၃၁ သြဂုတ်လ ၂၀၀၈ …

…………………………………………………………………………………………………………………

ဒိုင်ယာရီ စာအုပ်ထဲမှာ အဓိပ္ပါယ်မဲ့ လျှောက်ရေးခြစ် နေမိတယ်။ နောက်ဆုံး ရေးထား တဲ့ စာမျက်နှာကို ကြည့်မိတော့ လွန်ခဲ့တဲ့ သုံးလကျော်က ရေးထားတဲ့ အကြောင်း အရာကလည်း စိတ်ပျက်စရာမို့ အရသာခံပြီး မကြည့်နိုင်တော့။ တကယ်ဆို ရေးစရာတွေ ရှိနေတယ်။ ကိုယ့်ဘာသာ ၀န်ခံရမှာလား လိမ်ရမှာလား အတော် ခက်ခဲနေတယ်။ ဒီစာအုပ်လေး ထဲမှာ ငါလုပ်ခဲ့သမျှ ကောင်းတာ ဆိုးတာ ခါးသီးခဲ့တဲ့ နေ့ရက်တွေ ပျော်ရွှင်စရာ နေ့ရက်တွေကို ရေးချမိခဲ့တာပဲ။ အပြင်မှာ ဖောက်ခွဲထွက်ဖို့ မလွယ်ကူတဲ့ ငါ ဒီစာအုပ်လေးတွှေက ငါ့ရဲ့ ပေါက်ကွဲရာ နယ်မြေပါပဲ။

ဘုရားရေ .. ဘယ်လို အသိဥာဏ်မျိုးနဲ့ ငါ ကိုယ့်ကိုယ်ကို လိမ်ဖို့ ကြိုးစားမိပါသလဲ။ အတွေးတွေက ရှုပ်ရှက်ခက်ကာ စာအုပ်ပေါ် ကြည့်မိတော့ အဓိပ္ပါယ်မဲ့ ရေးခြစ်ထားတဲ့ အရာတွေ။ Damn It !! ခပ်ဝေးဝေး နေစမ်းပါကွာ။ ယောင်လို့ တောင် ငါ့ခေါင်းထဲ နောက်တကြိမ် မ၀င်လာပါနဲ့။

From This Moment On ...

(I do swear that I'll always be there. I'd give anything
and everything and I will always care. Through weakness
and strength, happiness and sorrow, for better, for worse,
I will love you with every beat of my heart.)

From this moment life has begun
From this moment you are the one
Right beside you is where I belong
From this moment on

From this moment I have been blessed
I live only for your happiness
And for your love I'd give my last breath
From this moment on

I give my hand to you with all my heart
Can't wait to live my life with you, can't wait to start
You and I will never be apart
My dreams came true because of you

From this moment as long as I live
I will love you, I promise you this
There is nothing I wouldn't give
From this moment on

You're the reason I believe in love
And you're the answer to my prayers from up above
All we need is just the two of us
My dreams came true because of you

From this moment as long as I live
I will love you, I promise you this
There is nothing I wouldn't give
From this moment
I will love you as long as I live
From this moment on

Shania Twain ရဲ့ From this moment on ပါ အားလုံး နားထောင်ဖူး ကြမယ် ထင်ပါတယ်။ ဘာကြောင့်မှန်း မသိဘူး (အဟဲ ဒီတလော ဘာကြောင့်မှန်း မသိတာတွေ များနေတယ်) တော်တော်ကြိုက်နေမိတယ် မနက်နိုးရင်၊ ညအိပ်ယာ ၀င်ရင် နားမထောင်ပဲ မနေနိုင်ဘူး။ စိတ်ထင် ရက် ၂၀ ကျော်ပီ။ သေချာတော့ မမှတ်မိဘူး။ ပထမ Shania Twain တယောက်တည်း ဆိုထားတဲ့ ဗားရှင်းကို သိပ်သဘောမကျဘူး။ နောက်ပိုင်း BSB နဲ့ Duet ဗားရှင်းမှာ တော်တော် ကြိုက်သွားတာ။ ကျနော့အတွက် အရမ်း အဓိပ္ပါယ်ရှိနေတယ်။ လတ်တလော အကြိုက်ဆုံး သီချင်းပါ။

