တခါတုန်းက
ရိုးသားတဲ့ ချစ်သူ
အပြစ်မယူတတ်တဲ့ မင်းနှလုံးသားကို
ချီးကျူးလို့ ဂုဏ်တင်ချင်ပါတယ်.....
သိမ်မွေ့ခြင်းတွေနဲ့
ကြင်နာတတ်တဲ့ ချစ်သူ
ရှင်သန်ခဲ့တဲ့ သက်တမ်းမှာ
အမှတ်တရများစွာနဲ့
တဒင်္ဂသာယာ ချမ်းမြေ့ခဲ့ရပါတယ်.....
နွေးထွေးတဲ့ရင်ငွေ့တွေနဲ့
လုံခြုံမှုပေးခဲ့တဲ့ချစ်သူ....
ယုံကြည်ခဲ့ရတဲ့ အတိတ်နေ့တွေမှာ...
မင်းပေးခဲ့တဲ့ အချစ်ရိပ်တွေနဲ့
ထာဝရနားခိုရာ နေရာရခဲ့ပါပြီ....
အချိန်တွေကြာခဲ့လို့
ချစ်သူ့အရိပ်ဝေမှုန်သွားပေမဲ့....
ချစ်သူရဲ့ ရှင်းသန့်တဲ့နှလုံးသားကတော့
ငါ့အနားမှာ တစ်ရစ်ဝဲ၀ဲ
အစဉ်ရှင်သန်နေဦးမှာပါပဲကွယ်.....
Labels: ကဗျာ
အဲဒါနဲ့ ရေးထားတဲ့ ကဗျာလေးတပုဒ်ပဲ တင်လိုက်ရတယ်... စိတ်တိုင်းမကျဘူးဗျာ.. မြင်ကြတဲ့အတိုင်းပဲ .. ခေါင်းစဉ်ကြီးနေရာမှာ .. တခ?တုန်းက
ဖြစ်နေတယ် ... ဘာလို့ မြန်မာလိုအကုန်မပေါ်တာလဲဟင်... သင်ပေးကြပါဦးဗျာ ... Post အသစ် ထပ်မတင်ချင်ဘူးလေ.. ဒီစာလေးကို Post
ထပ်တင်ရင်လဲ ... အဲဒါကြောင့် comment မှာပဲ ကိုယ့်ဘာသာ ပြန်ရေးလိုက်တယ် .. သိတဲ့သူတွေ ကူပါဦးဗျာ မြန်မာလို အကုန်မြင်ရအောင် ....
ကျေးဇူးတင်လျှက် ....