အမ လုပ်တဲ့သူ မ၀ါက တက်ဂ်လာပြန်တော့ အဟင်း ရေးရဦးမှာပေါ့။ အို .. ဘယ်လို .. ဘယ့်နှယ် .. ခေါင်းစဉ်က ဖြစ်သလိုလေးပဲ စားလိုက်ပါတယ်တဲ့။ အဟဲ တွေ့ကြပီပေါ့ ... မိုးသောက်ယံတို့ လာလည်ပတ်တဲ့ လူအပေါင်း စိတ်ဆင်းရဲ ရလောက်အောင် ငိုပြရဦးတော့ မှာပေါ့ အဟင်း အဟင်း .. (ရင်းနှီးတဲ့သူတွေကတော့ ဒီလိုရီရင် ခပ်ဝေးဝေးက ရှောင်ကြတယ်ဗျ :D)

သင်္ဘောပေါ် နေတဲ့ လူကို ဒါမျိုး လာတဂ်တော့ ပြောပြ ရမှာ ပေါ့ဗျာ။ သင်္ဘောသား ဆိုရင် နဂိုတည်းက အစား အသောက်က မကောင်းတတ်တာ ကြားဖူးနားဝ ရှိဖူးကြမှာပါ။ ကျနော်ကိုယ်တိုင်လဲ သင်္ဘောပေါ် မရောက်ခင် တည်း က ဒီလို ကြားဖူးခဲ့ပါတယ်။ အမယ် ငါက ဂျေးများတဲ့ သူမှ မဟုတ်တာ ဖြစ်သလို စားတတ်တာပဲ။ ဘယ်လောက်များ ဆိုးမှာမို့လဲပေါ့။ တကယ့်တကယ် နဖူးတွေ့ ဒူးတွေ့ တွေ့တဲ့ အခါမှသာ အမေရေ လို့ ငိုမိတော့တာပါပဲ။ စတက်ခါစကတော့ အမယ်လေး ကောင်းလိုက်တဲ့ အစားအသောက်တွေပေါ့ လက်ရာသစ်ကိုး နောက်တလ လောက်နေတော့လည်း ဟင်င် ဒီဟင်းတွေပဲ ၁ နှစ်ကျော်လာတော့လည်း အလို ဒီဟင်းတွေပဲလား ခု ၂ နှစ်ကျော် သုံးနှစ်တည်းရောက်လာတော့ ကြည့်မနေပါနဲ့ကွာ မနေ့ကဟင်းပါပဲလို့ ညည်းယူရလောက် အောင် တော်တော့ကို အခြေအနေဆိုးတာပါ။ ဗမာ chef တွေရှိပါရဲ့ ဟင်းတွေကတော့ စားမကောင်း ...... (စေတနာမပါလို့ နေမယ်ထင်တာပဲနော့)။ တခြားလူမျိုးတွေအစာ စားကြည့်တော့လည်း အာမတွေ့လှ။ အမယ် သူတို့ဘာသာ ချက်စားတဲ့ ဟင်းဝိုင်းနဲ့ တိုးလို့ကတော့ ကံထူးတဲ့လူရယ်လို့ သတ်မှတ်ကြပါတယ်။ ဘာလို့တုန်း ဆိုတော့ ကောင်းလိုက်တာမှ တကယ့် ရွှေလက်ရာ တကယ့် အိမ်ဟင်းရယ်လို့ ပြောထွက်ရ လောက်အောင် လက်ရာကောင်းပါတယ်။ သဘောပေါက်လိုက်ပါတယ် အများချကျွေးတာ ဘာလို့ မကောင်းလဲ ဟင်လို့ မေးလိုက်ရင် ကိုယ့်ရှေ့က ဟင်းခွက်လေး ပျောက်သွားမှာစိုးလို့ မမေးရဲပါဘူး။

အဲဒိတော့ကာ ကျနော်တို့အတွက် စားချင်ရင် ဒီသင်္ဘောပေါ် တက်လာမဲ့သူကို မျှော်ရပါတယ်။ အဲ ရှိလာပီဟဲ့ ဆိုရင် အိမ်ကို ဖုန်းဆက် အမေရေ ဒါလေးတော့ လုပ်ပါဦး ဘာဦး နဲ့ မှာရတော့ တာပါပဲ။ အဲလို လူကြုံ ပါလာပီ ဆိုမှ ကိုယ့်ဆီကဟာ သူ့ဆီကဟာရယ်လို့ လဲလှယ်ပီး အလွမ်းဖြေရပါတယ်။ ပုံမှန် တက်မဲ့ လူမရှိလို့ကတော့ ထုံစံအတိုင်း Cafeteria သွားပီး ဘာဟင်းလေးများ ချမလဲရယ် .. ဒီနေ့တော့ ဟင်းကောင်းတန်ပါရဲ့ .. အင်း .. မနေ့ကတော့ မကောင်းဘူး ဒီနေ့သေချာတယ် ကောင်းရမယ်လို့ လောင်းကာရယ် .. သွားကြ နောက်တော့ ဟင်င်င် ဒါပဲဟ ဆိုကာ ရေနဲ့မျှော။ တခါတလေ ခေါက်ဆွဲဘူးတွေ ပါကင်လိုက် ၀ယ်ထားကာ မနက် ခေါက်ဆွဲ ညခေါက်ဆွဲနဲ့ ပီးခဲ့ရတဲ့ နေ့တွေဟာ ခုဆို လူက ခေါက်ဆွဲဖောတောင် ဖောနေရောပေါ့။ (ဘ၀က ဆိုးတယ် နော် အဟွင့် အဟွင့်)။

ကဲ ဖြစ်သလို စားရတယ်ဆိုတာ အဲလိုပါပဲဗျာ။ မ၀ါ တဂ်လို့ ရေးလိုက်ပါပီ။ ခု ရေးနေတာတောင် ခေါက်ဆွဲဘူး လေးနဲ့ဗျ။ :P နောက် ဆက်တဂ်ချင်တဲ့သူတွေကတော့ ပီးနတ်ငယ် နဲ့ ကောင်မလေး ပါပဲ ရေးပေးကြပါဦးလို့။

2 Comments:

  1. WWKM said...
    မောင်လေး က ခေါက်ဆွံဘူးလေး စားနိုင်တာ မဆိုး
    ပါဘူး။။ အမ ကတော့ ခေါက်ဆွဲဘူးတောင် ထမလုပ်အားလို့ ရှိတဲ့မုန့်အခြောက်တွေနဲ့ ရေနဲ့ လွေးရ
    တာပဲ.. အဟဲ..
    ကျေးဇူး မောင်လေးမိုးသောက်ယံ ရေ ။
    အဆင်ပြေပါစေ။
    မိုးသောက်ယံ said...
    အမယ် .. အမက ကျန်တဲ့အချိန်တွေ ဟိုတယ် တက်စား နေတာပါနော် တွေ့သားပဲ .. ဟွန်း .. ရှမ်းခေါက်ဆွဲ တော့ အလွမ်းသား အမရယ် .. :)

Post a Comment



Newer Post Older Post Home

Blogger Template by Blogcrowds.