ဒီနေရာ မှာ ဒေါင်းနိုင်ပါတယ်

အိပ်မရသော ညတစ်ည

မနေ့ညက ကျနော် အိပ်ယာပေါ်ရောက်လို့ အိပ်မယ်လုပ်ပီးမှ ကျနော် မသုံးတာ ကြာပီ ဖြစ်တဲ့ ကျနော့် MP3 အဟောင်းလေးကို သတိရတာနဲ့ ကျနော် ပြန်ရှာချင်စိတ် ပေါ်လာခဲ့တယ်။ အချိန်ကြည့်တော့ ၂ နာရီ ကျော်နေပီ ဒါပေမဲ့ ကျနော်ကလည်း လုပ်မယ်ဆိုရင် ချက်ချင်း လုပ်ရမှ ကျေနပ်တဲ့ကောင်။ အဲဒါနဲ့ ကျနော့ ပစ္စည်းတွေ သိမ်းထားတဲ့ အံဆွဲလေးကို ဖွင့်ရှာဖြစ်ပါတယ်။ ဒီအံဆွဲကို မဖွင့်ခဲ့တာ တော်တော်ကြာခဲ့ပါပီ။ အထဲမှာ ကျနော် သင်္ဘောပေါ် ရောက်ပီးမှ ၀ယ်ဖြစ်တဲ့ စာအုပ်တွေ၊ သူငယ်ချင်းတွေ ပို့ပေးတဲ့ စာတွေ၊ မွေးနေ့ လက်ဆောင်တွေ၊ ရန်ကုန်က ကျနော်ယူလာတဲ့ အမှတ်တရ ပစ္စည်းတချို့နဲ့ ကျနော့ပိုင် ဒိုင်ယာရီ စာအုပ်တွေပါ။ MP3 ရှာတဲ့ဆီကို မရောက်တော့ပဲ မျက်လုံးက သွားမြင်တာက ကျောင်းသားဘ၀က မှတ်စု စာအုပ် ၂ အုပ်ကိုပါ။

မတွေးချင်ပေမဲ့ စိတ်က အတိတ်ကို ပြန်ရောက်သွားတယ်။ အဲဒီစာအုပ်လေး ၂ အုပ်ကို ယူပီး ကျနော် အိပ်ယာပေါ် ပြန်တက်ကာ အတိတ်ကို ပြန်ပုံဖော်နေမိတယ်။ တအုပ်က တအုပ်လုံး သူ့လက်ရေး နဲ့ ကူးပေးထားတဲ့ ဆယ်တန်း တုန်းက မြန်မာစာ မှတ်စုစာအုပ်။ နောက်တအုပ်က သူနဲ့ ကျနော် စကားများ ရန်ဖြစ်ကြလို့ တယောက်နဲ့ တယောက် စကားမပြောကြတဲ့ အခါ စာတိုလေးတွေ ရေးပီး ပြောတဲ့ စာအုပ်။ အထဲက စာလေးတွေ ဖတ်ပီး ကျနော်ပြုံးမိတယ်။

ကျနော်တို့ ဆယ်တန်းတွေပီးလို့ ကျောင်းတွေ ပိတ်တဲ့အချိန် နေ့ဆို သင်တန်းတွေ တူတူတက် ညဆို တညလုံး ဖုန်းခိုးပြောနဲ့ အဆက်သွယ် မပြတ်ကြပါဘူး။ ကျနော်တို့ ချစ်သူဖြစ်တဲ့ ၂ နှစ်ပြည့် အထိမ်းအမှတ်နေနဲ့ ကျနော် သူ့အတွက် သူ လုံးဝမထင်ထားတဲ့ ကြိုးကြာ အကောင် တထောင့်ငါးရာ တိတိကို ကိုယ်တိုင် ခေါက်ပေးခဲ့ပါတယ်။ အဲဒီရောင်စုံ ကြိုးကြာလေးတွေရဖို့ ကျနော် ၁လခွဲလောက် နေ့နေ့ညည ခေါက်ခဲ့ရတာပါ။ သယ်ရင်းတွေနဲ့ သွားလည်း ဒီအကောင်လေးတွေ ပါတယ်။ ဆိုင်ထိုင်လည်း ဒီကောင်တွေ ပါတယ်။ အမေကတော့ ငါ့သားတော့ မဟုတ်ဘူးတဲ့။ ညာရတာပေါ့ ငရဲတော့ ကြီးပါရဲ့ မေမေကတော့ သိတယ်ထင်ပါ့။ ဘာမှမပြော ရှာပါဘူး။ အဲခက်တာက နောက်ဆုံး အကောင့် ထောင့်ငါးရာလည်း ပြည့်ပီ။ ပေးရမဲ့ ရက်ကလည်း ကပ်တော့မှ ထည့်စရာ ပုလင်းက ရှာမရ။ ပုလင်းလေးတွေနဲ့ ခွဲထည့်ရင် သေရချည်ရဲ့။ ဆယ်ပုလင်းလောက်မှ ရမယ်။ အဲဒါနဲ့ နောက်ဆုံး ကြံမရတဲ့ အဆုံး ဒီကြိုးကြာလေးတွေ ခေါက်ဖို့ စက္ကူလေးတွေ ထုတ်တဲ့ အမဆီကို ဖုန်းဆက်သွယ်ပီး မေးတဲ့အခါမှ သူက အော်ဒါမှာပေးမယ် ပြောပါတယ်။ ရှက်တော့ အရှက်သား။ မစန္ဒာရဲ့ ကျေးဇူးနဲ့ ထောင့်ငါးရာလုံးကို တပုလင်းတည်း ထည့်နိုင်တဲ့ ပုလင်းလှလှလေး ရခဲ့ပါတယ်။ သူ့ကို ပေးခဲ့တဲ့ နေ့မှာ အံ့သြ၀မ်းသာသွားတဲ့ သူ့မျက်နှာကို ကျနော် မေ့မရပါဘူး။

