူငယ်ချင်းတွေ G-talk မှာ တွေ့တော့ ပြောတော့ စိတ်မကောင်းဖြစ်မိပါတယ် ချက်ချင်း ပြန်ချင်စိတ်ကို မနည်း ထိန်းထားရတယ် .. သူငယ်ချင်းတွေကတော့ ပြောပါတယ် ရှေ့နှစ် ပြန်လာပေါ့ တဲ့။
ကဲ 2008 ဒီဇင်ဘာကိုသာ စောင့်မျှော်ရင်း သူငယ်ချင်းတွေ ပို့ပေးမဲ့ ဓာတ်ပုံတွေ စောင့်ရင်း ကျနော့်ရဲ့ ပျင်းရိစရာ ဒီဇင်ဘာညတွေကို ဖြတ်သန်းရဦးမှာပေါ့ ။
Labels: ကျနော့မှတ်စု
အဆက်အသွယ်ပြတ်တာလဲ မပြောပါနဲ့ ကျနော်ရဲ့ ပင်ကိုယ်ကိုက အေးအေးနေတတ်တာကြောင့်လဲပါ ပါတယ်။ ရောက်စ ဒီက လူတွေနဲ့ သိပ်မသိခင်တုန်းကလည်း ကျနော်ဟာ ကိုယ့်ဘာသာ ဖာသီးဖာသာ နဲ့ နေထိုင်ခဲ့ပါတယ်။ အလုပ်ချိန် အလုပ် လုပ်ပီး နေ့ရက်တွေ ကုန်ဆုံးလွယ်အောင်ဆိုတဲ့ ရူးကြောင်ကြောင် အတွေးအခေါ်နဲ့ အလုပ်ပီးတာနဲ့ အိပ်တာ များပါတယ်။ နိုးလာတဲ့ အချိန်မှာလဲ တယောက်တည်း ပင်လယ်ကြီးကိုငေးပီး အတွေးတွေနဲ့ ကုန်ခဲ့တဲ့ အချိန်ဟာ များပါတယ်။ အဲ အချိန်အနည်းငယ် ကြာလို့ သူငယ်ချင်းအပေါင်းအသင်းတွေ ရလာတော့လည်း သိပ်မကွာခြား လှပါဘူး။ ဒီလိုပါပဲ ဘရိတ်ခ်နားချိန် ရတဲ့ နာရီဝက် သို့မဟုတ် ၂၀ မိနစ်မှာပင် ကျနော်ဟာ လူအများစု နားနေတဲ့ ကဖေးတီးရီးယားလို နေရာမျိုးမှာ အနားမယူပဲ အခန်းသာ ပြန်ပီး နားလေ့ ရှိပါတယ်။ အခန်းဖော်က အိပ်နေရင် လည်း ဒီအတိုင်းအမှောင်ထဲမှာသာ ငုတ်တုတ်ပေါ့။ နောက်ပိုင်း ကွန်ပျူတာ ၀ယ် အင်တာနက်သုံးတော့ ပိုဆိုးတာ ပေါ့ လုံးဝကို အပြင်နဲ့ အဆက်ပြတ်သွားတာ။ အခု မနက်မှ ကိုယ့်ဘာသာ သိလိုက်ရတယ်။ ကာစီနိုမဖွင့်ခင် လူကြီးတွေစကားပြောနေလို့ အနားကဖြတ်သွားရင်း အမှတ်မထင်ကြားလိုက်တဲ့ စကားကြောင့် ကိုယ်လဲ သူတို့ စကားဝိုင်းထဲ ရောက်သွားတော့တာပေါ့။ ပြောတဲ့ အကြောင်းက ဘုရားရေ .. သရဲ ရှိတယ်တဲ့။ ဟုတ်မှာပါ ကျနော် တို့ သင်္ဘောသက်တမ်းက ၁၀ နှစ်ရှိပါပီ။ ကျနော်မရောက်ခင်ကတည်းက ဟိုးအရင်ကတည်းက အကြောင်း အမျိုးမျိုးကြောင့် သင်္ဘောပေါ်မှာပဲ အသက်သေဆုံးခဲ့တဲ့ ခရီးသည်တွေ ၀န်ထမ်းတွေရှိခဲ့ပါတယ်။ ရှိပါတယ်လို့ ပြောကြသော်လည်း မတွေ့တာက တကြောင်း အဲဒီလောက်ကြီး စိတ်မ၀င်စားတာကြောင့်လည်း အာရုံမစိုက်ခဲ့ ပါဘူး။ ခုဟာက တော်တော့ ကို ထူးဆန်းနေပီး။ လူအတော်များများလဲ ခံရပီး ဖြစ်တာကြောင့် ကျနော် ကိုယ်တိုင် လဲ စိတ်ဝင်စားခဲ့ရတာပေါ့။ သူတို့ ပြောနေတာတွေ နားထောင်ပီး ခံရတဲ့သူတွေက ဘယ်လိုနေတယ်မသိ။ ကျနော် ကိုယ်တိုင်တော့ ကြက်သီးအနည်းငယ်ဖျန်း မိသွားတာတော့ မရှက်မကြောက် ၀န်ခံရမှာပါ။ ထူးဆန်းတာက ဒီသရဲခြောက်တာက ဖိလိပိုင် လူမျိုးတွေချည့်ပဲဖြစ်လို့ ဖိလိပိုင်သရဲမလို့တောင် ပြောကြရတဲ့ အထိပါပဲ။ ပထမဆုံး အခြောက်ခံရတာကတော့ ကျနော်တို့ရဲ့ စာရင်းဇယားတွေ လုပ်ကိုင်ဖို့အတွက် စာရေးတွေ ရှိပါတယ်။ ဖိလိပိုင်လူမျိုး အမျိုးသမီးပါတဲ့။ ညဘက် သူအလုပ်လုပ်နေတုန်း (ညဘက်ဆိုပေမဲ့ သင်္ဘောထဲမှာ နေ့မှန်းညမှန်းမသိ အမြဲ လင်းထိန်နေတာမို့မကွာပါဘူး) အဲကွန်းရှိရက်နဲ့ ပန်ကာထပ်ဖွင့်ထားပါတယ် အဲဒီ စာရေးမက .. ပြသနာက အဲဒီမှာ စတာပါပဲ ရုံးခန်းမို့ စာရွက်တွေရှိမယ်ဆိုတာ စဉ်းစားလို့ရလောက်ပါတယ်။ ပန်ကာလေကြောင့် စာရွက်တွေ လွင့်တာဟာ မဆန်းပါဘူး။ ဒါပေမဲ့ သူ့ကျတော့ ဆန်းပါတယ် မြောက်သွားတဲ့ စာရွက်တွေဟာ ပြန်ကျလာတဲ့အခါ လေအဟုန်မရှိတော့တာကြောင့် ဖြေးဖြေးလေးပြန်လွင့်လာရမှာပါ ဒါပေမဲ့ လူတယောက်က စာရွက်ကို လက်နဲ့ကိုင်ချသလိုကို အမြန် ဇိုးဇိုးဇတ်ဇတ် ကျလာတာပါတဲ့။ သူလဲ သင်္ကာမကင်း ဖြစ်လို့ အနားသွား ကြည့်မယ်ကြံတော့ ပန်ကာ ခလုတ်တွေဟာ ပြေးနေပါတယ်တဲ့ နောက် Swing လုပ်ထားတဲ့ ပန်ကာကို လူတယောက်က ကိုင်ထားသလို ရပ်နေပီး အသံတွေထွက်နေတာနဲ့ အဲဒီအမျိုးသမီးလည်း မနေရဲ တော့ပဲ ဆင်းပြေးလာရပါတယ် ဒါက ပထမဆုံးအဖြစ်အပျက်ပါ။ နောက် တယောက်က ကျနော်တို့ရဲ့ Senior Supervisor ဖိလိပိုင်လူမျိုးပါပဲ သူဟာ ညဘက် ရုံးခန်းထဲမှာပဲ ကွန်ပျူတာတလုံးနဲ့ အလုပ်လုပ်နေတုန်း တိတ်ဆိတ် နေတဲ့ အခန်းမှာ နာရီက စက္ကန့်သံသွားတာ တချပ်ချပ် ကြားရမှာ ပုံမှန်ပါ ဒါပေမဲ့ အဲဒီ တချပ်ချပ်ဟာ သူပြောပုံအရဆို အတော့်ကို ဆူညံတဲ့အထိ ဖြစ်လာတယ်လို့ ပြောပါတယ် နောက် သူသွားပီး ဖြုတ်ကြည့် ပြန်တပ်ကြည့်တော့မှ ညိမ်သွားပါတယ်တဲ့ နောက် သူအလုပ်ဆက်လုပ်နေတုန်း သူ့နားရွက်နားကို လေနဲ့ ကပ်မှုတ်သလို ခံစားရပါတယ်တဲ့ နောက် လေချွန်သံလိုမျိုးလဲ ကြားရပါတယ်တဲ့ တဆက်တည်း သူ အလုပ် လုပ်နေတဲ့ ကွန်ပျူတာ ပါ ပိတ်လိုက် ဖွင့်လိုက် ဖြစ်နေလို့ သူမကြောက်ပေမဲ့ ဆက်နေဖို့ မရဲတာကြောင့် ပြန်ဆင်းလာတယ်ဆိုပါတယ်။ နောက်ပိုင်းရက်တွေ သူသွားလုပ်ရင်လည်း တယောက်တည်း မသွားတော့ပါဘူး တယောက်ယောက် ခေါ်သွားလေ့ရှိပါတယ် အဲဒီတယောက်ကလည်း ဖိလိပိုင် လူမျိုးမဟုတ်ပါဘူး။ နောက်ဆုံး ကတော့ မနေ့က တင်ပါ ကျနော်တို့ သင်္ဘောဟာ ကာစီနို ခရီးသည်တင် သင်္ဘောဖြစ်တာနဲ့အညီ နေရာတိုင်းမှာ နေရာမလပ် CCTV Coverage အပြည့်ဖြစ်ပါတယ်။ မနေ့ညကတော့ CCTV Room မှာ တာဝန်ကျတဲ့ ဖိလိပိုင် အမျိုးသား တယောက်ဟာ အဲဒီဖြစ်ပွားတဲ့ ရုံခန်းမှာပဲ စက္ကူပုံးတွေ တင်တဲ့အပေါ်မှာ အဖြူရောင် ၀တ်ရုံရှည် ၀တ်ထားတဲ့ အမျိုးသမီးတယောက်ဟာ ဆံပင်အရှည်ကြီး ချပီး ခေါင်းငိုက်စိုက်ချကာ ထိုင်နေတာကို အမှတ်မထင် တွေ့လိုက်ရပါတယ်တဲ့ သူကလည်း ဒီနေရာဟာ ခရီးသည်တွေအတွက် ကန့်သတ်ထားတဲ့ နေရာဖြစ်လို့ ဘယ်သူမှ မသိပဲ ၀င်လာတဲ့ ခရီးသည် ဖြစ်တယ်ထင်လို့ ပြောဖို့ ထွက်ပီး အကြည့်မှာ မရှိတော့ပါဘူးတဲ့ ဒါနဲ့ သူလဲ ခုနက Recording လုပ်ထားတဲ့ အခွေကို ပြန်ရစ်ကြည့်ပါသတဲ့ လုံးဝကို အစအန မတွေ့ရတော့တာပါတဲ့ ခဏနေတော့ CCTV Room ကို တံခါးလာခေါက်ပါတယ်တဲ့ သူကင်မရာကနေကြည့်တော့ ခုန အမျိုးသမီး ပုံစံပဲ ဖြစ်လို့ သွားဖွင့်ကြည့်ပြန်တော့ မရှိပြန်ပါဘူး အဲဒါနဲ့ သူလဲ အနည်းငယ် တုန်လှုပ်လာပီး ရေဒီယိုကနေ တဆင့် ပြောတဲ့အခါ ရေဒီယို Volume ဟာ အဆမတန် ကျယ်လာပီး ဘာသံမှန်းမသိတဲ့ ဆူညံသံတွေ ၀င်လာပါတယ်တဲ့ နောက်ဆုံး သူလဲ အဖော်ကို ဖုန်းဆက်ကာ ခေါ်ရပါတော့တယ်။ ဒီ ဖြစ်ရပ်ဟာ ကျနော့ အနေနဲ့ တကယ်ဖြစ်တယ်လို့လက်ခံသည် ဖြစ်စေ လက်မခံဘူး ဖြစ်စေ တော်တော့ကို ထိတ်လန့်မိတာကတော့ အမှန်တကယ်ပါ သရဲကြောက်တယ်ရယ်လို့တော့ မဟုတ်ပါဘူး နားထောင်နေရင်းနဲ့ ကို အနည်းငယ် ကြက်သီး ထမိတာကတော့ အမှန်ဖြစ်ပါတယ် ကိုယ်နေတဲ့ နေရာဝန်းကျင်ဖြစ်နေတာလည်း ပါတာပေါ့။ ကျနော်မရောက်ခင် လွန်ခဲ့တဲ့ လေးနှစ်လောက်ကလည်း ဖြစ်ဖူးပါတယ် အဲဒီတုန်းကတော့ ခရစ်ယန် ဘုန်းကြီးတွေရော တရုတ်ဘုန်းကြီးတွေပါ ခေါ်ကာ ဘုရားစာ ရွတ်ဖတ်စေပါတယ်တဲ့ ဒီတခါ ကတော့ ဘယ်လို လုပ်မယ်ဆိုတာ စောင့်ကြည့်ရင်း အဖြူရောင် အမျိုးသမီးနဲ့ တည့်တည့်မတွေ့ပါစေနဲ့လို့ပဲ ဆုတောင်း မိပါတယ် ဗျာ။
Labels: အထူးအဆန်းလေးတွေ
