ဆန္ဒ

ရောင်စုံခြယ်ထားတဲ့
ပန်းခင်းကြီးကို ငေးကြည့်ရင်း
ငါဟာ ဥယျာဉ်မှူး တယောက် ဖြစ်ချင်ခဲ့ဖူးတယ်။

ကမ္ဘာကျော်ပုဂ္ဂိုလ် တွေရဲ့
အောင်မြင် ကျော်ကြားမှုတွေကို ကြည့်ရင်း
ငါဟာ ကမ္ဘာကျော် တယောက်ဖြစ်ချင်ခဲ့ဖူးတယ်။

အကွေ့အကောက်များတဲ့
လောကကြီးကို ဖြတ်သန်းရတိုင်း
ဖြူစင်တဲ့ ကလေးငယ်တယောက်ရဲ့ ဘ၀မျိုး
ပြန်လည် ရချင်ခဲ့ဖူးတယ်။

ချစ်သူရဲ့ အပြုံးမျက်နှာကို
ခပ်ဝေးဝေးက ငေးကြည့်ရင်း ကျေနပ်ခဲ့ဖူးသလို
သူမမျက်နှာ မှိုင်နေချိန်မှာတော့
အပြုံးတွေ ပြန်လည်ထုဆစ်ပေးဖို့ ငါ့လက်တစုံကို
အသုံးတော်ခံ ချင်ခဲ့ဖူးတယ်။

ဒါတွေဟာ ...
တကယ်တော့ ... တကယ်တော့ ...
ငါရဲ့ စိတ္တဇဆန်ဆန် စိတ်ကူးယဉ်မှုတွေပါပဲ
ဒါတွေကို ဖယ်ပြီး ငါ့ဘ၀ရဲ့ ပုစ္ဆာတွေကို အဖြေထုတ်တော့
အသိဥာဏ်က မီးမောင်းထိုးပြလိုက်တယ်
မင်းဟာ စိတ်ကူးယဉ်သာ ဆန်တတ်တဲ့
အကြွင်းမရှိ အညံ့စားကောင် တဲ့ ။
ငါရယ်သံတွေ ခြောက်ကပ်နေမလား မသိ။


1 Comment:

  1. Anonymous said...
    ကဗျာလေး ကောင်းတယ်ဗျို့
    ဒီလိုပါပဲဗျာ
    လက်တွေ့တွေ ဖြစ်မလာခင်
    စိတ်ကူးကတော့ အရင် ယဉ် ရတာပါပဲ ..
    ယဉ်ပြီးရင်သာ ဖြစ်အောင် လုပ်ရမှာလေ
    သယ်ရင်းကြီး ဂွတ်တယ်ဟေ့ ချသာချ
    အားပေးတယ်

Post a Comment



Newer Post Older Post Home

Blogger Template by Blogcrowds.