နောက်ဆုံးတော့လည်း ကျနော်တို့ အကြောင်းကြောင်း ကြောင့် အဆင်မပြေပဲ သုံးနှစ်အပီးမှာ လမ်းခွဲခဲ့ကြပါတယ်။ လမ်းခွဲကြတယ် ဆိုပေမဲ့ တယောက်နဲ့ တယောက်မုန်းလို့ မဟုတ်ပဲ သဘောထားခြင်း မတိုက်ဆိုင်တာတွေ များလွန်းတာကြောင့် လမ်းခွဲ ခဲ့ကြတာဖြစ်ပါတယ်။ ခုချိန်ထိ တယောက်အကူညီလိုရင် တယောက်က ကူညီဆဲပါ။

ဘာရယ်မဟုတ်ပါဘူး စပ်ဆော့ပီး MP3 ရှာရာက ဇာတ်လမ်းအဟောင်း ပေါ်ပီး တော်တော် ညနက်တဲ့ အထိ မအိပ် ဖြစ်တော့ပါဘူး။

အိမ်ပြန်ချိန်

ဟုတ်တယ် ကျနော့် အိမ်ပြန်ချိန်ဟာ နီးကပ်လာပီ။ ကျနော် ဒီဇင်ဘာပြန်မယ်ဗျာ။ ကျနော့ HOD ကို ပြောပီးပေမဲ့ အတည်တော့ မပြုရသေးပါဘူး။ အနီးကပ်မှ confirm ထပ်လုပ်ရမှာပဲ။ အင်း ဘာလိုလိုနဲ့ လာမဲ့ ဒီဇင်ဘာဆို ကျနော် အိမ်ကို ခွဲခွာ ခဲ့တာ ၂ နှစ်နဲ့ ၇ လ တင်းတင်းပြည့်ပီပေါ့။ ကျနော် ခုတည်းက ရင်ခုန်နေမိတယ်ဗျာ။ ကျနော်ပြန်သွားတဲ့ အချိန် ကျနော့ မိသားစုက ဘယ်လိုပုံစံနဲ့ ကြိုမှာပါလိမ့်လို့။ အရင်လို နွေးထွေးဆဲပဲလား စိမ်းသွားမှာလား။ ကျနော် လျှောက်တွေး နေတာပါ ကျနော့် မေမေနဲ့ ညီလေး ၂ယောက်ကတော့ ကျနော့ကို နွေးထွေးစွာ ကြိုမယ်ဆိုတာ မြေကြီး လက်ခတ် မလွဲပါဘူး။ ကျနော် သူတို့ကို အရမ်းမြင်ချင်တယ်ဗျာ။ ဒီ ၃နှစ် နီးပါး အချိန်မှာ ကျနော်သူတို့ ဓာတ်ပုံကိုတောင် တောင်းမကြည့်ခဲ့ပါဘူး။ ဘယ်လောက်ကြီး ပြောင်းလဲသွားလဲဆိုတာ မြင်ပီး အံ့သြချင်လို့ပါ။ သူတို့ကို တောင်းမကြည့် သလို ကျနော့ ပုံကိုလည်း မပို့ပေးခဲ့ပါဘူး။ ကျနော်က ဒါမျိုးလုပ်ရတာ သိပ်ဝါသနာပါသကိုး။