ကျနော် ဒီနေ့ ဂျူတီကျတဲ့ Section က လူနည်းတဲ့ နေရာ ဖြစ်တာကတကြောင်း ဒီရက်ပိုင်း ခရီးသည် နည်းတာကက တကြောင်း (လာကစားသမျှလူတွေလည်း ကုန်ပီလေ) အကြောင်းကြောင်းသော အကြောင်းတို့ ဖြင့် လူမရှိသော Section တွင် ကျနော် တယောက်တည်း ဖြစ်နေကာ အတွေးတို့က ဟိုရောက် ဒီရောက်ဖြင့် ဘ၀ ဆိုသော ခေါင်းစဉ်အောက်ရောက်သွားကာ အတွေးနယ်ချဲ့မိသည် နှင့် ကျနော် တို့ ရှင်သန်နေရ တဲ့ ဘ၀ ဆိုတာကို ဆွေးနွေးချက်တခုအနေနဲ့ ဆွေးနွေးချင်တဲ့ ဆန္ဒလေး တခုဖြစ်လာခဲ့တယ်ပေါ့ဗျာ။ ကျနော် တို့ ၀န်းကျင် မှာ ကြားနေကျ ညည်းနေကျ အသံတွေ ခင်ဗျားတို့လည်း ကြားဖူးပါလိမ့်မယ် “ဘ၀” ဘ နှင့် ၀ နှစ်လုံးတည်း မို့ပဲ တော်တော့တယ် ဆိုတဲ့ စကားမျိုးလေ။ ဒီစကားလေးဟာ နောက်ပြောင် ပြောဆိုကျပေမဲ့ တကယ့် တကယ်မှာ ဟုတ်ပါတယ် တကယ့်ကို နှစ်လုံးတည်းမို့သာ တော်ပါရော့တယ် ဒီထက်များ တလုံးလောက် ပိုလာခဲ့ ရင် တွေးကြည့်တာနဲ့တင် အတော်ကို စိတ်ညစ်ညူးဖွယ်ရာ ကောင်းလှပါတယ်။ ကျနော် ဖတ်ဖူးတဲ့ စာအုပ် တအုပ်မှာ ကျနော်တို့ရဲ့ ဘ၀တွေဟာ စပီး အမိဝမ်းကနေ ကျွတ်လာကတည်းက အရာရာ အားလုံးဟာ အစီ အစဉ် တကျဖြစ်လာတဲ့ အရာတွေ ချည့်ပါပဲတဲ့။ ကျနော်လက်ခံပါတယ် ကျနော်တို့ဟာ တကယ့် အစီအစဉ် တကျ ရေးဆွဲထားတဲ့ လောက ဇာတ်ခုံပေါ်မှာ ကနေရတဲ့ သက်ရှိ ရုပ်သေးတွေဖြစ်ပါတယ်။ ကျနော်တို့ကို လွယ်ထားရပီဆိုတာနဲ့ ကျနော်တို့ မိဘတွေမှာ ကျနော်တို့ အတွက် အစီအစဉ်တွေ ရှိပါတယ်။ ဘယ်ဆေးရုံမှာ မွေးမယ် ဘယ်ဆရာဝန်နဲ့ အပ်မယ် အစရှိသဖြင့်ပေါ့။ အိုကေ ကျနော်တို့ လူ့လောက ရောက်ရှိလာပါပီ ကျနော်တို့ ဘ၀အစ ကျောင်းတက်ရာကနေ ကျနော်တို့ နောက်ဆုံးခရီးအထိ အရာအားလုံးဟာ သူစီစဉ်ထားတဲ့ ဇာတ်ကွက်ထဲမျာ မျောပါသွားတာချည့်ပါပဲ။ ကျနော်တို့တွေမှာ လိုချင်တိုင်း တောင့်တတိုင်း ရရှိခဲ့ဖူးတာများ ရှိခဲ့ပါသလား။ ကျနော့် ဘ၀မှာတော့ မရှိခဲ့ဘူးဗျာ။ အဲလို လိုချင် တောင့်တတိုင်း ရှိခဲ့ပါတယ်လို့ ဖြေတဲ့လူရှိရင် ကျနော် တကယ့်ကို အားကျမိမှာပါပဲ။ ဟုတ်ပါတယ် ချွင်းချက်အနေနဲ့ အဲဒီလို လူမျိုးဟာ ရှိကောင်း ရှိနိုင်ပါတယ် အိုကေဗျာ ကျနော် တထစ်လျှော့မယ် ၉၉% ဟာ လိုတိုင်းတ တောင်းတိုင်းမရခဲ့ကြပါဘူး။ အဲဒီလို လိုတိုင်းတမယ် တောင်းတိုင်းသာ ရမယ်ဆိုရင် ကျနော်တို့ လူ့လောကကြီးဟာ တကယ့်ကို အေးချမ်းပီး ပျော်ရွှင်စရာကြီး ဖြစ်နေမှာပေါ့။ “စိတ်ညစ်လိုက်တာ” ဆိုတဲ့ ဝေါဟာရဟာ ပေါ်ပေါက်လာမှာ မဟုတ်ပါဘူး။ နပိုလီယံက ပြောပါတယ် “မဖြစ်နိုင်ဘူးဆိုတာ သူ့သမိုင်းမှာ မရှိဘူး” တဲ့ သူမသေဆုံးခင်အချိန်ထိ သူ့ဘ၀မှာ သူဖြစ်ချင် တာတွေ ဖြစ်ခဲ့ရဲ့လား ဆိုတာ သူမှ ပဲ သိမှာပါ။ ကျနော်တို့ လက်တွေ့ ရှင်သန် နေရတဲ့ လူ့ဘ၀မှာတော့ မဖြစ် နိုင်တာတွေဟာ တကယ့်ကို အများကြီးပါ။ စဉ်းစားကြည့်လေဗျာ ပစ္စည်းသေးသေးလေးတခုကိုတောင် တခါတလေမှာ လိုချင်ရက်နဲ့ အကြောင်းအမျိုးမျိုး ကြောင့် မရနိုင် လက်လွတ်ခဲ့ကြဖူးတယ်မဟုတ်လား။ အဲဒီလိုဆိုတော့ မဖြစ်နိုင်ဘူးဆိုတဲ့စကားလုံးဟာ နပိုလီယန် လို တခေတ် တယောက်ပေါ်ခဲ့တဲ့ သူရဲကောင်းတွေ အတွက်ဟုတ်ကောင်း ဟုတ်နိုင်ပေမဲ့ ကျနော် အတွက်တော့ အလွန်ခက်ခဲပါတယ် မဖြစ်နိုင်တာတွေ အများကြီးပါ။ ပြောလေ့ ရှိပါတယ် ကြိုးစားရင် ဘုရားဖြစ်တယ်တဲ့ တကယ့်ကို အပြောပဲရှိပီး လုပ်ဖို့ရာမှာ အလွန်ခက်ခဲလှပါတယ် ဇွဲ လုံ့လ ၀ီရီယ ကံ အများကြီး စိုက်မှပါ။ အိုကေ နည်းနည်းလမ်းလွဲနေပီ ကျနော် ပြောတဲ့အထဲ မှာ အကောင်းထက် အဆိုးက ပိုများနေပါတယ် ဒါက တခြား ကြောင့်တော့မဟုတ်ပါဘူး ကျနော် ဖြတ်သန်းရှင်သန်ခဲ့တဲ့ အတွေ့အကြုံတွေက အဆိုးတွေ သိပ်များ နေတယ် ဒါကြောင့်ပါ တခါတလေ စဉ်းစားမိပါတယ် ဘ၀ဟာ အခက်အခဲတွေနဲ့ အချိန်ပြည့်တိုက်ပွဲဝင်နေရတဲ့ အရာ များလားလို့ အတွေးဝင်မိတဲ့ အထိပါပဲ။ တကယ့်ကိုလည်း ပတ်ဝန်းကျင်မှာ မြင်တွေ့ ရှင်သန်နေရတဲ့ ဘ၀တွေ ဟာ ရယ်မောသံတွေထက် စိတ်ညစ်ညူးသံတွေ ပိုများနေလားလို့ ကျနော်သုံးသပ်မိပါတယ်။ ကျနော် စာအုပ် တအုပ်မှာ ဖတ်ဖူးပါတယ် -
သရေးသျှန်းလို့ ခေါ်တဲ့ လူမျိုးနွယ်ဝင်လူစု တခုမှာ သူတို့ရဲ့ မွေးဖွားလားတဲ့ ကလေးတွေကို
ခုမွေးလာတဲ့ အချိန်က စလို့ နောက်သေဆုံးချိန်အထိ တွေ့ကြုံရမဲ့
အခက်အခဲ ဒုက္ခတွေကို ပြောပြပီး ငိုယိုကြပါတယ်
အဲ လူတယောက် သေဆုံးသွားပီဆိုတဲ့ အခါမှာတော့ သူတို့ဟာ အဲဒီလူဟာ လောကကြီးမှာ
သူတွေ့ကြုံနေရတဲ့ ဒုက္ခ အခက်အခဲတွေ စိတ်ညစ်ညူးစရာ အရာခပ်သိမ်းဟာ
ကုန်ဆုံးသွားပီဆိုပီး အဲဒီလူအတွက် ၀မ်းမြောက်ဝမ်းသာ
ခုန်ပေါက် ပျော်မြူးကြပါတယ်။
တဲ့။ အခု လက်တွေ့အကျဆုံး တခုကို ပြောမယ်ဗျာ။ ကျနော်တို့တွေကို ဘ၀စကတည်းက ကျနော်တို့ မိဘ တွေက သွန်သင်ဆုံးမခဲ့ကြပါတယ်။ ကျောင်းနေချိန်မှာ စာကြိုးစားဖို့။ နေ့စဉ်စာကျက်ဖို့ ပညာတတ်မှသာ လူ့ဘ၀ မှာ လူလူချင်း နင်းတာမခံရမှာ ဖြစ်ကြောင်း အမြဲသွန်သင်လေ့ရှိ တာကို သိကြမှာပါ။ ဒါတွေဟာ ဘာအတွက်လဲ ပညာတတ်ရင် အလုပ်ကောင်းကောင်းရအောင်လို့လား? လူ့ဘ၀မှာ သက်သက်သာသာ နေရ အောင်လို့လား? ဂုဏ်ရှိအောင်လား? အများကြီးပါ ဒီနေရာမှာ ၀င်ရောက်စွက်ဖက်လာတာက “ငွေ” ပါ။ ဒီဘက်ခေတ်မှာ ငွေဟာ ဘ၀ကို တန်ဆာဆင် တဲ့ အရေးကြီးတဲ့ နေရာတခုကနေ ပါဝင်လာတာ မငြင်းနိုင်ပါဘူး။ ငွေမရှိပဲ ပညာသင်လို့မရပါဘူး။ ပညာတတ်နေပေမဲ့လည်း ငွေမရှိရင် စီးပွားရေးလုပ်လို့ မရပါဘူး။ အဲဒီ ငွေကြောင့်ပဲ ကိုယ့်ကျင့်သိက္ခာတွေ ယုတ်လျော့ လာကြပါတယ်။ ကျနော်တို့ရှင်သန်ခြင်းရဲ့ အဓိပါယ်ဟာ ငွေရှာ ဖို့လား? မဟုတ်ပါဘူး တကယ့်ကို လွဲချော်နေပါတယ်။ ဒါပေမဲ့ တကယ့် တကယ်မှာ ဘ၀ရှင်သန်ခြင်းဟာ ငွေ ရှာခြင်းဆိုတဲ့ အရာနဲ့ ထပ်တူ အချိုးကျနေပါတယ်။ ငယ်စဉ်တောင်ကျေး လူမှန်းသိတတ် ကတည်းက ကျောင်းတွေတက် ပညာတွေသင် အရာရာ အားလုံးရဲ့ နိဂုံးဟာ ငွေရှာဖို့ ဆိုတဲ့ ခေါင်းစဉ်အောက်ကို ရောက်ရှိ သွားပါတယ်။ မွေးဖွားလာကတည်းက သေဆုံးခြင်းအထိ ငွေနောက်လိုက်ရင်းနဲ့ပဲ ဘ၀ဟာ အဆုံးသတ် ရပါတယ်။ ကျနော်တို့ ခင်ဗျားတို့ ကိုယ်တိုင်လဲ ခု လက်ရှိ လုပ်နေတာဟာဘာလဲ ငွေရှာနေတာပဲ မဟုတ်လား။
ဒါဆို ကျနော်တို့ရဲ့ ရှင်သန်ခြင်း အဓိပ္ပါယ်ဟာ ဘာလဲ ?
နောက်တခု က ကျနော်တို့ တွေဟာ လက်ရှိ ဖြစ်တည်နေတဲ့ ဘ၀ကို အလွန်တွယ်တာကြပါတယ်။ ကျနော်တို့ ကလေးဘ၀မှာ ဆော့ကစား မြူးတာတွေကို ခုံမင်မယ် တွယ်တာမယ်။ ကျောင်းစတက်တဲ့အချိန်မှာ သူငယ်ချင်းတွေကို တွယ်တာမယ်။ မြီးကောင်ပေါက် အရွယ်မှာ ချစ်သူရည်းစား တွေ ရှိလာမယ် အဲဒီ ချစ်သူ ရည်းစားတွေကို တွယ်တာမယ်။ နောက်ပိုင်း မိမိ မိသားစု မိမိဘ၀လေး ရှိလာမယ် ဒါကိုလည်း မြတ်နိုးမယ် တွယ်တာမှာပါပဲ။ ဟုတ်ပါတယ် လူမှန်ရင် အတွယ်အတာ သံယောဇဉ်နဲ့ မကင်းပါဘူး။ ဒါတွေရဲ့ အခြားတဘက် ကို ခင်ဗျားတို့ သိကြရဲ့လား? သိပါတယ် ခင်ဗျားတို့ ကျနော်တို့ သိပါတယ် သိသိကြီးနဲ့ မသိချင်ဟန် ဆောင်နေ ကြတာပါ အဲဒါဘာလဲဆိုတော့ ဖြစ်ပျက် ဆိုတဲ့ သဘောတရားပါ လောကမှာ တည်ရှိနေတဲ့ အရာမှန်သမျှဟာ ဖြစ်ခြင်း ပျက်ခြင်း သဘောတရားနဲ့ မလွတ်ကင်းပါဘူး။ ဖြစ်ပီးရင် ပျက်မဲ့ အရာတွေပါပဲ။ ဒါဆို ကျနော် အပေါ်မှာ ပြောခဲ့တဲ့ အရာတွေအားလုံးဟာ ဒီဖြစ်ပျက်သဘောတရားအောက်မှာ ပျက်စီးသွားပါပီ။ မနက်ဖြန်ဆိုတာ မသေချာပါဘူး။ မနက်ဖြန်ဆိုတာ ဝေးပါသေးတယ် ယခု လက်ရှိအခြေအနေရဲ့ နောက် စက္ကန့်ပိုင်းအတွင်းမှာ မိမိ တို့ ဘာဖြစ်မယ်ဆိုတာ ကျနော်တို့ မသိနိုင်ပါဘူး။ အဲဒီလို ဖြစ်ပျက်သဘောတရားတွေ များပြားနေတဲ့ လောက ကြီးမှာ ကျနော်တို့တွေဟာ နောင် အနာဂတ်တွေထက် လက်ရှိ ပစ္စုန်ပန် အချိန်မှာ ဖြစ်ပျက်နေတာတွေကို ကျေနပ် လက်ခံပီး ပျော်ပျော်ကြီးနေထိုင်မယ်ဆို ကျနော်တို့ ဘ၀တွေဟာ သာယာလှပနေမယ်လို့ ကျနော် ယူဆ မိပါတယ်။ ဒါဆို ကျနော်တို့ ရှင်သန်နေတဲ့ ဘ၀ကြီးမှာ ဘာက အရေးကြီးဆုံးလဲ ? –
ငွေးကြေး ဥစ္စာလား ?
