ဘယ်ဟာလေးရွေးရမလဲ



ပုံ ၁။ PsP (Play Station Portable – 2GB Price is aruond $ 400 )

ပုံ ၂။ iPod (iPod 60 gb – Price is around $ 400 )

ဒီနှစ်ခု က ကျနော် အရမ်း လိုချင်နေတဲ့ ပစ္စည်းလေးပေါ့ဗျာ နှစ်ခုလုံး ၀ယ်ဖို့ ကလည်း မတတ်နိုင် အဲဒီတော့ တခုကောင်း ရွေးဝယ်ဖို့ ကလည်း အမြဲတမ်း ကိုယ့်ဘာသာ ယုံကြည်အား နည်းလှတဲ့ ကျနော့် အတွက် ပြသနာ ခုပေါ့ အရင်ထဲက အကျင့်ရှိတယ်ဗျ သူငယ်ချင်းတွေနဲ့ shopping ထွက်လို့ အင်္ကျီလေး ဘာလေး ကြိုက်ရင် တာင် ဘာရွေးလို့ ရွေးရမှန်းမသိဘူး တခုခု ဆို ကိုယ့်ဘာသာ မဆုံးဖြတ်နိုင်ဘူးလေ အဲဒါကြောင့် ကျနော့်ရှိသမျှ အ၀တ်အစား တော်တော်များများက မေမေ ၀ယ်ပေးတာ ဖြစ်ရင်ဖြစ် မဟုတ်ရင် ဘော်ဒါ ရောင်းရင်းတွေ ၀ယ်ပေးတာချည့်ပဲ ကဲ ခုဒီတခါလည်း ဒီ ပစ္စည်းလေး နှစ်ခုကို အသည်းအသန် လိုချင်နေပြန်ပီ နှစ်ခုလုံး လိုချင်နေတယ် ခက်တာက ဘတ်ဂျက်ကလည်း မလောက်ဘူးလေ တခုကို ရွေးဖို့ကျတော့လည်း မဆုံးဖြတ်နိုင် အဲဒါနဲ့ အကြံကောင်းလေး တခုရမိတာ သူများအကူအညီ တောင်းမယ် ထုံးစံအတိုင်းပေါ့ Vote လုပ်လိုက်မယ်လေ အဲဒီတော့ ကျနော့်ကို ကိုယ်နှစ်သက်ရာလေး တခုတော့ ရွေးပေးကြပါလို့ ကျနော်က နှစ်ခုလုံးကြိုက်ပီးသား ဆိုတော့ ပြသနာမရှိဘူး များတဲ့ဟာလေးကို ၀ယ်လိုက်မှာ ..

ကဲ အရပ်ကူပါ လူဝိုင်းပါ တော့ ဖြစ်ပြန်ပီ ကူကြပါဦးနော် Please …

တဘက်ဘေးမှာ ကျနော် Vote အစီအစဉ်လေးလုပ်ထားပါတယ် Vote လုပ်သွားကြပါဦးနော် ။

0 Comments:

Post a Comment



Newer Post Older Post Home

Blogger Template by Blogcrowds.