မေမေ အရင်ထက် အိုစာ သွားလား ညီလတ် ဘယ်လိုပုံဖြစ်နေပီလဲ ညီအငယ်ဆုံးလေး အရပ်ဘယ်လောက် ရှိနေပီလဲ ကျနော် အရမ်း သိချင် ပါတယ်။ အငယ်ဆုံးလေးက ကျနော်ထွက်လာတုန်းက တကယ့်ချာတိတ်ပါ။ ခုတော့ ဒီကောင် ဆယ်တန်း ရောက်နေပီလေ။ အဟတ် သိပ်ရှက်တတ်တဲ့ကောင် ကျနော့် အချစ်ဆုံးပါပဲ။ အင်း ဒုတိယကတော့ သူငယ်ချင်းတွေ ဒီကောင်တွေကိုလည်း ကျနော်သိပ်သတိရတယ် ကောင်းတူဆိုးဖက် ဟိုး ငယ်ငယ်တည်းက လည်ပင်းဖက်ပေါင်းလာကြတာ ခုချိန်ထိ ဘယ်လောက် ချစ်ကြလဲဆိုတာ စဉ်းစားကြည့်ကြဗျာ။ ဒီကောင်တွေလည်း ညီအကိုတွေပါပဲ။ ကျနော်က ထွက်လာပေမဲ့ ကျနော့အိမ်ကို အ၀င်အထွက်မပြတ် မေမေ့ ကို လိုတာကူညီ ပေးနေတုန်း။ ဒီကောင်တွေကိုလည်း တွေ့ချင်မိပါရဲ့။ ခု ဒီစာရေး နေရင်းနဲ့တောင် တော်တော်ပျော်လာတယ်။ ကဲ ကျနော့်အတွက် အိမ်ပြန်ချိန် countdown ကတော့ စပီဗျာ။

ပျော်တယ်ဗျာ

ပျော်တယ်ဗျာ .. ဘယ်လိုဖြစ်လို့ ဒီနေ့ ဒီလောက် နှစ်နှစ်ခြိုက်ခြိုက် ပျော်နေလဲ ဆိုတာ ကိုယ့်ဟာကိုယ် တောင် မစဉ်းစား တတ်တော့ဘူး။ မနက်နိုးတည်းက စိတ်က တော်တော့ကို လန်းလန်းဆန်းဆန်း ရှိနေတာ အရင်နေ့ တွေကနဲ့ မတူဘူး။ ချတ်ရွမ်းထဲမှာလည်း စကားတွေ အရမ်းပြောနေမိတယ်။ အလုပ်ဝင်တော့လည်း လေလေး တချွန်ချွန် သီချင်းလေး တအေးအေးနဲ့ စက်တွေ သေချာ ရှင်းလင်းနေမိတယ်။ အလုပ်ဖော် သယ်ရင်းတွေကတောင် ဘာတွေ အူမြူးနေလဲတဲ့ အရင်နေ့တွေကနဲ့ မတူပါလားတဲ့။ ဟုတ်တယ် ကျနော် အလုပ်ထဲ ရောက်သွားရင် နေရင်းထိုင်ရင်း သတိဆွဲမိသလို တည်သွားတတ်တယ်။ ခုတော့ တအားကြီးကို ပေါ့ပါးနေတာ။ ဒီနေ့ကျမှ သင်္ဘော ကျောက်ဆူးက တင်မရဘူးလေ။ တင်မရတော့ သင်္ဘောက ထွက်မရ သင်္ဘောထွက်မရတော့ ကာစီနိုက ဖွင့်လို့မရ။ အားလုံး စကားပြော အာရိုက်နေကြတာပေါ့။ ဘရိတ်ခ်ချိန်လေး ထွက်လိုက် အလုပ်ထဲပြန်လာ အာရိုက်လိုက်နဲ့ တော်တော့ကို အဆင်ပြေနေတယ်။ လူကြီးတွေကတော့ ခေါင်းကိုက်နေကြတာပေါ့။ ခရီးသည်တွေကလည်း ကွန်ပလိန်း တက်ချင်နေကြပီ။ သင်္ဘောက ပုံမှန် ထွက်သင့်တဲ့ အချိန်ထက် ၃ နာရီကျော် နောက်ကျပီးမှ ထွက်တယ်။ အဲ့အချိန်မှ ကာစီနိုဖွင့်တော့ ကိုယ့်အလုပ်ချိန်က လေးနာရီ လောက်ပဲ ကျန်တော့တာပေါ့။ ဒီနေ့ ဖွင့်တဲ့အချိန် နောက်ကျပါတယ်ဆိုမှ ကျနော်က ဒီနေ့ Early Off ရတယ် ပိတ်ချိန်မရောက်မှီ စောပြန်လာရတာပေါ့။ ပျော်တယ်ဗျာ ဒီလို စိတ်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက် ပျော်တာကို မခံစားရတာ ကြာပီ။ ဘာကြောင့်ပဲ ဖြစ်ဖြစ် ကျနော် ပျော်တယ်။

Newer Posts Older Posts Home

Blogger Template by Blogcrowds.