ဂုဏ်ပကာသနလား ?
စိတ်ချမ်းသာမှုလား ?
ကဲ ဒါကတော့ ကျနော်ရဲ့ ထင်မြင်ချက်ပါပဲ။ ကျနော် စာအရေးအသားညံ့တာကြောင့် ကျနော်ဆိုလိုချင်တာကို တိုက်ရိုက် မြင်ချင်မှ မြင်ပါလိမ့်မယ် အကြောင်းအရာတွေ ရှုပ်ထွေးကောင်း ရှုပ်ထွေးနေပါလိမ့်မယ်။ တတ်သလောက် ရေးသားခြင်းသာဖြစ်လို့ သည်းခံစေချင်ပါတယ်။ ဒီဆွေးနွေးချက်လေးဟာ ဘယ်သူ့ ဘယ်သူကိုမှ ထိခိုက် ရေးသား ခြင်း မဟုတ်ပဲ ကျနော် ဖြတ်သန်းရှင်သန်လာတဲ့ ဘ၀တလျှောက်က အကြောင်းအရာတွေကိုသာ ကျနော့ရဲ့ မတောက်တခေါက် ဥာဏ်ရည်နဲ့ သုံးသပ်ထားခြင်းမျှသာဖြစ်ပါတယ်။ နောက်ပီး ဒီပို့စ်ကို ဖတ်ဖြစ်တဲ့ ညီအကို မောင်နှမတွေကသာ စိတ်ပါဝင်စားစွာနဲ့ ပါဝင်ဆွေးနွေးမယ်ဆို ကျနော် ၀မ်းသာမိမှာပါ။ ခင်ဗျားတို့ရဲ့ အမြင်လေး တွေကို ကျနော် မျှော်လင့်ပါတယ်။ မည်သူ့ မည်သူကိုမျှ ထိခိုက်ရေးသားခြင်း မဟုတ်ပဲ ဆွေးနွေးချက် တခုမျှသာ ဖြစ်ကြောင်း ထပ်လောင်းပြောဆိုချင်ပါတယ်။
Labels: ဆွေးနွေးချက်
ကဲ ဒီတလောတော့ သင်္ဘောသား က သင်္ဘောအကြောင်းတွေပဲ ရေးမယ်လို့ စိတ်ကူးထားတယ်ဗျ။ မသိတဲ့ လူတွေလဲ သိရအောင်လို့ပါ။ ကျနော် ဒီတခါ ရေးချင်တဲ့ အကြောင်းက သင်္ဘောပေါ်မှာ လုပ်တဲ့ Emergency Drill အကြောင်းပါပဲ။ ဒီလိုပါပဲ သင်္ဘောသားမှန်ရင် ဘယ်သင်္ဘောပဲ လိုက်လိုက် ဆိုလိုချင်တာက Cargo (ကုန်တင်သင်္ဘော) ပဲ ဖြစ်ဖြစ်၊ Passenger (ခရီးသည်တင် အပျော်စီးသင်္ဘော) ပဲ ဖြစ်ဖြစ်၊ Drill တွေက ပုံမှန် လုပ်လေ့ ရှိပါတယ်။ Emergency Drill ဆိုတာကတော့ မိမိတို့သင်္ဘော အန္တရာယ်ကျရောက်လို့ အရေးပေါ် အခြေအနေ ဖြစ်ပေါ်ခဲ့သည်ရှိသော် ၀ရုန်းသုန်းကားမဖြစ်စေပဲ အစီအစဉ်တကျ မိမိတို့ တာဝန်အတိုင်း လုပ်ဆောင်ပီး အန္တရာယ်မှ လွတ်ကင်းအောင် လေ့ကျင့်တဲ့ လေ့ကျင့်ခန်းတခုပဲ ဖြစ်ပါတယ်။ ဒါမျိုးဟာ ကျနော်သိသလောက်ဆိုရင်တော့ Ship Rules & Regulations အရ ရေယာဉ် မှန်သမျှ မှာ လုပ်လေ့ရှိပါတယ်။ ဒီ Drill ဟာ ကျနော်တို့ သင်္ဘောမှာ တပတ် တခါ လုပ်လေ့ရှိပါတယ်။ အဲ တပတ်တခါဆိုပေမဲ့ Crew တွေ သာ ဖြစ်ပီး၊ ကျနော်တို့ ကာစီနိုဘက်က လူတွေကတော့ ၂ ပတ်မှသာ တခါ လုပ်ရပါတယ်။ သင်္ဘောပေါ်မှာ နှစ်ခြမ်း ကွဲ နေတယ်ဗျ။ Deck သမားတွေ Crew တွေ က တပိုင်း၊ ကာစီနို သမားတွေက တပိုင်းရယ်ပါ။ Crew တွေမှာ Deck သမားတွေ၊ Engine သမားတွေ၊ House Keeping၊ Taylor၊ Laundry man၊ Galley တွေ အစရှိသဖြင့်ပါ ပါတယ်။ ကာစီနို ဘက်ကတော့ Crew ရယ်လို့ မသတ်မှတ်ပါဘူး။ Staff တွေလို့ သတ်မှတ်ထားပါတယ်။ Dept အစုံမှာ မြန်မာတွေရှိပေမဲ့ ကျနော်တို့ ကာစီနိုသမားတွေနဲ့ သိပ်မတည့်လှပါဘူး။ ဒါတွေနောက်မ သပ်သပ်ရှင်းပြပါဦးမယ်။ ကဲ Drill လေး စလိုက်ရအောင်။ ဒီလိုနေ့မျိုးဆို သင်္ဘောပေါ်က လူတွေ အားလုံးဟာ Alert ဖြစ်နေရပါတယ်။ ဘယ်အချိန်မှာ Emergency Alarm ထမြည်မလဲလို့ပေါ့။ သင်္ဘောတိုင်းရဲ့ General Emergency Alarm Signal ဟာ Seven Short and One Long Blast ပါ။ အသံတို ခုနစ်ချက် အသံရှည် တချက်ကို ကြားရင် ဒါဟာ အရေးပေါ်အခြေအနေပါပဲ။ သိထားရမှာက Captain တိုင်းဟာ ဒီလို အရေးပေါ် Alarm ကို လွယ်လွယ်ကူကူ တီးလေ့ မရှိပါဘူး။ အဲ အဲဒီအသံကြားပီဆိုရင်ဖြင့် တကယ့်ကို အန္တရာယ်တွေ့ပီလို့သာ မှတ်လိုက်ပါတော့။ ကျနော်တို့မှာ လုပ်နေကျပုံစံကတော့ Dill စပီဆိုရင် Fire Alarm တီးပါတယ် မီးလောင်နေတယ်ပေါ့။ Fire Alarm ကတော့ Continuous Ringing ပါ။ အဲဒီအချိန်မှာ Fire Team မှာ ပါတဲ့ သူတွေက မီးလောင်တဲ့နေရာကို သွားပီးတော့ မီးညှိမ်းသတ်ရပါတယ်။ Entertainment Staff အများစုကို Fire Team မှာ ထည့်လေ့ မရှိပါဘူး။ Fire Team မှ မဟုတ်ပါဘူး အရေးပေါ် လုပ်ဆောင်ရတဲ့ Group တွေမှာ ထည့်လေ့ကို မရှိတာပါ။ တကယ့်အရေးပေါ် Group တွေမှာ ပါဝင်တာက Crew တွေပါပဲ။ သူတို့ကသာ တကယ်အတွေ့အကြုံရှိပီး သင်္ဘောနဲ့ပတ်သက်တဲ့ အလုပ်တွေကို လုပ်နေရတဲ့ သူတွေမို့ပါပဲ။ မီးငြိမ်းသွားပီဆိုရင် General Emergency Alarm မြည်လာပါပီ အဲဒီလို မြည်လာပီဆိုရင် ကျနော်တို့ဟာ ကျနော်တို့ကိုသတ်မှတ်ပေးထားတဲ့ Emergency Station ကိုသွားရပါတယ်။ အမျိုးမျိုးပါပဲ Water Tight Door တွေပိတ်ရတဲ့ တာဝန်၊ ခရီးသည်တွေကို Assist pass လုပ်ပေးရတဲ့တာဝန်၊ Crowd Management လုပ်ရတာတွေ စသဖြင့် တာဝန်အသီးသီးရှိကြပါတယ်။ ကျနော် Emergency Station ကတော့ Water Tight Door ပိတ်ရတဲ့ တာဝန်ပါပဲ ကံဆိုးသူ မောင်ရှင်လေ L။ တကယ့်ကို ဘယ်သူမှ မလုပ်ချင်တဲ့နေရာပါပဲ အန္တရာယ်အများဆုံးနေရာ မို့ပါ။ ရေ၀င်လာတဲ့အခါ တံခါး ပိတ်ပီးမှ နောက်ဆုံးမှ Life Boat Station ကိုသွားရမှာပါ။ တကယ့်ကို အန္တယ်ရာယ်များလှပါတယ်။ ကဲ ဆက်လိုက်ရအောင် အဲလို Emergency Alarm မြည်လာပီဆို ကိုယ့်စတေရှင် ကိုယ်သွားပီ စာရင်း ပေးကြ ရပါတယ်။ အဲဒါမှ ဒီနေ့လုပ်တဲ့ Drill ကို မိမိတက်ကြောင်း သိနိုင်မှာပါ။ ကိုယ်သာ Absence ဖြစ်ခဲ့ရင် ၁ လ ဒါမှမဟုတ် ၂လ အထိ Shore Leave ပိတ်တတ်ပါတယ်။ ဒါ့အပြင် ကာစီနို စတဖ်ဆိုပါက Casino Management Team ကပေးတဲ့ လစာ Deduction ပါ ရနိုင်ပါတယ်။ ဒါကြောင့် ဒီလိုနေ့မျိုးကို မတက်ပဲ မနေနိုင်ပါဘူး။ အဲ့လို စာရင်းပေးပီးပီဆိုရင် Life Boat Alarm မြည်တဲ့ အချိန်ကို စောင့်ရပါတယ်။ တကယ့်အခြေအနေမှာ Life Boat Alarm မြည်ပီဆိုရင် ဘာမှ မစဉ်းစားပဲ Life Boat ဆီကိုသာ လုပီးပြေးရမှာပါ တကယ့်ကို လိုအပ်လို့ စွန့်ခွာရမဲ့ အခြေအနေမို့ Alarm ပေးတာဖြစ်ပါတယ်။ အဲလိုမြည်ပီဆိုရင် ကျနော်တို့ဟာ ကိုယ့် Life Jacket ကို ကိုယ်ယူပီး မိမိ စီးရမဲ့ Life Boat ကို ပြေးရပါတယ်။ Life Boat မှာမှ Boat Launching လုပ်ဖို့အတွက် အသီးသီးတာဝန် ပေးထားပါတယ်။ Boat ကိုရောက်တာနဲ့ အသီးသီး တက်ပီး မိမိတာဝန်အတိုင်း လုပ်ကြရပါတယ်။ Life Boat Launching လုပ်တဲ့ ကိစ္စဟာလည်း လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး အကြိမ်ကြိမ်လေ့ကျင့်ထားမှသာ တကယ့်အခြေအနေမှာ အခက်အခဲမရှိမှာဖြစ်ပါတယ် (ကျနော်ကိုယ်တိုင် ကတော့ Life Boat Launching ကို စာသာ ရပီး ခုချိန်ထိ ကိုယ့်ဘာသာ ချဆို တကယ့်ကိုမချတတ်သေးတာပါ :D ) အားလုံး Ready ဖြစ်ပီဆိုရင် Captain and Staff Captain က Boat အသီးသီးကို လိုက်ပီးစစ်ကာ စာမေးတတ်ပါတယ်။ မိမိ ဘုတ်အကြောင်း Safety Knowledge အကြောင်း အစုံပေါ့။ အဲကံဆိုးစွာနဲ့ ကိုယ့်ကိုရွေးကာ စားမေးလို့ မရရင်တော့ သေချာပါတယ် Shore Leave တလ ဒါမှမဟုတ် ၂လပါ အပိတ်ခံရပါတယ်။ အကုန်မေးပီးလို့ Captain က P.A System ဖြင့် Abandon Ship အော်ရင်တော့ Good Bye လုပ်ပီး အမိ သင်္ဘောကို စွန့်ရုံသာရှိပါတော့တယ်။ (Captain ရဲ့ Order မရမခြင်း ဘယ်လောက်ပဲ အခြေအနေဆိုးဆိုး သင်္ဘောကို စွန့်ခွာခွင့်မရှိပါဘူး)။ အဲလို အော်ဒါရပီဆိုရင်တော့ Boat Commander တွေက Boat ကို စက်နှိုးပီး သင်္ဘောဝန်းကျင် သရုပ်ပြ မောင်းနှင် ပါတယ်။ (လှိုင်းကြီးနေရင်တော့ မဆင်းရပါ)။ တပတ် မောင်းပီးတဲ့အခါမှာ အပေါ်ကို ပြန်တက်ပါတယ်။ Emergency Drill နဲ့ တွဲပီးတလတခါ လုပ်တာကတော့ Casino Drill ပါ။ ဒါဟာလည်း ကျနော်တို့ ခရီးသည်တင် သင်္ဘောအတွက် အရေးကြီးလှပါတယ်။ အရေးပေါ်အခြေအနေမှာ ကာစီနိုထဲမှာ ပိုက်ဆံတွေ ရှိနေတာကိုး။ အဲဒါတွေကို စနစ်တကျ ထုတ်သယ်ဖို့ တာဝန်တွေခွဲထားပြန်ပါတယ်။ ကျနော်တို့ကာစီနိုစတတ်ဖ် တွေဟာ အဲဒါကြောင့် အပေါ်မှာပြောခဲ့တဲ့ Group တွေမှာ မပါနိုင်တာလဲဖြစ်ပါတယ်။ ဖဲဝိုင်းတွေက Chips ပြားတွေက သိပ်အရေးမကြီးလှပါဘူး အဓိက က ကျနော်တို့ Slot Machines တွေက ပိုက်ဆံတွေဖြစ်ပါတယ်။ ဒီမှာက တကယ့်ပိုက်ဆံတွေဝင်နေတာကိုး Chips ကျတော့ ပြန်လဲရတာလေ။ Slot ရယ် ငွေခန်းက ငွေတွေကို သရုပ်ပြ ထုတ်တာတွေကို လေ့ကျင့်ရပါတယ်။ အဲဒီမှာ ကျနော်တို့ ခံရတာပါပဲ။ Slot Machine တွေက Bill Box တွေက အလေးချိန်မနည်းလှပါဘူး။ သရုပ်ပြတယ်ဆိုပေမဲ့ အနည်းဆုံး လေးငါးလုံးတော့ ပုံးကြီးထဲ ထည့်ပီး ဟိုးအပေါ်ဆုံးက Boat Station ကို သယ်ရတာဆိုတော့ မသက်သာလှပါဘူး။ ကဲ Emergency Drill ဆိုတာကတော့ ဒါပါပဲခင်ဗျာ။
Labels: ဟိုဟိုဒီဒီရေးထားတာတွေ
ကျနော်နဲ့ ဘလော့ဂ်လဲ ဝေးနေတာကြာပါပီ .. ဝေးဆို အလုပ်ကလည်း မအားပဲကိုး .. ကိုယ့်ဘလော့ဂ်လေး ကိုယ် မ၀င်ဖြစ်ပေမဲ့ .. သူငယ်ချင်းတွေရဲ့ ဘလော့ဂ်တွေတော့ ၀င်မြဲ ဖတ်မြဲပါ .. ကိုယ် ကိုယ်တိုင် ရေးအားနည်း ပေမဲ့ သူငယ်ချင်းတွေ ပို့စ်အသစ်မတင်ရင် .. ဘာလို့များလဲပေါ့ .. ပို့စ်လေးတပုဒ်တောင် မတင်ဘူးလားပေါ့ .. ဒီမှာတော့ လာဖတ်လိုက်ရတာပေါ့ .. (အဲ့လိုတကိုယ်ကောင်းဆန်တာလေ အတ္တပေါ့ဗျာ :D) .. ကဲ အခုတော့ ကျနော် ပြန်ရေးပါပီ ခင်ဗျာ .. ဒီတလလုံးကို အပီအပြင်ရေးလို့ရပါပီ .. အဟဲ ကုန်ကြမ်းတော့ လိုတာပေါ့ နော်။
မနေ့ကတော့ ကျနော့်တို့ရဲ့ ဘုရားပွဲလှည့်တဲ့နေ့ပါပဲလို့ .. တလတခါ Ship Maintenance Day ပါပဲ။ ကျနော်တို့ လို တလလုံး သင်္ဘောပေါ်မှာပဲ နေ နေရတဲ့ သူတွေအတွက်တော့ ဒီလို နေ့ဟာ ရွှေပါပဲ။ အဲဒီနေ့ မတိုင်ခင် ညတည ဟာ ကျနော့်အတွက် Nigh Shift မှာ နောက်ဆုံးနေရတဲ့ တညပါပဲ Maintenance Day မှာ အောက်ဆင်းလည်ပီး နောက်နေ့မနက်ကျမှ ကျနော်အလုပ်ပြန်ဝင်ရမှာ ဖြစ်ပါတယ်။ တရက်အနားရတဲ့ သဘော ပါပဲ ဒါပေမဲ့ အောက်ဆင်းရမဲ့ နေ့နဲ့ တိုက်နေတော့ကာ မနားရဘူးပေါ့။ အဲဒီလိုညမျိုးမှာ ၀န်ထမ်းတွေအချင်းချင်း တွေ့ကြရင် မေးတဲ့စကားကတော့ “မနက်ဘယ်သွားမှာလဲ“ ဆိုတာပါပဲ။ ကျနော်တို့ အများဆုံးဆင်းရတဲ့ မြို့ဟာ မလေးရှား Penang ဖြစ်တဲ့အတွက် လည်စရာကတော့ များများစားစားမရှိပါဘူး။ အဓိက ကုန်တိုက်ကြီး တခုရှိ တဲ့နေရာကိုသွား တလစာအတွက် လိုအပ်သမျှဝယ်ခြမ်း ဟိုကြည့် ဒီကြည့်နဲ့ တလတခါ ဟာ မရိုးတမ်းလုပ် နေရ တဲ့ အလုပ်တခုပါပဲ။ အမြဲတမ်း တနေရာတည်း ဆိုပေမဲ့လည်း တလမှတခါရယ်သာ ဆိုတော့ ရှိသမျှ ၀န်ထမ်း မိန်းကလေး ယောကျာ်းလေး မရွေး အကုန်ဆင်းတာ များပါတယ်။ အပေါ်မှာနေရင်လည်း မထူးပဲကိုး။ Ship Maintenance Day ဆိုတဲ့အတိုင်း အကုန်ဆင်းပီဆိုတာနဲ့ ရှိသမျှရေသန့်လိုင်းတွေ ဖြတ်၊ အဲကွန်း ဖြတ်၊ Black Out လုပ်ဆိုတော့ အပေါ်မှာ နေတဲ့လူဟာ အတော့ကိုရှားပါတယ်။ မရှိဘူးရယ်လို့တော့ မဟုတ်ဘူးပေါ့ဗျာ မဆင်းပဲနေတဲ့လူတွေလည်းရှိပါတယ် ဒါပေမဲ့ သူတို့အတွက်ကတော့ အခန်းထဲ အိပ်နေရုံကလွဲပီး ကျန်တာ လုပ်စရာ မရှိလှပါဘူး။ အဲ မီးပြန်လာပီဆိုရင်တော့ ဇိမ်ပေါ့ဗျာ။ ကျနော်ကတော့ သင်္ဘောပေါ်စရောက်ကတည်း ကနေ ဒီနေ့အထိ အဲ့လိုနေ့မျိုးကို လွတ်သွားရိုးထုံးစံမရှိပါဘူး။ လတိုင်းကို ဆင်းတာပါပဲ။ နဂိုကတည်းက ခြေ အငြိမ်နေခဲ့တဲ့ ကောင်မှ မဟုတ်ပဲလေ။ အဲဒီလိုနေ့မျိုး နီးလာပီဆိုရင် ငါတော့ သုံးထားတာများနေပီ ဒီလမဆင်း ပဲနေမှပဲ လို့ အမြဲ တွေးတတ်ပေမဲ့ ဒါဟာ တွေးတဲ့အဆင့်မှာပဲ ကျန်ခဲ့တာပါ တကယ့်နေ့ရောက်လာပီဆိုရင်တော့ မဆင်းပဲကို မနေနိုင်ပါဘူး ဆင်းတာပါပဲ :D
ဒီတခါလည်း ထုံးစံအတိုင်း ဆင်းကြမယ်ပေါ့ဗျာ။ ထုံးဆံအတိုင်းဆိုရင်တော့ ကျနော်တို့ သွားနေကျ သူငယ်ချင်း တွေ ငါးယောက်ရှိပါတယ်။ ကျနော်ရယ် ကျနော့ အခန်းဖော် ၂ယောက် နောက် ဖဲဝိုင်းက သူငယ်ချင်းတယောက်၊ ငွေခန်းက သူငယ်ချင်းတယောက် ပေါင်းငါးယောက်ပါ ဒါကကျနော်တို့ Shore Leave နေ့မျိုးမှာ သွားနေကျ လူစုပါ။ ကျနော်တို့ဟာ ဘယ်လောက်တောင်များ မဆင်းချင်ကြဘူးလဲဆို။ကျနော်တို့ ရေလယ်မှာ ရပ်ထားတဲ့ သင်္ဘောကနေ ကုန်းပေါ်ကိုရောက်ဖို့ ဖယ်ရီနှင့်တဆင့် သွားရပါတယ် မနက် ၈ နာရီကစလို့ပေါ့ဗျာ တနာရီခြား တခါ ရှိပါတယ် အဲ ကျနော်တို့က အဲဒီ ၈နာရီ ပထမဆုံးဖယ်ရီနဲ့ကို ဆင်းနေကြဗျ ။ ည အလုပ်က ပီးတာက မနက် ၇နာရီ။ Check Out ထွက်လာပီဆို ကမန်းကတမ်း ရေချိုး အ၀တ်အစားလဲပီး ၈နာရီဖယ်ရီနှင့် ဆင်းနေကျပါ။ ဒီတခေါက်ကတော့ ကျနော်တို့ အခန်းသား သုံးယောက်ဟာ အဲလို မဆင်းနိုင်ပါဘူးဗျာ။ ဟိုနှစ်ယောက်ကို သာအရင်လွှတ်ပီး တနေရာမှ ချိန်းဖို့သတ်မှတ်ထားရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော် တို့ ရှေ့တပတ် Cabin Inspection တုန်းက Smelly Cabin ဆိုတဲ့ အလွန့် အလွန်ကောင်းတဲ့ ပြစ်ချက်နဲ့ Fail ဖြစ်ထားတော့ကာ ဒီတပါတ် Inspection မှာ ထပ်ကျလို့မဖြစ်ဘူးလေ .. Cabin Inspection ဆိုတာက သင်္ဘောပေါ်က ကျနော်တို့ ၀န်ထမ်းတွေ အခန်းတွေကို သပ်သပ်ရပ်ရပ် နေ မနေ၊ အခန်းထဲမှာ ပျက်စီးမှု ရှိမရှိ လိုအပ်တာတွေကို တောင်းဆိုလို့ ရအောင် Captain, Staff Captain တို့က ဦးဆောင်ပီး လိုက်စစ်တာပဲ ဖြစ်ပါတယ်။ Cabin Inspection ဟာ တပတ်တခါ ကြာသာပတေးနေ့တိုင်းရှိပါတယ်။ Steward မငှားနိုင်တဲ့ ကျနော်တို့ အခန်းက သုံးယောက်သားဟာ အဲလိုနေ့မျိုးမှသာ တပတ်တခါ ရှုပ်ထားတာတွေကို အသေရှင်း ရပါတယ်။ ဒီတပါတ်လဲ ထုံးစံအတိုင်း ရှင်းထားရက်နဲ့ ဘယ်က အနံ့ က ဘယ်လိုထွက်လို့ သူကြီး က ရှုမိတယ် မသိပါဘူး။ ကောက်မှတ်သွားတာ တွေ့ရပါတယ်။ Suspension Cabin List တွေ ထွက်လာတော့မှ သွားကြည့် တော့ ကျနော်တို့အခန်းက Smelly Cabin ဆိုတဲ့ ပြစ်ချက်နဲ့ 2weeks No Shore Leave ပါတဲ့။ ဗုတ်ဒေါ အရင် တပါတ်က ဆိုတော့ No Shore Leave သာဆို ကျနော် တို့ Maintenance Day မှာ ဆင်းနိုင်မှာ မဟုတ်ဘူးလေ။ အဲဒါနဲ့ ကျနော်တို့ဟာလဲ အသည်းအသန် ဆိုင်ရာတွေမှာ လိုက်ပီး အယူခံဝင်ရတော့တာပေါ့။ အဲဒါနဲ့တခန်းချင်း ပြန်စစ်တဲ့ အထူးစပါယ်ရှယ်စစ်ပွဲမှာ ကျနော်တို့ အခန်းဟာ ကံကောင်းထောက်မစွာဖြင့်အောင်သွားတော့တာပေါ့။ (အောင်မှာပေါ့ သူကြီးလာခါနီး ဖျန်းထားတဲ့ Air Fresher က နှစ်ဘူး ကို ကုန်ရော :D) အဲဒီလိုနဲ့ ဒီနေ့ Shore Leave ဆင်းပီး မနက်ဖြန် ကြာသာပတေး Inspection လာမယ်ဆိုတော့ ဒီတခါမပေါ့ရဲတော့ဘူးလေ။ အဲဒါနဲ့ သုံးယောက်သား သဘောတူပီး မသွားခင် ရှင်းကြမယ်ဆိုပီး Check Out ထွက် ၇ နာရီကနေ ၉ နာရီခွဲ ထိ ရှင်းလိုက် ကြတာ ဖတ်ဖတ်ကို မောရောပါပဲ။ (စဉ်းစားကြည့်ကြပေါ့ဗျာ တပတ်ပဲ မရှင်းထားတာ ၂နာရီခွဲ ရှင်းယူ ရတယ်ဆိုတော့ :D )။ အဲလိုနဲ့ ကျနော်တို့ သုံးယောက်သား ၁၀ နာရီ ဖယ်ရီနဲ့ အမှီဆင်းလာနိုင်တာပေါ့။ အရင်လို အေးအေးဆေးဆေး ဆိုင်တဆိုင်မှာ ထိုင်ပီး မစားမသောက်နိုင်တော့ဘူးလေ ရတဲ့ Taxi ငှားပီးတော့ ချိန်းထားတဲ့ ကုန်တိုက်ကိုပဲ အရောက် သွားရပါတော့တယ်။ ဟိုရောက်လို့ဘော်ဒါတွေ စုံမှ မြန်မာဆိုင်မှာ မနက်စာ စားကြပါတယ်။ သိတယ်မဟုတ်လား မြန်မာပဲဗျာ မုန့်ဟင်းခါးပေါ့ ဘူးသီးကြော်နဲ့ ၀ိုက်ပလိုက်တယ်။ ရန်ကုန်မှာလိုတော့ စားလို့ မကောင်းတာ အမှန်ပါပဲ ဒါပေမဲ့လည်း အလွမ်းပြေ ရှိတာလေးနဲ့ ကျေနပ်ရတာပေါ့။ ဒါနဲ့မတင်းတိမ်နိုင်တော့ ဟင်းတွေကျက်လို့ လာချတဲ့ အခါ ကျနော် က ငါးခူကြော်နပ်၊ အမဲသားငရုပ်သီးနဲ့ မွကြော်ထားတာနဲ့ ထပ်ကြိတ်လိုက်ပါတယ် :D (အစားကြီးပုံပြောပါတယ်)။ ပီးတော့မှ အိမ်ကို ငွေပို့ရမလား မပို့ရဘူး ဆိုတာ ဖုန်းဆက်မေးကြတယ်။ ဒါကလည်း မရိုးနိုင်တဲ့ အလုပ်ပါပဲ။ (အိမ်ကသာ ဒီလတော့မပို့နဲ့ ဆိုလို့ကတော့ ကိုယ်တို့ပွဲပဲပေါ့ :D ) ဒါပေမဲ့ အိမ်က ပို့ပါဆိုတာနဲ့ ရှိတာလေး သုံးဖို့ချန်ပီး ပို့လိုက်ရတယ်လေ :( ။ ဒီလိုနဲ့ ငွေပို့ပီး ငွေအားနည်းနေတဲ့ ကျနော်ဟာ ဒီနေ့ တနေ့တာ Window Shopping သာလုပ်ဖို့ စိတ်ကူးလိုက်ပါတယ်။ (ကွမ်းသီးကို ရဲဖမ်းတဲ့လေသံလေ :D)။ မ၀ယ်ဘူးဆိုပေမဲ့လည်း အခန်းအတွက် သုံးယောက် Share ၀ယ်တဲ့ အထဲကိုတော့ ထည့်လိုက်ရသေးတာပေါ့။ အခန်းအတွက်ဝယ်တယ်ဆိုတာကတော့ ဒီလိုပါ အခန်းအတွက်က သူ့ပစ္စည်းကိုယ့် ပစ္စည်းခွဲမသုံးကြလေတော့ တလတခါလိုတဲ့ သွားတိုက်ဆေး၊ ပိုးသတ်ဆေး၊ ဆပ်ပြာမှုန့် အစ .. အစ ရှိသဖြင့်ပေါ့ဗျာ အတူပေါင်းဝယ်ကြပါတယ် အဲဒါကို ဆိုလိုတာပါ။ ကျနော် တို့ဟိုလုပ် ဒီလုပ်နဲ့ ၀ယ်ချမ်းအပီးမှာ နာရီကြည့်တော့ နှစ်ခွဲနေပီဗျာ။ ကျနော်တို့ ကာစီနို Staff တွေက ညနေ လေးနာရီ နောက်ဆုံး အနေနဲ့ ပြန်တက်ရပါတယ်။ ညအလုပ် ၀င်ရမဲ့ သူတွေက ရှိတာကိုး။ မနက်မှ အလုပ်ဝင်မဲ့ သူကတော့ နားပေါ့ ဒီလိုပါ။ အဲ လေးနာရီကျော်ပီးမှ ရောက်လာရင်တော့ Management Team ရဲ့ Decision ဆိုတာကြီးကို ရင်တမမ နဲ့သာစောင့်ပေတော့ဗျို့ ။ ကံမကောင်းရင် Terminate လုပ်တဲ့ အထိ ပြစ်ဒဏ် ရနိုင် ပါတယ်။ ကဲ ပြောနေတဲ့ စကားတောင် ဘယ်ရောက်လဲ မသိတော့ဘူး။ ၂ ခွဲနေတော့ မှ အသည်းအသန် လက်ကျန် ၀ယ်စရာရှိတာကို အပီးဖြတ်ပီး တဂွီဂွီတဂွမ်ဂွမ် ဖြစ်နေတဲ့ ဗိုက်ပြသနာကို နီးရာ တရုတ်ဆိုင်တဆိုင်မှာ ဖြေရှင်းလိုက်ရပါတယ်။ အားလုံးပီးတော့ ၃ခွဲ ဖယ်ရီဆိပ်ကို ငါးယောက်သား အသားကို ကားငှားပီး လစ်ရ ပါတော့တယ်။ တော်သေးတာက ဖယ်ရီ ထွက်ခါနီးလေးမှာပဲ ကျနော်တို့ အောင်မြင်စွာ ဖယ်ရီပေါ်က ခုံငါးလုံးမှာ အမိအရထိုင် နိုင်လိုက်ပါတယ် ခင်ဗျား။ ကဲ တလ Shore Leave တော့ ပီးသွားပြန်ပါပီ။ နောက်လကို စောင့်ရင် ဒီမှာပဲ လေကြောရှည်တာကို ရပ်နားလိုက်ပါတယ်။
Labels: ဟိုဟိုဒီဒီရေးထားတာတွေ
ကျနော် နဲ့ အတိတ် စာမျက်နှာက သူငယ်ချင်းတချို့
မနေ့က အိပ်ခါနီးမှ စိတ်ကူးပေါက်သည်နှင့် ကျနော့ရဲ့ ဒိုင်ယာရီစာအုပ်ဟောင်းလေးကို ပြန်လှန်ကြည့်မိသည် တချို့စာမျက်နှာတွေမှာ ခံစားချက်ပေါ့ပေါ့နှင့်ရေးထားသော အကြောင်းအရာများသာ ဖြစ်ပေမဲ့ တချို့ မျက်နှာ တွေမှာက အဲ့တုန်းက ခံစားချက်တွေကို အတိုင်းသား ပြန်ထင်မြင်စေတဲ့ အကြောင်းအရာ များဖြစ်သည်။ ဖတ်ရင်း အဲ့တုန်းက အကြောင်းအရာလေးများကို ပြန်ခံစားကြည့်မိတော့ ခံစားချက်များက အတိတ်ကခံစား ရသလိုပင် ပြန်လည် ခံစားခဲ့ရသည်။ အဲ တနေရာရောက်တော့ Date က ၄ ဇန်န၀ါရီ ၂၀၀၆ ခုနှစ်။ ဟား … ကျနော် IELTS ကို ဆရာအာသာဆီမှာ တက်စဉ်က အပတ်စဉ်တောက်လျှောက်က ကျနော်တို့သူငယ်ချင်း များ၏ လှော်ကားပျော်ပွဲစား ခရီးစဉ်တခု၏ မှတ်တမ်းကို ရေးထားသော စာမျက်နှာကို ပြန်ဖတ်မိလေသည်။
ကျနော် ဆရာအာသာ အင်္ဂလိပ်စကားပြောသင်တန်းတွင် Basic Level မှ IELTS Advance Level ထိ တက် ခဲ့သည်။ တောက်လျှောက်သင်တန်းကာလက တော်တော်ကြာခဲ့သည် ကျနော်တို့အပတ်စဉ်တွင် ကျနော်လိုပဲ တောက်လျှောက် တက်သည့် သူများသည်။ ဆရာကလည်း အာဝဇွန်းရွှင်ရွှင် တပည့်တွေကလည်း တယောက်တပေါက်ဆိုတော့ ကျနော်တို့အပတ်စဉ် တလျှောက်မှ သူငယ်ချင်းများသည် တယောက်နှင့် တယောက် အတော့်ကို ရင်းနှီးခဲ့ကြသည်။ ဒီလိုနဲ့ ကျနော်တို့ Level တခုအပီးမှာ အားလုံးအမှတ်တရ အနေနှင့် ပျော်ပွဲစားခရီးတခု စီစဉ်လျှင် ကောင်းမည်ဟု ဆရာက အကြံပေးလာသောအခါ ကျနော်တို့တွေ ကလည်း နဂိုကတည်းက စဉ်းစားထားသည် ဖြစ်သည်နှင့် ၄ ဇန်န၀ါရီ ၂၀၀၆ လွတ်လပ်ရေးနေ့ကို စီစဉ်လိုက် ကြသည်။ ထိုကိစ္စမျိုးကို တာဝန်ယူရသည်ကို နှစ်သက်သော ကျနော်နှင့် နောက် သူငယ်ချင်းနှစ်ယောက် (၀ဏ္ဏဇော်၊ ကိုဌေးဦး) သုံးယောက်သား ကျနော်တို့ တာဝန်ခွဲကာ စီစဉ်ခဲ့ကြသည်။ ပိုက်ဆံကိတ်စ တာဝန်ယူသူက ကိုဌေးဦး အားလုံးထံမှ ပိုက်ဆံကောက်ကာ တာဝန်ယူသိမ်းဆည်းပီး မပိုသည့်အပြင် လိုသည် များကိုပါ သူဖြည့်ပေးရတာကို သွားမှတ်မိသည်။ ကပ်ပီးစီစဉ်ရတာ ဖြစ်သည့်အတွက် ကျနော်တို့ အတွက် တော်တော့်ကို ကသီလင်တ နိုင်ခဲ့ရသည်။ သုံးယောက်သား သင်တန်းအပီးတွင် ကိုယ့်အလုပ် ကိုယ်ရှိသည် ကို မသွားဖြစ်ကြပဲ လက်ဖက်ရည်ဆိုင်တွင် ထိုင်ကာ ဒီနေ့ ဘာလုပ်မလဲဆိုတာ တိုင်ပင်ကြရသည် ပီးသည်နှင့် တယောက်ချင်းခွဲလုပ်ရသည့်နေ့များ ရှိခဲ့သလို သုံးယောက်သား တူတူ သွားခဲ့ရသည့် နေ့တွေလည်း ရှိသည်။ အဓိက ကတော့ သွားစရာအတွက် ကားကို မီနီဘတ်စ်လေးတစီး စီစဉ်ခဲ့ကြသည် အစားအသောက်အတွက်က လွယ်လွယ်ကူကူ ဒံပေါက်ပင် အော်ဒါမှာကြသည်။ သုံးယောက်သား စီစဉ်ကြရင်းမှ အကြံကောင်းတခု ရသည်က Address Book လေးလုပ်ရန် ထို့အတွက် အားလုံးကို ဓာတ်ပုံများ လိပ်စာများ နှစ်ရက်အတွင်း လိုက်တောင်းကြရသည်။ ထိုတွင် တချို့ လိုလိုချင်ချင်ဖြင့် ပေးကာ အားပေး သဘောတူကြသော်လည်း တချို့ အပိုတွေဟု ဆိုကာ မပေးသော သူတချို့လည်းရှိသည်။ ထို့အတွက်တော့ စိတ်မကောင်းဖြစ်ခဲ့ရသည်။ ကျနော်တို့၏ Address Book လေးက တချို့နေရာတွေမှာ ကွက်လပ်ကလေးတွေ နှင့် ဖြစ်ခဲ့ရသည်လေ။ ထိုစာအုပ်ကလေးကိုတော့ ကျနော်တာဝန်ယူကာ တရက်တည်း နှင့်အပီးတာဝန်ယူ လုပ်ပေးခဲ့ရသည်။ ထို့အတွက် ကျနော်အပူ ကပ်၍ တခြားအလုပ်များပစ်ကာ ကျနော့ တန်ဖိုးနည်းပီး လက်ဝင်သော စာအုပ်လေးများကို မညည်းမညူ လုပ်ပေးခဲ့သော A+ Print House မှ အကို ကိုမျိုးကိုလည်း အမှန်ပင်ကျေးဇူးတင်မိပါသည်။ ထိုနေ့က သူနှင့် ကျနော် နေ့လည် ၁၂ ကနေ ည၉နာရီ ထိ စာအုပ်ကလေးများ ဖြစ်လာရန် ကြိုးစားခဲ့ကြရသည် ဒီဇိုင်းပိုင်းက ပြသနာမရှိပေမဲ့ ပုံနှိပ်က စကားပြောသွား သည် သိုပေမဲ့လည်း မတတ်နိုင် ဖြစ်အောင်လုပ်ခဲ့ရသည် မနက်ဖြန်မနက်လိုအချိန်မျိုးတွင်ပဲ ခရီးကစတော့ မည်ကိုး။ အဲ့နေ့ ကျနော် အိမ်ပြန်ရောက်တော့ အတော့်ကို စိတ်အေးသွားသည် ကျနော်တို့ခရီးစဉ် ဖြစ်မြောက်ခဲ့ပီးကိုး။ အိမ်ပြန်ရောက်တော့ သူငယ်ချင်းဆီ ဖုန်းဆက်မေးရသည် သူ့ကို Puzzle game အတွက် လိုအပ်သော ပစ္စည်းများကို ၀ယ်ခိုင်းခဲ့သည်ကိုး။ သူ့ဘက်က အားလုံး အိုကေ ဆိုမှ သက်ပြင်း ဒုန်းဒုန်းချနိုင်သည်။ ထို့အတွက် ကျနော်တို့မေ့နေသည်ကို အကြံပေးခဲ့သော ဆရာ ဦးအောင်ဟိန်းဇော် ကိုလည်း တကယ်ကျေးဇူးတင်မိပါသည်။ ဆရာကြောင့်သာ ကျနော်တို့ ပျော်ပွဲစားက အသက်ဝင်ခဲ့သည်လေ ဆရာစီစဉ်သော ဂိမ်းတွေကလည်း တကယ်ပင် တခြားကျနော်တို့ ဆော့ဖူးသော ဂိမ်းများနှင့်မတူ ပွဲတိုင်းလိုလို အူတက်မတက် ရယ်ရသော ကစားနည်းများပင် ဖြစ်သည်။ ထို ကစားနည်းလေး တွေကြောင့်ပင် ကျနော်တို့ သင်တန်းသူ သင်တန်းသားတွေ ပိုရင်းနှီးကာ တချို့ဆို ချစ်သူ များပင် ဖြစ်သွားကြသည်။ ခရီးစဉ်နေ့ကြတော့ ကျနော်တို့ မနက်၆နာရီတွင်ပင် စုရပ်လုပ်ကာ ၇နာရီ နောက်ဆုံး ထား၍ထွက်ခဲ့ကြသည် ကက်ဆက်ဖွင့်သံ ဂစ်တာသံများဖြင့် တလမ်းလုံး ပျော်ပွဲစားခရီး ပီသစွာ အသက်ဝင်ခဲ့ရသည်။ အချိန်တော်တော်များများကတော့ ဆရာ့ဟာသတွေ နားထောင်ရင်း တဟီးဟီး တဟား ဟားဖြင့် ရယ်ကာ ခရီးဆက်ခဲ့ကြသည်။ ကျနော်တို့ မင်္ဂလာဒုံရောက်တော့ စစ်သင်္ချိုင်းမှာ ခဏ၀င်ကာ ကြည့်ကြသေးသည်။ ကျနော့တသက်တကိုယ် ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ လှော်ကားဥယျာဉ်ရောက်တော့ မနက် ၁၀ နာရီခန့်။ ဆရာ့စီစဉ်မှု အရ ကျနော်တို့ ကားနှင့်မပတ်ပဲ ခြေလျင်သာ တောလမ်းခရီးကို သွားခဲ့ ကြသည်။ နည်းနည်းပင်ပမ်းသော်လည်း လူတွေတအုပ်ကြီးဖြင့် မိန်းကလေးတွေပါမကျန် အကုန် တူတူ သွားခဲ့ကြသည်က တကယ့်ကို အမှတ်တရပင် ဆရာပြောသလို ခြေလျင်လမ်းက ပိုပျော်ခဲ့ကြရသည်။ ကျနော်တို့တွေ ဇရပ်တခုကို အပိုင်စီးကာ စားသောက်ပီး။ Puzzle Game များဖြင့် ကစားကြသည်။ ညနေ ပိုင်းတွင် ငှက်ပြတိုက်ကို ၀င်ရောက်လေ့လာကာ အပြန်ခရီးစခဲ့ကြသည်။ အားလုံး ပျော်ပျော်ပါးပါး ပင် ခရီးစဉ် တခုပီးဆုံးခဲ့လေသည်။ နောက်ဆုံး ကားပေါ်တွင် ကျန်ခဲ့သည်က ကျနော်တို့ စီစဉ်သူ သုံးယောက် မထင်မှတ်ပဲ ရခဲ့သည့် အကြံတခုကြောင့် ထိုခရီးစဉ်မှတ်တမ်းလေးက ဓာတ်ပုံများကို CD ALBUM လေး လုပ်ကာ သင်တန်းသူသင်တန်းသား အားလုံးကို ကျနော်တို့ လက်ဆောင်ပေးခဲ့ကြသည်။ ဒါကတော့ ကျနော်တို့သုံးယောက်၏ အမှတ်တရလက်ဆောင်သက်သက်ပင် ဘယ်သူ့ကို မှလည်း မပြောခဲ့ပေ။ ကျနော်တို့ ကျေနပ်မိတာက ကျနော်တို့စီစဉ်သော ခရီးစဉ်တခု ဘာပြသနာမှ မရှိပဲ ချောချောမွေ့မွေ့ အစဉ်ပြေစွာ ပီးဆုံးခဲ့ခြင်းပေ။
ကျနော်လိုပဲ သူငယ်ချင်းအားလုံးလည်း ထိုခရီးစဉ်လေးကို တချိန်မဟုတ် တချိန်တော့ ပြန်သတိရမည် ထင်ပါသည်။ ဘ၀မှာ တွေ့ဆုံကြုံကွဲ ဆိုတာ အစဉ်အလာပေမဲ့ ဘ၀တကွေ့မှာ တွေ့ခဲ့ကြတဲ့ သူငယ်ချင်းတွေ ကိုတော့ တကယ်မမေ့နိုင်ပါဘူး။ ခုတော့လည်း တယောက်တနေရာ ကွဲနေကြပီလေ။ တချိန်ချိန်မှာ ပြန်ဆုံနိုင် မယ်လို့ မျှော်လင့်ရင်းနဲ့ ဒီပို့စ်လေးကို တင်မိတာပါ။ ထိုခရီးစဉ်မှ သူငယ်ချင်းတယောက်တလေက ဒီပိုစ့်လေးကို ဖတ်မိမယ်ဆို အရမ်းဝမ်းသာမိမှာပါ။ (S-363)
Labels: ကျနော့မှတ်စု
အရမ်းကြိုက်မိတဲ့ ဆရာကြီး ပဌမန၀ဒေးရဲ့ ကဗျာအမွေလေးတပုဒ်ပါ မျှဝေပေးလိုက်ပါတယ်.... လိုက်တော်မူပါ… လိုက်တော်မူပါ၊ ကြင်ဘွယ်သာတည့်၊ အာကာပျံကြွ ၊ ဝေပူမြကို၊ သိင်္ခနှစ်စု၊ ပေါင်း၍ထုသို့၊ ယုယုယယ၊
ငြိမ့်မြလေးပင်၊ မွတ်မွတ်စင်သည်၊ အပြင်နွဲ့ညွတ်၊ ဟင်သာနတ်၊ နန်းထွတ်အောင်စည်၊ နောင်တို့ပြည်ကား၊ သာသည်ဆန်းထူး၊ ကဲလွန်ကျူးမျှ၊ တန်ခူးသည်က၊ လျဥ့်လျဥ့်စ၍၊ သန်လဆောင်းလျှင်၊ မည်သည်တွင်မှ၊ သဘင်မပြတ်၊ နွေသိုပတ်ရှင့်၊ ရွှေဝတ်ရွှေဆင်း၊ ပြောင်ပြောင်ဝင်းသို့၊ နောင်မင်းသက်မျှ၊ နတ်ထက်လှသည်၊ ရောက်ကမြင်တော်မူလိမ့်မည်။ ကြိုက်သော်ယူကာ၊ နတ်ခြောက်ရွာသို့၊ လက်သာမှီလှမ်း၊ မကြိုးပမ်းတည့်၊ ကြင်ကျွမ်းထပ်ရစ်၊ မြခြည်နစ်သို့၊ ရှင်ချစ်ဝန်းရှင်၊ တောင်တခွင်လည်း၊ မြင်ထင်မြင်မိ၊ ထွန်းညိလျှံလင်း၊ ကြက်တင်းစကား၊ ကင်းဘုရားနှင့်၊ ၀ှန်ကြားပေါက်ပြ၊ ဌာဝီသလည်း၊ နှံ့မျှဝန်းလည်၊ ရောက်ခြောက်မည်နှင့်၊ မှောင်ခြည်မပတ်၊ ပြိုင်၍လွှတ်သို့၊ မိုးနတ်နှိုင်းလျော်၊ အလှကျော်သည်၊ လိုက်တော်မူပါ၊ လွမ်းရရှာနှင့်၊ အောင်ချာချက်မ၊ ရွှေခေတ္တကား၊ မာဃထွက်ထား၊ တံမျဉ်းသား၍၊ နဂါးစက်လည်၊ ၀ပြောစည်သည်၊ နတ်ပြည်ထင်တော်မူလိမ့်မည်။ လှိုက်ဆော်ကူလှာ၊ မိုးဒေ၀ါလည်း၊ ချိန်ခါထူးလည်၊ တန်ပြီးသည်ကို၊ ရိုက်မြည်ဆောင်ကျူး၊ ကြွေးကြော်မြူးက၊ မပူးဖော်ရှား၊ နောင့်ထူးသွားသော်၊ သနားဘွယ်သာ၊ မယ်မပါ၍၊ ရွှေကြာပျံ့မွှန်း၊ ရေမှာကျွန်းသို့၊ လွမ်းပန်းဆင့်ကုန်း၊ နေ့တိုင်းရုံးလျက်၊ တက်ပြုံးရေသား၊ ငါးငါးကြင်းဆန်၊ တောင်လေပြန်က၊ သင်္ကြန်အတာ၊ သို့သောခါဝယ်၊ သီတာယဉ်ရှင်၊ ထက်ဝန်းကျင်လည်း၊ ကေရှင်မြစည်း၊ စုလည်းရွှေညှောက်၊ မြိတ်ခေါက်မြိတ်လွတ်၊ ထုံးပတ်ရစ်ဆင်၊ ဆံကျင်ရောင်တောက်၊ ကျိုင်းသစ်အောက်ဝယ်၊ ကြဲမြှောက်စံကျင်း၊ ရေလုံးလင်းမျှ၊ န၀င်းမြစ်လုံး၊ ပိတ်လျက်ဖုံး၍၊ ပတ်ကုံးစံကျင်း၊ ရေလုံးလင်းမျှ၊ န၀င်းမြစ်လုံး၊ ပိတ်လျှက်ဖုံး၍၊ ပတ်ကုံးဦးစီး၊ တက်ပြိုင်ချီက၊ ပည်းညီပြိုင်းလှိုင်း၊ အဆိုင်းဆိုင်းသည်၊ နေ့တိုင်းရွှင်တော်မူလိမ့်မည်။
Labels: ကဗျာ
ဒါလေးကို ကိုစိုးထက် ဆီမှာ တွေ့လို့ စမ်းကြည့်တာပါ .. Social Blogger ပါတဲ့ ....
You Are a Social Blogger! |
Your blog is more of a semi-private affair for your friends. It's how you keep in touch... sharing stories, jokes, and pics. |
ဒီတခါအကြောင်းအရာလေးကတော့ အချစ်အကြောင်းပါတဲ့ အားလုံးကို တောင်းပန်ပါတယ် အလုပ်နဲ့ မအားလို့ Tag ထားတာကို ခုမှပဲ တင်နိုင်တယ်။
အချစ်အကြောင်းဆိုတော့ ကျနော် ကိုယ်တိုင်လဲ သိပ်မသိတာ အမှန်ပဲဗျာ။ လူတွေက အချစ်ကို အမျိုးမျိုး အဓိပ္ပါယ်ဖွင့်ဆိုကြတယ် အချစ်ကြောင့် ပျော်ရွှင်မှုကို ခံစားဖူးတဲ့သူတွေ ရှိသလို နာကျင်လွမ်းဆွေးမှု ဒဏ်ကို ခံစားဖူးတဲ့ သူတွေလဲ ရှိမှာပါ။ ဒါပေမဲ့ ကျနော်တို့ အားလုံးဟာ တချိန်ချိန်မှာ အချစ်နဲ့ ကြုံတွေ့ကြရမှာပါပဲ ဒါဟာ မလွဲနိုင်တဲ့ အမှန်တရားတခုပါ ကျနော်တို့ လူမမည်ဘ၀ကနေပီးတော့ မှီးကောင်ပေါက် ဖြစ်လာပီ ဆိုရင်ပဲ ဟိုကောင်မလေးလှတာတွေ့ရင် ဒီကောင်မလေးလှတာတွေ့ရင် ရင်ခုန်ချင်သလိုလို ဘာလိုလိုဖြစ် တတ်စမြဲပဲမဟုတ်လား ကောင်မလေးကပြန်ကြည့်မယ် စိတ်ဝင်စားတဲ့ အမူအရာလေး လုပ်ပြပီဆိုလည်း ရင်ထဲ ကုလားဘုရားပွဲလှည့်သလို အူးမြူးကြတာပဲလေ အဲ အဲဒီလိုအစဉ်ပြေပီဆိုရင် တဆင့်တက်ကြမယ် သမီးရည်းစားတွေ ဖြစ်မယ်ပေါ့ဗျာ အဲဒီအချိန်မှာ အချစ်ရဲ့ ပျော်ရွှင်မှုကို ခံစားကြမယ်။ အဲဒီအချိန်မှာတော့ အရာရာအားလုံးက လှပနေတာပေါ့။ အဲတချိန်မှာ အခန့်မသင့်လို ကွဲကြ ပြဲကြပီ တယောက်မျက်နှာတယောက် မကြည့်ချင်အောင် ဖြစ်ကြပီဆိုတဲ့ အချိန်မှာတော့ လောကကြီးက မလှပတော့ဘူးပေါ့ဗျာ။ ဒါကဆယ်ကျော် သက် မှီးကောင်ပေါက်တွေရဲ့ ခံစားမှုပါ။ ကျနော့် အမြင်တော့ အချစ်ဆိုတာ ကြီးတာ ငယ်တာနဲ့ သိပ်မဆိုင် လှပါဘူး။ အချစ်ကအရာရာကို ဖန်ဆင်းနိုင်တယ် အချစ်ကြောင့် နုပျိုလာရတယ် ဆိုတာ ကျနော်တို့ဝန်းကျင် မှာ ကြားနေကျ အသံတွေပါ ဟုတ်တယ်ဟုတ်။ ဒါပေမဲ့ ဒီနေရာမှာ ပြောစရာ တခုတော့ရှိတယ်ဗျ။ အချစ်ကို စားသုံးပုံခြင်းကျတော့ မတူတော့ပါဘူး။ တချို့က အချစ်ကို ရယူပိုင်ဆိုလိုမှုနဲ့ ချစ်ကြတယ်။ တချို့ ကြတော့ လည်း ပေးဆပ်မှုတဲ့။ ရယူ ပိုင်ဆိုင်မှုနဲ့ ချစ်တဲ့ အချစ်ကတော့ မအေးချမ်းလှဘူး ထင်တယ် အတ္တတော့ အနည်းငယ် ပါနေမှာ အသေအချာပါပဲ။ ဒါပေမဲ့ ကိုယ့်ချစ်တဲ့သူကို ရယူပိုင်ဆိုင်ချင်တာလဲ သဘာဝကျပါတယ်။ ပေးဆပ်ခြင်းနဲ့ ချစ်ရတာတော့ အအေးချမ်းဆုံးပါပဲ ကိုယ်ချစ်တဲ့သူ ကို ပျော်ရွှင်အောင် ထားမယ်။ သူလိုအပ် တာလေးတွေ ဖြည့်ဆည်းပေးမယ်။ ပြသနာတစုံတရာပေါ်ရင် ကိုယ်က ရှေ့ကနေ မားမားမတ်မတ် ရပ်ပီး ရင်ဆိုင်ဖြေရှင်းပေးမယ် အင်း သူမလိုအပ်တဲ့ အချိန်ကြတော့ အသာလေးရှောင်ပုန်းနေရုံပေါ့။ အို အများကြီးပါပဲ ပေးဆပ်မှုတွေက အဲဒါတွေကိုမှ ကိုယ်ချစ်တဲ့ ချစ်သူက နားလည်ပေးပီ သူ့ရဲ့ အချစ်ကို ပြန်လည် ပေးဆပ် လာမယ်ဆိုရင် ကဲ အဲဒီ ချစ်ခြင်းလေးဟာ ဘယ်တော့မှာ မပြိုကွဲ နိုင်တဲ့(ကျနော်ထင်တာနော်) ချစ်ခြင်းလေး တခု ဖြစ်မလာ နိုင်ဘူးလား။ ဘယ်လောက်ငြိမ်းချမ်းလိုက်မလဲ။
အင်း ဒီလောက်ပါပဲဗျာ သိပ်မရေးတတ်လို့ပါ။ ဆက် Tag ချင်တာကတော့ ညီမလေး ရတနာစိုး နဲ့ အမ မိုးချစ်သူ ပါ။
Labels: ရေးထားတာလေးတွေ
DREAMCATCHER
Dreamcatcher ဆိုတာ Ojibwa နိုင်ငံကနေစလာတဲ့ ယဉ်ကျေးမှုဖြစ်တယ်။ ၁၉၆၀ နဲ့ ၁၉၇၀ လောက်အတွင်းက အမေရိကနိုင်ငံမှာ တစ်ကမ္ဘာလုံးဆိုင်ရာအင်းဒီးယန်း လှုပ်ရှားမှုကြီး အပြီးမှာ အိမ်မက်ဖမ်းတဲ့ ပစ္စည်းလေးတွေရဲ့ ယဉ်ကျေးမှုဟာ တခြား အမေရိကန် ပြည်နယ်တွေကိုပျံ့ နှံ့သွားခဲ့တယ်။ အိပ်မက်ဖမ်း ပစ္စည်းလေးတွေဟာ အမေရိကန် လူနီလူမျိုးတွေ နေထိုင်တဲ့ပြည်နယ်ကြီးရဲ့ စည်းလုံးမှု သင်္ကေတ ဖြစ်တဲ့ အပြင် အဲဒီဒေသမှာနေထိုင်တဲ့ လူနီလူမျိုးတွေရဲ့ ပထမဆုံး ယဉ်ကျေးမှု အမှတ်အသား ဖြစ်တယ်လို့လဲသတ်မှတ်ခဲ့ကြပါတယ်။ သို.သော်လဲ အခြားပြည်နယ်က အမေရိကန်သားတွေကလူနီလူမျိုးတွေရဲ. အိမ်မက်ဖမ်း ပစ္စည်းတွေ ထင်ရှားလာတာနဲ့ အမျှဈေးကွက်တင်ပြီး ပေါပေါလောလော ရောင်းချခဲ့ကြတယ်။
ရိုးရာအားဖြင့် Ojibwa တွေဟာ အိပ်မက်ဖမ်းပစ္စည်းလေးတွေကိုကြွက်သားမျှင်များဖြင့် ပင့်ကူအိမ်ပုံ အ၀ိုင်း သို.မဟုတ် မျက်ရည်စက်ပုံစံဖြင့် မိုးမခသား ဖြင့်ဘောင်သွင်း တည်ဆောက်ထား ပါတယ်။ ရရှိလာတဲ့အိမ်မက်ဖမ်း ပစ္စည်းလေးကို မွေ့ယာ အပေါ်တွင် ချိတ်ဆွဲခြင်းဖြင့်အိပ်ပျော်နေသော ကလေးငယ်များကို အိမ်မက်ဆိုးများ ဘေးမှကာကွယ် ပေးသည်ဟုယုံကြည်ကြသည်။ မိုးမခသား နှင့် အကောင်များ၏ ကြွက်သားများမှ လုပ်သောအိမ်မက်ဖမ်း ပစ္စည်းများမှာ အစဉ်အမြဲ ခံနိုင်ရန်လုပ်ထားခြင်း မဟုတ်ပေ။ကလေးငယ် အသက်ကြီးလာသည် နှင့်အမျှ အိမ်မက်ဖမ်း ပစ္စည်းလေးဟာ ခြောက်သွေ.ပြီးပျက်စီးသွားမှာပါ။
Dreamcatcher လေးတွေဟာ လူတစ်ယောက်ရဲ့ အိမ်မက်တွေကို ရွေးထုတ်ပေးနိုင်တယ်လို့ Ojibwa လူမျိုးတွေက ယုံကြည်ကြပါတယ်။ Terri J. Andrews ရဲ့ Dreamcatcher များရဲ့ ဒဏ္ဍာရီ အရ ကောင်းသောအိမ်မက် များသာ အိမ်မက်ဖမ်းပစ္စည်းထဲမှထွက်နိုင်ပြီး အိမ်မက်ဆိုးများ ဟာအိမ်မက်ဖမ်းပစ္စည်းရဲ့ ပိုက်ကွန်အတွင်း ကျန်နေရစ်ပြီး နေမင်းကြီး ထွက်လာတာနဲ့ နေ့ရဲ့အလင်းရောင်ထဲမှာ အိမ်မက်ဆိုးများ ကပျောက်ကွယ်သွား ကြမှာ ဖြစ်တယ်။
Ojibwa ပြည်နယ်အပြင်ဘက်မှာ နာမည်ကြီးလာရခြင်းအားဖြင့် အိမ်မက်ဖမ်းပစ္စည်းလေးတွေက တစ်ကမ္ဘာလုံးမှာ ရှိတဲ့အမေရိကန်လူနီလူမျိုးတွေရဲ့ အပြင်ဘက်အထိတိုင်အောင် ပျံနှံလာပါတယ်။ အိမ်မက်ဖမ်းပစ္စည်းလေး တွေကို ယခုအခါဆိုရင် လူငယ်တွေကိုတိုင်ပြုလုပ်ပြသခြင်း၊ ရောင်းချများ ပြုလုပ်လာကြပါပြီ။ Philip Jenkins ရဲ့ အဆိုအရ ထိုသို့ ပြုလုပ်လာကြခြင်းကို ရိုးရာအရမ်းဆန်တဲ့ တချို့ လူနီလူမျိုးတွေက မလိုလားအပ်တဲ့ ယဉ်ကျေးမှုလုပ်ဆောင်ချက်လို့ ထင်ပါသတဲ့။
ဒီပို့စ်လေးထဲက DreamCatcher ဆိုတာလေးကို ကျနော် ဆယ်တန်းလောက်တည်းက ရုပ်ရှင်တကားမှာ မြင်ဖူးပီး လိုချင်ခဲ့တာပါ။ ပစ္စည်းအဆန်းလေးတွေ စုတတ်တဲ့ ကျနော့အတွက် ဒီပစ္စည်းလေးက ကျနော့အတွက် အရမ်းကို လိုချင်စေခဲ့တာပါ။ အဲဒီတုန်းကရန်ကုန်မှာ အရူးအမူးရှာခဲ့သေးတာပေါ့။ ဒါပေမဲ့ မတွေ့ပါဘူးဗျာ။ အပြင်ထွက်လာတော့လည်း ရောက်တဲ့နေရာမှာ တတ်နိုင်သလောက် ကြုံရင်ကြုံသလိုရှာပါတယ် ဒါပေမဲ့ခုထိ မတွေ့သေးပါဘူး။ ဒီအကြောင်းလေးဖတ်မိလို့ တင်မိခြင်းဖြစ်ပါတယ်။ ဖတ်ရတာက အင်္ဂလိပ်လို့ broken လောက်သာ တတ်တဲ့ ကျနောအတွက် ဖတ်လို့နားလည်ပေမဲ့ ဘာသာပြန်ဖို့ကျတော့ အဆင်မပြေဘူးလေ။ ဒီအကြောင်းအရာလေးဖြစ်မြောက်အောင် အပူကပ်လို့ ကူညီခဲ့တဲ့ သူငယ်ချင်း ရည်မွန်၊ ဇင်မာဦးနဲ့ ကိုစံရတို့ကို ကျေးဇူးအထူးတင်ကြောင်းပါလို့ ဒီနေရာကနေ ကျေးဇူးတင်ပါရစေ။
ဒီထက်များသိသေးတဲ့ လူတွေရှိသေးရင်လဲ မျှကြပါဦးလို့။
Labels: အထူးအဆန်းလေးတွေ
ပုံ ၁။ PsP (Play Station Portable – 2GB Price is aruond $ 400 )
ပုံ ၂။ iPod (iPod 60 gb – Price is around $ 400 )
ဒီနှစ်ခု က ကျနော် အရမ်း လိုချင်နေတဲ့ ပစ္စည်းလေးပေါ့ဗျာ နှစ်ခုလုံး ၀ယ်ဖို့ ကလည်း မတတ်နိုင် အဲဒီတော့ တခုကောင်း ရွေးဝယ်ဖို့ ကလည်း အမြဲတမ်း ကိုယ့်ဘာသာ ယုံကြည်အား နည်းလှတဲ့ ကျနော့် အတွက် ပြသနာ ခုပေါ့ အရင်ထဲက အကျင့်ရှိတယ်ဗျ သူငယ်ချင်းတွေနဲ့ shopping ထွက်လို့ အင်္ကျီလေး ဘာလေး ကြိုက်ရင် တာင် ဘာရွေးလို့ ရွေးရမှန်းမသိဘူး တခုခု ဆို ကိုယ့်ဘာသာ မဆုံးဖြတ်နိုင်ဘူးလေ အဲဒါကြောင့် ကျနော့်ရှိသမျှ အ၀တ်အစား တော်တော်များများက မေမေ ၀ယ်ပေးတာ ဖြစ်ရင်ဖြစ် မဟုတ်ရင် ဘော်ဒါ ရောင်းရင်းတွေ ၀ယ်ပေးတာချည့်ပဲ ကဲ ခုဒီတခါလည်း ဒီ ပစ္စည်းလေး နှစ်ခုကို အသည်းအသန် လိုချင်နေပြန်ပီ နှစ်ခုလုံး လိုချင်နေတယ် ခက်တာက ဘတ်ဂျက်ကလည်း မလောက်ဘူးလေ တခုကို ရွေးဖို့ကျတော့လည်း မဆုံးဖြတ်နိုင် အဲဒါနဲ့ အကြံကောင်းလေး တခုရမိတာ သူများအကူအညီ တောင်းမယ် ထုံးစံအတိုင်းပေါ့ Vote လုပ်လိုက်မယ်လေ အဲဒီတော့ ကျနော့်ကို ကိုယ်နှစ်သက်ရာလေး တခုတော့ ရွေးပေးကြပါလို့ ကျနော်က နှစ်ခုလုံးကြိုက်ပီးသား ဆိုတော့ ပြသနာမရှိဘူး များတဲ့ဟာလေးကို ၀ယ်လိုက်မှာ ..
ကဲ အရပ်ကူပါ လူဝိုင်းပါ တော့ ဖြစ်ပြန်ပီ ကူကြပါဦးနော် Please …
တဘက်ဘေးမှာ ကျနော် Vote အစီအစဉ်လေးလုပ်ထားပါတယ် Vote လုပ်သွားကြပါဦးနော် ။
ဒီပို့စ်လေးကတော့ ဘာရယ် မဟုတ်ပါဘူးဗျာ ပျော်လွန်းလို့ တင်မိတာ ဒါလဲ မှတ်တမ်း ပဲလေ ဒီနေ့ မနက် ကျနော် တို့ သင်္ဘောက ပြန်သွားတဲ့ အကိုတယောက် ပြန်လာပီလေ အဲဒါ အိမ်က အမေက ကျနော့ အတွက် ဆိုပီး လူကြုံပစ္စည်းတွေ ထည့်ပေးလိုက်လို့အူမြူးနေတာ ဒါဟာ ကျနော် သင်္ဘောပေါ် တက်လာပီး တနှစ်ခွဲ ရှိမှ ကျနော့ အတွက် အိမ်က လာတဲ့ ပထမဆုံး လူကြုံပါ ဒါကြောင့် ကျနော် ဒီလောက် အူမြူး ပျော်ရွှင် ရတာပါ အရင် ကတော့ အကြောင်း အမျိုးမျိုးကြောင့် အစဉ် မပြေတဲ့အတွက် မရခဲ့ ပါဘူး သူများတွေ လူကြုံပါပီဆို ကိုယ်က သွားတောင် ကြည့်စရာ မလိုဘူးလေ ကိုယ့်အတွက် မပါမှန်းသိလို့ ခုတော့ ကျနော့ အတွက် ပါလာပီလေ အရမ်း ပျော်တာပေါ့ ဒါကတော့ နားလည်ကြမှာပါ ကိုယ့်အတွက် ကိုယ့်အမေ က လုပ်ပေးလိုက်တဲ့ အမေ့လက်ရာ အမေ့ အငွေ့အသက်တွေက သားတယောက်အတွက် ဘယ်လောက် အင်အားဖြစ်စေ မလဲလို့။ စားစရာ တွေက ဆတ်သားခြောက်ဗျ ကျနော် သိပ်ကြိုက်တာ နောက် မရမ်းသီးကြော် ငါးပိကြော် သယ်လာတဲ့လူကိုတော့ အားနာပါရဲ့ ကျနော် တယောက် တည်းတင် ၃ ကီလိုကျော်မလား မသိဘူး။ ကဲ ဒီညတော့ ကျနော့ အတွက် နတ်သုဒ္ဓါနဲ့ မလဲ နိုင်တဲ့ ထမင်းတပွဲရပီပေါ့။ ကျေးဇူးပါ အမေ .. အဝေးက ရှိခိုး ကန်တော့လိုက်ပါတယ်။
Labels: ကျနော့မှတ်စု
ကြောက်စရာ သတ္တ၀ါများ
အလွမ်းအိမ် က ကျနော့်ကို Tag ပြန်ပီတဲ့ အကြောင်းအရာလေးက ကြောက်စရာ သတ္တ၀ါများ နဲ့လေ ...
ကြောက်စရာ သတ္တ၀ါဆိုကတည်းက ကျနော် ပြေးမြင်မိတာက အကောင်သေးသေး အမွေးလဲရှိမယ် မြင်လိုက်တာနဲ့ မသတီစရာ အကောင်တွေကို ပြေးမြင်မိပါတယ် အလွန့်အလွန် ကြောက်တဲ့ အကောင်တွေကတော့ ကြွက် (သင်းကတော့ ထိပ်ဆုံးခင်ဗျ) ပိုးဟပ် ဒီအတိုင်း နေလို့ ကတော့ သိပ်မကြောက် ပါဘူး အဲ သူများ ထပျံပီလားဆို အသေကြောက်တယ်ဗျ နောက် လင်းနို့ မိတ်ဆွေတို့လဲ ကြုံဖူးမှာပါ တခါတခါ လမ်းမှားပီးအိမ်ထဲ ပျံဝင်လာတတ်တယ်လေ ပီးရင် ပြန်ထွက်တဲ့ အပေါက်ကိုမမြင်ကြဘူး သင်းတို့ကအခန်းထဲ ၀ဲ နေရော အဲ့အခါ များဆို ကျနော် အတွက် နေစရာမရှိ ဖြစ်နေ တတ်တယ် အဲလိုအချိန် မျိုးဆို နီးရာ အခန်းတခန်းကို ပြေးဝင်ကာ ပုန်းနေတတ်တာပဲ။ ဖေဖေ မေမေ နဲ့ ညီနှစ်ကောင်အတွက် ဟာသကို ဖြစ်လို့ပေါ့ နောက်ဆုံး ဖေဖေက ကယ်မှသာ လွတ်မြောက်ရ တတ်တာ။ နောက်တကောင်က ပန်းတွေမှာ ပါတတ်တဲ့ ခူယားလေ သိတယ်ဟုတ်… ဖြစ်ပုံက ဒီလို ၇ တန်းကျောင်းသား လောက်တုန်းက ညီလတ်ရယ် ကျနော်ရယ် အမေဆီက မုန့်ဖိုး လိုချင်တော့ အမေ ဘုရားပန်းလဲရာမှာ ကူသလိုနဲ့ နှောင့်ယှက်တုန်းကပေါ့ ပန်းအရွက်လေးတွေ ၀ိုင်းသင်ပေးရင်း ဖတ်ကနဲဆို ကျနော့လက်ပေါ် ခူးယားတကောင်က ကျလာတယ် ကျနော်က ချက်ချင်း မသိပါဘူး တဖြည်းဖြည်း ယားလာမှ လက်ကို မကြည့်ပဲ ကုတ်လိုက်တာ ခူယားခင်မျာ ဗြိကနဲ နေအောင် ပြဲထွက်ပီး ဇီဝိန် ကျွေပါလေရော တက်တုန်းက မသိတော့ မကြောက်ဘူး လုပ်ပီးတော့ သေသွား တော့ကျနော့်မှာ ကြောက်လဲကြောက် ရွံလဲရွံပီး လက်ကို ဆေးနေတာ အထပ်ထပ်အခါခါပါပဲ မှတ်မှတ်ရရ အဲဒီနေ့ ညနေက ကျနော် ထမင်း စားလို့ကို မ၀င်တော့ပါဘူး နောက်ဆုံး အကြောက်ဆုံး တကောင်ကတော့ ကိုရွှေကြွက်ပါ သင်းကို မြင်ရင် ဘယ်လို ကြောက်မှန်းကို မသိတာပါ တွေ့တဲ့နေရာ ကနေ ထွက်ပြေးတာပဲ ဝေးရာကို အဲဒါလေးနဲ့ ပတ်သက်လို့ကလည်း အဖြစ်အပျက်လေး တခုရှိတယ်ဗျ .. တနေ့ ကျနော် ရယ် မေမေ ရယ် ညီနှစ်ကောင်ရယ် အိမ်ရှင်းကြမယ်ဆိုပီး ရှင်းကြတာ ကျနော်ကလည်း တော်ရုံတန်ရုံ အိမ်ကူတဲ့သူမဟုတ် အဲဒီနေ့ကတော့ တော်တော့ကို စိတ်ပါ လက်ပါနဲ့ကို ၀ိုင်းရှင်းပေးနေတာ စတိုခန်း လဲရှင်းရော ဗြုန်းဆို ကြွက်သိုက်ကြီး တွေ့ပါလေရော ဒီမှာတော့ ကျနော်ရယ် မေမေရယ်ညီအငယ်ဆုံးရယ်က စိတ်တူ ကိုယ်တူဗျ အကုန်လုံးကို အသည်းအသန်ကြောက်ပီး အိမ်ရှေ့ကို အော်ပီးတော့ကို ထွက်ပြေးကြတာ အဲလိုကောင်တွေကို မကြောက်တတ်တဲ့ ညီလတ် တကောင်ပဲ စတိုထဲ ကျန်ခဲ့တယ်လေ သူ့ကိုပဲ ရှင်းခိုင်း ရတာပေါ့ အဲဒါကို ညီလတ်က အဲလောက်ကြောက်ရလား ဆိုပီး ကျနော်တို့ သုံးယောက်ကို စပါလေရော ကြွက်ကလေးတွေကို ဂေါ်ပြားနဲ့ သယ် ကျနော်တို့နားကိုလာပီး ပစ်ချ ကျနော်တို့မှာဆို အလုအယက် ရှောင်လိုက်ကြရတာ မေမေလဲ သူ့ဘာသာကြောက်လို့ ရှောင်နေရတော့ ညီလတ်ကို ဆူလဲဆူ ရှောင်လဲရှောင်ပေါ့နော် အတော်တော့ ပွဲဆူသွားတယ်ဗျ နောက်ဆုံး ကျမှ ညီလတ်က သူစလို့ဝမှ အကောင်တွေကို အပြင် သွားလွှတ်တယ်လေ မေမေ ဆို သူ့ကို ဆူလိုက်တာ ပြောမနေနဲ့ ဘာပဲပြောပြော သားအမိတွေ အဲ့အကြောင်း ပြန်ပြောတိုင်း ကိုယ်စီ အသည်းအသန် ကြောက်ကြတာကို ပြန်တွေးပီး ရှက်လဲရှက် ရယ်လဲရယ်ရပေါ့ ....
ကဲ ကျနော် ကြောက်တဲ့အကောင်တွေက ကုန်လောက်ပီထင်တယ် ကျန်သေးရင်လဲ နောက်မှ ထပ်ထည့်တော့မယ် ....
အခုတော့ ဒီအကြောင်းအရာလေးကို သူငယ်ချင်း Peanut နဲ့ ညီလေး ညနေကြယ် ကို ထပ် Tag ချင်ပါတယ် ခင်ဗျာ ....
Labels: ရေးထားတာလေးတွေ
ကျနော် နဲ့ LIFE JACKET
ကျနော်ပျင်းပျင်းရှိတာနဲ့ ကျနော့်ရဲ့ Picture Folder လေးထဲက အမှတ်တရ ပုံလေးတွေ လျှောက်ကြည့်ရင်းနှင့်တနေရာ ရောက်တော့ ဒီ Life Jacket ပုံလေးကို တွေ့လိုက်ရတော့ ဘာရယ်မဟုတ် သင်္ဘောပေါ်ရောက်စ ၂လ ၃လ၀န်းကျင် က ကျနော့ရဲ့ ရယ်စရာ အဖြစ်အပျက်လေးတခုကို သွားသတိရသည် နှင့် ကျနော့ရဲ့ အွန်လိုင်း ဒိုင်ယာရီ လေးထဲ လာသိမ်းရန် စိတ်ကူးမိခြင်း ဖြစ်သည်။
ပြသနာက ကျနော်..ကျနော့တွင် အကျင့်တခုရှိသည် .. အဲလို အိပ်မောကျနေချိန် ကျနော့ကို တစ်စုံတစ်ယောက် ကအလန့်တကြား လာနှိုးလျှင် ကျနော့်မှာ ဘာဖြစ်လို့ဖြစ်မှန်းမသိသော အစီအစဉ်မကျသည့် ကယောင်ကတမ်း ဖြစ်တတ်သော အကျင့်ပင် ... ထိုနေ့ကလည်း သူလာနှိုးသောအခါ ကျနော်သည် အလန့်တကြားဖြင့် ကျနော် အိပ်သော၂ထပ်ခုတင် အပေါ်ထပ်မှ ၀ုန်းခနဲခုန်ဆင်းကာ Life Jacket ကိုဆွဲ အခန်းတံခါးဖွင့်ကာ အပြင်သို့ ပြေးထွက်ရွေ့ အပြင်ထွက်သည် လှေခါးပေါ်သို့ ပြေးတက်လေတော့သည်။ ထိုလှေခါး တ၀က်လောက်ရောက်မှ အသိစိတ် ပြန်ဝင်လာကာကိုယ့်ဘာသာ ဘာဖြစ်ရွေ့ဘာဖြစ်မှန်းမသိ ကျနော်ကို ၀ိုင်းကြည့်နေသောလူက လေးငါးခြောက်ယောက်ထက်မနည်း ကျနော် လဲ ငါတော့သေပီ ဟု တွေးကာ ကြည့်နေသော လူများကို မသိကျိုးကျွံပြုလျှက်ခပ်တည်တည်ဖြင့် (ဟန်ကိုယ့်ဖို့ အနေအထားဖြင့်) အခန်းထဲသို့ ပြန်ဝင်ခဲ့ရ လေသည် တော်သေးသည် လေးငါးခြောက်ယောက် ထက်မပိုရွေ့ အခန်းထဲရောက်တော့ ကျနော့်ကိုလာနှိုးသော သူငယ်ချင်းမှာ စာအိတ်လေး ကိုင်လျှက် မတ်တပ် ရှိသေးသည် သူလည်း ဘာဖြစ်လို့ဖြစ်မှန်း မသိလိုက် ထင်သည် သူသိမည်လည်းမထင် ကျနော်ကိုယ်တိုင်ပင် ဘာဖြစ်သွားမှန်းမသိ အဖြစ်အပျက်က မြန်ဆန်လွန်း လှသည် ... အခန်းထဲပြန်ရောက်သောအခါမှ ကျနော့ အကျင့်ကို ပြောပြတော့မှ နှစ်ယောက်သား ရယ်မော ကြရသည် …. ကျနော် ကံကောင်းသွားသည်က အပြင်မှာ ရှိနေသော လူများမှာ ကျနော်တို့ ကာစီနိုဘက်မှ လူများ မဟုတ်ပဲ Deck ဘက်မှ Crew များဖြစ်သောကြောင့် ကျနော်သက်သာရာ ရသွားခြင်းဖြစ်သည်။ ကာစီနိုဘက်မှ လူများသာဖြစ်ပါက တခုခုဆို နာမည်ပေးအလွန်တော်လှသော ကျနော်တို့ သင်္ဘောပေါ်မှ လူများနှင့်တော့ ကျနော် နာမည်တခု ကောင်းကောင်းရသွားနိုင်သည်လေ။
Labels: ကျနော့မှတ်စု
Things in My Bag
ဒီခေါင်းစဉ်နဲ့ Tag လုပ်မှပဲ ကျနော်လည်း ကျနော့် အိတ်လေးကို ပြန်ဖွင့်ကြည့်မိတော့တယ် ကျနော်အလုပ်လုပ်နေတာက သင်္ဘောပေါ်မှာ အဲဒီတော့ အိတ်လွယ်စရာမလိုဘူးလေ .. အလုပ်ကလည်း ကာစီနိုဆိုတော့ အိတ်လွယ်ဖို့မပြောနဲ့ အလုပ်ဝင်ရင် ရှိတဲ့ အိတ်လေးတွေတောင်ပိတ်ထားရတာ .. အဲဒီတော့ ကျနော်တို့သင်္ဘောသားတွေရဲ့ ထုံးစံအတိုင်း အရေးဟဲ့အကြောင်းဟဲ့ ဆို ယူပီး ပြေးဖို့အရေးကြီး ပစ္စည်း လေးတွေ ထည့်ထားတဲ့ ခေါင်းရင်းက အိတ်လေးကို သတိရတာနဲ့ ပြန်ဖွင့်ကြည့်လိုက်တော့ ......
- ကျနော် သင်္ဘောသား ဆက်လုပ်မယ် ကြံသရွေ့မရှိမဖြစ် ဆောင်ထားရမယ့် မှတ်တမ်းမှတ်ရာ တချို့ ။
- ကျနော် ရန်ကုန်မှာတုန်းက မိဘပိုက်ဆံဖြုန်းပီး ဝေလေလေတက်ခဲ့တဲ့ သင်တန်းတွေက ဟန်ပြ Certificate တချို့။
- ကျနော့် ရဲ့ မိသားစု ဓာတ်ပုံ တစ်ပုံ။ ( မရှိမဖြစ်ပါပဲ )
- အဟဲ .. ကျနော့် ၇ဲ့ အစဉ်မပြေမှုကြောင့် ပြတ်တောက်သွားခဲ့တဲ့ ရည်းစားဟောင်းရဲ့ စာတွေ။
- သင်္ဘောပေါ်ရောက်စကနေ ၄လလောက်အတွင်း ရန်ကုန်ကိုခေါ်ခဲ့တဲ့ ဖုန်းကဒ်ပေါင်းများစွာ။ (ဒါတွေက တချိန်မှာ အမှတ်တရလေ )
( ဆက် Tag ချင်တာကတော့ ကိုစိုးထက် ၊ Peanut ၊ ညနေကြယ် ပါ )
Labels: ရေးထားတာလေးတွေ